ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများကို တားဆီးရန် ဇူကာဘတ် နှင့် Meta ကုမ္ပဏီတို့ ပျက်ကွက်ခဲ့

552

Pika (NP News) - မတ် ၂၂
ကမ္ဘာကျော်လူမှုကွန်ရက် Facebook တည်ထောင်သူ ဇူကာဘတ် အပါအဝင် Meta Platforms ၏ အခြားသော အမှုဆောင်အရာရှိချုပ်များ နှင့် ဒါရိုက်တာများသည် Facebook ၊ အင်စတာဂရမ်တို့တွင် လိင်ပိုင်းဆိုင်ရာကုန်ကူးမှု နှင့် ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခဲ့သည့်အတွက် တရားစွဲဆို ခံခဲ့ရကြောင်း သိရသည်။
Meta ကုမ္ပဏီ၏ ခေါင်းဆောင်ပိုင်းနှင့် ဘုတ်အဖွဲ့သည် ရာဇဝတ်မှုဆိုင်ရာအထောက်အထားများကို မျက်ကွယ်ပြု ထားခဲ့ကြောင်း စွပ်စွဲဝေဖန်မှုများလည်း ရှိနေသည်။ အဆိုပါ တိုင်ကြားချက်တွင် "ဘုတ်အဖွဲ့ဟာ လိင်ကုန်ကူးမှု၊ ကလေးသူငယ်လိင်အမြတ်ထုတ်မှုတို့ကို ကာကွယ်ရန် ပျက်ကွက်ခဲ့ပါတယ်။ ဒီပြဿနာကို အမြစ်ပြတ်အောင် ဖြေရှင်းဖို့ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကိုလည်း ရှင်းပြဖို့ ပျက်ကွက်ခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။
Delaware Chancery တရားရုံးတွင် တင်သွင်းခဲ့သည့် တရားစွဲမှုအတွက် အခြေခံအချက်အလက်များကို Meta ကုမ္ပဏီက ပယ်ချခဲ့ကြောင်းလည်း သိရသည်။ Meta ကုမ္ပဏီ က "ကျွန်တော်တို့ဟာ လိင်ကုန်ကူးမှုနဲ့ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကို စည်းကမ်းချက်တွေနဲ့ တားမြစ်ထားပါတယ်။ ဒီတရားစွဲဆိုမှုမှာ ပါဝင်တဲ့ အချက်အလက်တွေဟာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကို တိုက်ဖျက်ဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှု တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က ဒီပလက်ဖောင်းတွေကို အသုံးပြုပြီး အခြားသူတွေအပေါ်မှာ အမြတ်ထုတ်ဖို့ကြိုးပမ်းနေတဲ့လူတွေကို တားဆီးဖို့ပဲဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။
ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းသည် ၎င်းတို့ အာရုံစိုက်နေသည့် အဆိုးရွားဆုံးခြိမ်းခြောက်မှုများ ထဲမှ တစ်ခုဖြစ်ကြောင်း Meta ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဇူကာဘတ် က ၂ဝ၁၉ ခုနှစ်တွင် ထုတ်ဖော်ပြောဆို ခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ် Menlo Park မြို့ အခြေစိုက် Meta ကုမ္ပဏီ၏ လူမှုကွန်ရက်ပလက်ဖောင်းများသည် လိင်ပိုင်းဆိုင်ရာအကျင့်ပျက်ခြစားမှုများအတွက် အဓိက ပလက်ဖောင်းတစ်ခုဖြစ်နေသည်ဆိုသည့် စွပ်စွဲမှုများကို ကာလအတန်ကြာရင်ဆိုင်ခဲ့ရကြောင်းလည်း သိရသည်။

Zawgyi Version;
ကေလးသူငယ္လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္မႈမ်ားကို တားဆီးရန္ ဇူကာဘတ္ ႏွင့္ Meta ကုမၸဏီတို႔ ပ်က္ကြက္ခဲ့
Pika (NP News) - မတ္ ၂၂
ကမာၻေက်ာ္လူမႈကြန္ရက္ Facebook တည္ေထာင္သူ ဇူကာဘတ္ အပါအဝင္ Meta Platforms ၏ အျခားေသာ အမႈေဆာင္အရာရွိခ်ဳပ္မ်ား ႏွင့္ ဒါ႐ိုက္တာမ်ားသည္ Facebook ၊ အင္စတာဂရမ္တို႔တြင္ လိင္ပိုင္းဆိုင္ရာကုန္ကူးမႈ ႏွင့္ ကေလးသူငယ္လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္မႈမ်ားကို ကိုင္တြယ္ေျဖရွင္းရန္ ပ်က္ကြက္ခဲ့သည့္အတြက္ တရားစြဲဆို ခံခဲ့ရေၾကာင္း သိရသည္။
Meta ကုမၸဏီ၏ ေခါင္းေဆာင္ပိုင္းႏွင့္ ဘုတ္အဖြဲ႕သည္ ရာဇဝတ္မႈဆိုင္ရာအေထာက္အထားမ်ားကို မ်က္ကြယ္ျပဳ ထားခဲ့ေၾကာင္း စြပ္စြဲေဝဖန္မႈမ်ားလည္း ရွိေနသည္။ အဆိုပါ တိုင္ၾကားခ်က္တြင္ "ဘုတ္အဖြဲ႕ဟာ လိင္ကုန္ကူးမႈ၊ ကေလးသူငယ္လိင္အျမတ္ထုတ္မႈတို႔ကို ကာကြယ္ရန္ ပ်က္ကြက္ခဲ့ပါတယ္။ ဒီျပႆနာကို အျမစ္ျပတ္ေအာင္ ေျဖရွင္းဖို႔ ဘယ္လိုလုပ္ေဆာင္မလဲဆိုတာကိုလည္း ရွင္းျပဖို႔ ပ်က္ကြက္ခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။
Delaware Chancery တရား႐ုံးတြင္ တင္သြင္းခဲ့သည့္ တရားစြဲမႈအတြက္ အေျခခံအခ်က္အလက္မ်ားကို Meta ကုမၸဏီက ပယ္ခ်ခဲ့ေၾကာင္းလည္း သိရသည္။ Meta ကုမၸဏီ က "ကြၽန္ေတာ္တို႔ဟာ လိင္ကုန္ကူးမႈနဲ႔ ကေလးသူငယ္ လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္မႈေတြကို စည္းကမ္းခ်က္ေတြနဲ႔ တားျမစ္ထားပါတယ္။ ဒီတရားစြဲဆိုမႈမွာ ပါဝင္တဲ့ အခ်က္အလက္ေတြဟာ လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္မႈေတြကို တိုက္ဖ်က္ဖို႔ ကြၽန္ေတာ္တို႔ရဲ႕ ႀကိဳးပမ္းအားထုတ္မႈ ေတြကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ရည္႐ြယ္ခ်က္က ဒီပလက္ေဖာင္းေတြကို အသုံးျပဳၿပီး အျခားသူေတြအေပၚမွာ အျမတ္ထုတ္ဖို႔ႀကိဳးပမ္းေနတဲ့လူေတြကို တားဆီးဖို႔ပဲျဖစ္ပါတယ္" ဟု ေျပာဆိုခဲ့သည္။
ကေလးသူငယ္လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္ျခင္းသည္ ၎တို႔ အာ႐ုံစိုက္ေနသည့္ အဆိုး႐ြားဆုံးၿခိမ္းေျခာက္မႈမ်ား ထဲမွ တစ္ခုျဖစ္ေၾကာင္း Meta ကုမၸဏီ အမႈေဆာင္အရာရွိခ်ဳပ္ ဇူကာဘတ္ က ၂ဝ၁၉ ခုႏွစ္တြင္ ထုတ္ေဖာ္ေျပာဆို ခဲ့သည္။ ကယ္လီဖိုးနီးယားျပည္နယ္ Menlo Park ၿမိဳ႕ အေျခစိုက္ Meta ကုမၸဏီ၏ လူမႈကြန္ရက္ပလက္ေဖာင္းမ်ားသည္ လိင္ပိုင္းဆိုင္ရာအက်င့္ပ်က္ျခစားမႈမ်ားအတြက္ အဓိက ပလက္ေဖာင္းတစ္ခုျဖစ္ေနသည္ဆိုသည့္ စြပ္စြဲမႈမ်ားကို ကာလအတန္ၾကာရင္ဆိုင္ခဲ့ရေၾကာင္းလည္း သိရသည္။