ပါကစ္စတန်မှာ အကြီးအကျယ်ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့တာဟာ ၆ လကြာပြီဖြစ်ပေမယ့် သောက်သုံးရေ ပြတ်လပ်မှုများ ဆက်လက်ဖြစ်ပွားနေ

 332

ရောင်နီ (NP News) - မတ် ၂၂

ပါကစ္စတန်မှာ အကြီးအကျယ် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့တာဟာ ခြောက်လခန့်ကြာပြီဖြစ်ပေမယ့် စံချိန်တင် မိုးရွာသွန်းမှုဒဏ်ခံရတဲ့ဒေသများမှာတော့ လူ ၁ဝ သန်းကျော်အတွက် သောက်သုံးရေသန့်ရရှိဖို့ လက်လှမ်းမမီနိုင် သေးကြောင်း ကုလသမဂ္ဂအစီရင်ခံစာတစ်ရပ်အရ သိရပါတယ်။

ရေဘေးသင့်ဒေသများမှာ နေထိုင်ကြတဲ့ မိသားစုများအတွက် “ညစ်ညမ်းတဲ့ရေတွေကို သောက်သုံးဖို့ကလွဲလို့ အခြားရွေးချယ်စရာမရှိ” ကြောင်း ကုလသမဂ္ဂ ကလေးငယ်များ အေဂျင်စီ (UNICEF) က အင်္ဂါနေ့က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပါကစ္စတန်ရှိ သန်းနဲ့ချီသော မိန်းကလေးများနဲ့ ယောက်ျားလေးများဟာ ကြိုတင်ကာကွယ်နိုင်သော ရေမှတစ်ဆင့် ကူးစက်ရောဂါများနဲ့ နောက်ဆက်တွဲ အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ ပါကစ္စတန်ရှိ UNICEF ကိုယ်စားလှယ် အက်ဒူလက်ဖာဒီလ် က ပြောကြားခဲ့ပါတယ်။ ပါကစ္စတန်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန်လက အဆိုးရွားဆုံး ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး ကလေး ၆၄၇ ဦး အပါအဝင် လူပေါင်း ၁၇၃၉ ဦးထက်မနည်း သေဆုံးကာ လူ ၃၃ သန်းထိ ထိခိုက်ခဲ့ရပါတယ်။ ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ရဲ့ဖော်ပြချက်အရ “မုတ်သုံရာသီ" ကြောင့်ဖြစ်ပေါ်လာသော ရေကြီးမှုများကြောင့် နိုင်ငံရဲ့သုံးပုံတစ်ပုံကျော် ရေမြုပ်သွားခဲ့တယ်လို့ သိရပါတယ်။

UNICEF ရဲ့အစီရင်ခံစာအရ နိုင်ငံရဲ့လူဦးရေ အများစုဟာ ရေကြီးရေလျှံမှုမတိုင်မီကပင် သန့်ရှင်းသော သောက်သုံး ရေကို လက်လှမ်းမမီခဲ့ကြပါဘူး။ ယင်းနောက် သဘာဝဘေးဒဏ်ကြောင့် ရေဘေးဒဏ်ခံဒေသများရှိ ရေစနစ် အများစုကို ပျက်စီးစေခဲ့ပြီး ကလေး ၂.၅ သန်း အပါအဝင် လူပေါင်း ၅.၄ သန်းဟာ ကန်များနဲ့ ရေတွင်းများမှ ညစ်ညမ်းသောရေကိုသာ မှီခိုအားထားခဲ့ရပါတယ်။ “နိင်ငံရဲ့သောက်သုံးရေပေးဝေမှုစနစ်ဟာ လူဦးရေရဲ့ ၉၂ ရာခိုင်နှုန်းကို ပေးဝေထားပေမယ့်လည်း နိုင်ငံရဲ့ ရေ ၃၆ ရာခိုင်နှုန်းသာ သောက်သုံးဖို့ ဘေးကင်းသည်ဟု ယူဆရ တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

အစီရင်ခံစာက ရေကြီးရေလျှံပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ ရေများအညစ်အကြေးများအနီးမှာ နေထိုင်ကြတဲ့ မိသားစုများ ကြုံတွေ့နေရတဲ့ ဆိုးရွားတဲ့အခြေအနေများကို မီးမောင်းထိုးပြပြီး ၎င်းတို့ဟာ ရေကြောင့်ဖြစ်တဲ့ ရောဂါများဖြစ်တဲ့ ကာလဝမ်း၊ ဝမ်းပျက်၊ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတို့ကို ခံစားနေရကြောင့် ဆိုပါတယ်။ ယင်းရောဂါများ ဟာ ကလေးများအတွက် လိုအပ်သော အရေးကြီးသော အာဟာရများ မရရှိစေဖို့ ဟန့်တားထားကာ ၎င်းတို့ကို “အာဟာရချို့တဲ့မှုနဲ့ ရောဂါကူးစက်မှုရဲ့ ဆိုးရွားသောသံသရာ” ထဲသို့ ထိုးကျသွားစေခဲ့ပါတယ်။

အာဟာရချို့တဲ့မှုဟာ ပါကစ္စတန်ရှိ ကလေးသေဆုံးမှုအားလုံးရဲ့ထက်ဝက်နဲ့ ဆက်စပ်နေတယ်လို့ UNICEF မှ ပြော ကြားခဲ့ပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေးပေါင်း ၁.၅ သန်းကျော်ဟာ အာဟာရချို့တဲ့နေပြီဖြစ်ပြီး ဘေးကင်း သောရေနှင့် သင့်လျော်သော မိလ္လာမသန့်ရှင်းမှုတို့ကြောင့် ထိုအရေအတွက်များ တိုးလာမယ်လို့ ခန့်မှန်းထားပါ တယ်။

ရေကြီးမှုကြောင့် ပါကစ္စတန်ဟာ အနည်းဆုံး ဒေါ်လာ ၃ဝ ဘီလျံခန့် ငွေကြေးဆုံးရှုံးခဲ့ရပြီး ဇန်နဝါရီလက နိုင်ငံဟာ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ဒေါ်လာ ၁ဝ ဘီလျံကျော် ချေးငွေများ ရယူခဲ့ရပါ တယ်။

Zawgyi Version;
ပါကစၥတန္မွာ အႀကီးအက်ယ္ေရလႊမ္းမိုးမႈျဖစ္ပြားခဲ့တာဟာ ၆ လၾကာၿပီျဖစ္ေပမယ့္ ေသာက္သုံးေရ ျပတ္လပ္မႈမ်ား ဆက္လက္ျဖစ္ပြားေန
ေရာင္နီ (NP News) - မတ္ ၂၂

ပါကစၥတန္မွာ အႀကီးအက်ယ္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့တာဟာ ေျခာက္လခန႔္ၾကာၿပီျဖစ္ေပမယ့္ စံခ်ိန္တင္ မိုး႐ြာသြန္းမႈဒဏ္ခံရတဲ့ေဒသမ်ားမွာေတာ့ လူ ၁ဝ သန္းေက်ာ္အတြက္ ေသာက္သုံးေရသန္႔ရရွိဖို႔ လက္လွမ္းမမီႏိုင္ ေသးေၾကာင္း ကုလသမဂၢအစီရင္ခံစာတစ္ရပ္အရ သိရပါတယ္။

ေရေဘးသင့္ေဒသမ်ားမွာ ေနထိုင္ၾကတဲ့ မိသားစုမ်ားအတြက္ “ညစ္ညမ္းတဲ့ေရေတြကို ေသာက္သုံးဖို႔ကလြဲလို႔ အျခားေ႐ြးခ်ယ္စရာမရွိ” ေၾကာင္း ကုလသမဂၢ ကေလးငယ္မ်ား ေအဂ်င္စီ (UNICEF) က အဂၤါေန႔က အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ပါကစၥတန္ရွိ သန္းနဲ႔ခ်ီေသာ မိန္းကေလးမ်ားနဲ႔ ေယာက္်ားေလးမ်ားဟာ ႀကိဳတင္ကာကြယ္ႏိုင္ေသာ ေရမွတစ္ဆင့္ ကူးစက္ေရာဂါမ်ားနဲ႔ ေနာက္ဆက္တြဲ အာဟာရခ်ိဳ႕တဲ့မႈကို ခံစားေနရတယ္လို႔ ပါကစၥတန္ရွိ UNICEF ကိုယ္စားလွယ္ အက္ဒူလက္ဖာဒီလ္ က ေျပာၾကားခဲ့ပါတယ္။ ပါကစၥတန္မွာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ဇြန္လက အဆိုး႐ြားဆုံး ေရႀကီးမႈမ်ားျဖစ္ေပၚခဲ့ၿပီး ကေလး ၆၄၇ ဦး အပါအဝင္ လူေပါင္း ၁၇၃၉ ဦးထက္မနည္း ေသဆုံးကာ လူ ၃၃ သန္းထိ ထိခိုက္ခဲ့ရပါတယ္။ ကုလသမဂၢအႀကီးအကဲ အန္တိုနီယို ဂူတာရက္စ္ရဲ႕ေဖာ္ျပခ်က္အရ “မုတ္သုံရာသီ" ေၾကာင့္ျဖစ္ေပၚလာေသာ ေရႀကီးမႈမ်ားေၾကာင့္ ႏိုင္ငံရဲ႕သုံးပုံတစ္ပုံေက်ာ္ ေရျမဳပ္သြားခဲ့တယ္လို႔ သိရပါတယ္။

UNICEF ရဲ႕အစီရင္ခံစာအရ ႏိုင္ငံရဲ႕လူဦးေရ အမ်ားစုဟာ ေရႀကီးေရလွ်ံမႈမတိုင္မီကပင္ သန႔္ရွင္းေသာ ေသာက္သုံး ေရကို လက္လွမ္းမမီခဲ့ၾကပါဘူး။ ယင္းေနာက္ သဘာဝေဘးဒဏ္ေၾကာင့္ ေရေဘးဒဏ္ခံေဒသမ်ားရွိ ေရစနစ္ အမ်ားစုကို ပ်က္စီးေစခဲ့ၿပီး ကေလး ၂.၅ သန္း အပါအဝင္ လူေပါင္း ၅.၄ သန္းဟာ ကန္မ်ားနဲ႔ ေရတြင္းမ်ားမွ ညစ္ညမ္းေသာေရကိုသာ မွီခိုအားထားခဲ့ရပါတယ္။ “နိင္ငံရဲ႕ေသာက္သုံးေရေပးေဝမႈစနစ္ဟာ လူဦးေရရဲ႕ ၉၂ ရာခိုင္ႏႈန္းကို ေပးေဝထားေပမယ့္လည္း ႏိုင္ငံရဲ႕ ေရ ၃၆ ရာခိုင္ႏႈန္းသာ ေသာက္သုံးဖို႔ ေဘးကင္းသည္ဟု ယူဆရ တယ္လို႔ အစီရင္ခံစာက ဆိုပါတယ္။

အစီရင္ခံစာက ေရႀကီးေရလွ်ံၿပီးေနာက္ ျဖစ္ေပၚခဲ့တဲ့ ေရမ်ားအညစ္အေၾကးမ်ားအနီးမွာ ေနထိုင္ၾကတဲ့ မိသားစုမ်ား ႀကဳံေတြ႕ေနရတဲ့ ဆိုး႐ြားတဲ့အေျခအေနမ်ားကို မီးေမာင္းထိုးျပၿပီး ၎တို႔ဟာ ေရေၾကာင့္ျဖစ္တဲ့ ေရာဂါမ်ားျဖစ္တဲ့ ကာလဝမ္း၊ ဝမ္းပ်က္၊ ေသြးလြန္တုပ္ေကြးနဲ႔ ငွက္ဖ်ားေရာဂါတို႔ကို ခံစားေနရေၾကာင့္ ဆိုပါတယ္။ ယင္းေရာဂါမ်ား ဟာ ကေလးမ်ားအတြက္ လိုအပ္ေသာ အေရးႀကီးေသာ အာဟာရမ်ား မရရွိေစဖို႔ ဟန႔္တားထားကာ ၎တို႔ကို “အာဟာရခ်ိဳ႕တဲ့မႈနဲ႔ ေရာဂါကူးစက္မႈရဲ႕ ဆိုး႐ြားေသာသံသရာ” ထဲသို႔ ထိုးက်သြားေစခဲ့ပါတယ္။

အာဟာရခ်ိဳ႕တဲ့မႈဟာ ပါကစၥတန္ရွိ ကေလးေသဆုံးမႈအားလုံးရဲ႕ထက္ဝက္နဲ႔ ဆက္စပ္ေနတယ္လို႔ UNICEF မွ ေျပာ ၾကားခဲ့ပါတယ္။ ေယာက္်ားေလးနဲ႔ မိန္းကေလးေပါင္း ၁.၅ သန္းေက်ာ္ဟာ အာဟာရခ်ိဳ႕တဲ့ေနၿပီျဖစ္ၿပီး ေဘးကင္း ေသာေရႏွင့္ သင့္ေလ်ာ္ေသာ မိလႅာမသန႔္ရွင္းမႈတို႔ေၾကာင့္ ထိုအေရအတြက္မ်ား တိုးလာမယ္လို႔ ခန္႔မွန္းထားပါ တယ္။

ေရႀကီးမႈေၾကာင့္ ပါကစၥတန္ဟာ အနည္းဆုံး ေဒၚလာ ၃ဝ ဘီလ်ံခန႔္ ေငြေၾကးဆုံးရႈံးခဲ့ရၿပီး ဇန္နဝါရီလက ႏိုင္ငံဟာ ျပန္လည္ထူေထာင္ေရးအတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းထံမွ ေဒၚလာ ၁ဝ ဘီလ်ံေက်ာ္ ေခ်းေငြမ်ား ရယူခဲ့ရပါ တယ္။

Related news

© 2021. All rights reserved.