တရုတ်ဘက်က သတိပေးမှုများရှိနေတဲ့ကြားမှ အမေရိကန်တပ်ဖွဲ့တွေကို စစ်အခြေစိုက်စခန်း တည်ဆောက်ခွင့်ပေးခြင်းနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတ ကာကွယ်ပြောဆို

 598

ဂျန်ဇက် (NP News) - မတ် ၂၂

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဟာ နိုင်ငံအတွင်း အမေရိကန်စစ်အခြေစိုက်စခန်းများ တည်ဆောက်ခွင့်ပေးဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကာကွယ်ပြောဆိုလိုက်ပြီး အမေရိကန်စစ်အခြေစိုက်စခန်းများ တည်ဆောက်ခွင့် ပေးခြင်းဟာ နိုင်ငံပိုင်နက်များ ကာကွယ်ဖို့အတွက် အဓိက အရေးပါကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံအတွင်း အမေရိကန်စစ်အခြေစိုက်စခန်းများ ထပ်မံတည်ဆောက်ဖို့ အစီအစဉ်များနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက သတိပေးမှုများရှိနေချိန်မှာ ဖိလစ်ပိုင်သမ္မတက အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပိုင်နဲ့ အမေရိကန်နိုင်ငံကြား ချုပ်ဆိုထားတဲ့ ကာကွယ်ရေးစာချုပ်နဲ့ မဟာမိတ်စာချုပ်များအရ အမေရိကန် တပ်ဖွဲ့တွေကို ဖိလစ်ပိုင်နိုင်ငံအတွင်း တပ်စွဲနိုင်ဖို့ အမေရိကန်စစ်အခြေစိုက်စခန်း လေးခု ထပ်မံတည်ဆောက်ခွင့် ပေးမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ ဖိလစ်ပိုင်အစိုးရက ကြေညာခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတဟာ မကြာမီမှာ အမေရိကန်တပ်ဖွဲ့များအတွက် အသစ်ထပ်မံတည်ဆောက်ခွင့်ပေးမယ့် စစ်အခြေ စိုက်စခန်း လေးခုရဲ့နေရာအသစ်တွေကို ကြေညာသွားဖွယ်ရှိနေကြောင်း သိရပါတယ်။ အမေရိကန်တပ်ဖွဲ့များ အတွက် စစ်အခြေစိုက်စခန်းအသစ်များဟာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ တည်ဆောက်ခွင့် ပေးဖွယ်ရှိနေကြောင်း သိရပါတယ်။ တရုတ်နိုင်ငံ တောင်ပိုင်း၊ ထိုင်ဝမ်တို့ နဲ့ ပိုမိုနီးကပ်တဲ့နေရာတွေမှာ တည်ဆောက်ခွင့် ပေးဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံကို ရင်ဆိုင်နိုင်အောင် အင်ဒို-ပစိဖိတ်ဒေသအတွင်းရှိ မဟာမိတ်နိုင်ငံများနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင်တည်ဆောက်ပြီး စစ်အခြေ စိုက်စခန်းများတည်ဆောက်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ကာလအတန်ကြာ အငြင်းပွားမှုများ ရှိနေချိန်မှာ ၎င်းရဲ့ပိုင်နက်များကို ကာကွယ်ဖို့ အမေရိကန်တပ်ဖွဲ့တွေကို ဖိလစ်ပိုင်နိုင်ငံအတွင်း ထပ်မံတပ်စွဲခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
တ႐ုတ္ဘက္က သတိေပးမႈမ်ားရွိေနတဲ့ၾကားမွ အေမရိကန္တပ္ဖြဲ႕ေတြကို စစ္အေျခစိုက္စခန္း တည္ေဆာက္ခြင့္ေပးျခင္းနဲ႔ပတ္သက္ၿပီး ဖိလစ္ပိုင္သမၼတ ကာကြယ္ေျပာဆို
ဂ်န္ဇက္ (NP News) - မတ္ ၂၂

ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကိုစ့္ဟာ ႏိုင္ငံအတြင္း အေမရိကန္စစ္အေျခစိုက္စခန္းမ်ား တည္ေဆာက္ခြင့္ေပးဖို႔ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ကာကြယ္ေျပာဆိုလိုက္ၿပီး အေမရိကန္စစ္အေျခစိုက္စခန္းမ်ား တည္ေဆာက္ခြင့္ ေပးျခင္းဟာ ႏိုင္ငံပိုင္နက္မ်ား ကာကြယ္ဖို႔အတြက္ အဓိက အေရးပါေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံအတြင္း အေမရိကန္စစ္အေျခစိုက္စခန္းမ်ား ထပ္မံတည္ေဆာက္ဖို႔ အစီအစဥ္မ်ားနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံက သတိေပးမႈမ်ားရွိေနခ်ိန္မွာ ဖိလစ္ပိုင္သမၼတက အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

ဖိလစ္ပိုင္နဲ႔ အေမရိကန္ႏိုင္ငံၾကား ခ်ဳပ္ဆိုထားတဲ့ ကာကြယ္ေရးစာခ်ဳပ္နဲ႔ မဟာမိတ္စာခ်ဳပ္မ်ားအရ အေမရိကန္ တပ္ဖြဲ႕ေတြကို ဖိလစ္ပိုင္ႏိုင္ငံအတြင္း တပ္စြဲႏိုင္ဖို႔ အေမရိကန္စစ္အေျခစိုက္စခန္း ေလးခု ထပ္မံတည္ေဆာက္ခြင့္ ေပးမွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလမွာ ဖိလစ္ပိုင္အစိုးရက ေၾကညာခဲ့ပါတယ္။

ဖိလစ္ပိုင္သမၼတဟာ မၾကာမီမွာ အေမရိကန္တပ္ဖြဲ႕မ်ားအတြက္ အသစ္ထပ္မံတည္ေဆာက္ခြင့္ေပးမယ့္ စစ္အေျခ စိုက္စခန္း ေလးခုရဲ႕ေနရာအသစ္ေတြကို ေၾကညာသြားဖြယ္ရွိေနေၾကာင္း သိရပါတယ္။ အေမရိကန္တပ္ဖြဲ႕မ်ား အတြက္ စစ္အေျခစိုက္စခန္းအသစ္မ်ားဟာ ဖိလစ္ပိုင္ႏိုင္ငံေျမာက္ပိုင္းမွာ တည္ေဆာက္ခြင့္ ေပးဖြယ္ရွိေနေၾကာင္း သိရပါတယ္။ တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္း၊ ထိုင္ဝမ္တို႔ နဲ႔ ပိုမိုနီးကပ္တဲ့ေနရာေတြမွာ တည္ေဆာက္ခြင့္ ေပးဖြယ္ရွိေနေၾကာင္း သတင္းမ်ား ထြက္ေပၚေနပါတယ္။ အေမရိကန္အစိုးရဟာ တ႐ုတ္ႏိုင္ငံကို ရင္ဆိုင္ႏိုင္ေအာင္ အင္ဒို-ပစိဖိတ္ေဒသအတြင္းရွိ မဟာမိတ္ႏိုင္ငံမ်ားနဲ႔ ဆက္ဆံေရး ပိုမိုေကာင္းမြန္ေအာင္တည္ေဆာက္ၿပီး စစ္အေျခ စိုက္စခန္းမ်ားတည္ေဆာက္ဖို႔ စီစဥ္ေနေၾကာင္း သိရပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံဟာ ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံနဲ႔ ကာလအတန္ၾကာ အျငင္းပြားမႈမ်ား ရွိေနခ်ိန္မွာ ၎ရဲ႕ပိုင္နက္မ်ားကို ကာကြယ္ဖို႔ အေမရိကန္တပ္ဖြဲ႕ေတြကို ဖိလစ္ပိုင္ႏိုင္ငံအတြင္း ထပ္မံတပ္စြဲခြင့္ ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.