သီတင်းပတ်(၃)ပတ်ကြာ နစ်မြုပ်ခဲ့သော ရေနံတင်သင်္ဘောကို တွေ့ရှိမှုနဲ့အတူ ရေနံယိုစိမ့်မှုကို ရပ်တန့်ရန် လုပ်ဆောင်နေ

 705

Pika (NP News) - မတ် ၂၂

ဖိလစ်ပိုင်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ပြီးခဲ့သည့်သီတင်းပတ်(၃)ပတ်က နစ်မြုပ်ခဲ့သော ရေနံတင်သင်္ဘောကို ဂျပန်နိုင်ငံက ထုတ်ထားသော ရေအောက်စက်ရုပ်ကို အသုံးပြုကာ ရှာဖွေခဲ့ပြီးနောက် တွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင် အစိုးရက ထုတ်ဖော်ပြောကြားခဲ့သည်။

ရေနံတင်သင်္ဘောကို တွေ့ရှိပြီးနောက် ရေနံယိုစိမ့်မှုကို ရပ်တန့်ရန်အတွက် နိုင်ငံခြားမှ အကူအညီများကို ပိုမို တောင်းခံခဲ့ကြောင်း ဖိလစ်ပိုင်အာဏာပိုင်များ က ပြောကြားခဲ့သည်။ လောင်စာဆီ လီတာ(၈)သိန်းခန့် တင်ဆောင် လာသော MT Princess Empress အမည်ရှိ ရေနံတင်သင်္ဘောသည် ဖေဖော်ဝါရီ(၂၈)ရက်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်(၃)ခုရှိ ကမ်းရိုးတန်းများတွင် လောင်စာဆီများပျံ့နှံ့နေခြင်းကြောင့် ယိုစိမ့်မှုကို အမြန်ဆုံးရပ်တန့်အောင် လုပ်ဆောင်ဖို့ လိုအပ်နေကြောင်းလည်း သိရသည်။

ရေနံတင်သင်္ဘောမှ ယိုစိမ့်မှုများကို ရပ်တန့်ရန် နှင့် ကျန်ရှိနေသော လောင်စာဆီများ ထုတ်ယူခြင်းတို့ကို အရေးတကြီးလုပ်ဆောင်ရန် လိုအပ်နေကြောင်း Oriental Mindoro ပြည်နယ်အုပ်ချုပ်ရေးမှူး Humerlito Dolor က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံက စေလွှတ်ခဲ့သော အဝေးထိန်းစနစ်ဖြင့်လည်ပတ်သည့် ရေအောက်စက်ရုပ်၏ အကူအညီဖြင့် ဖိလစ်ပိုင် ရေနံတင်သင်္ဘော၏ တည်နေရာအတိအကျကို တွေ့ရှိခဲ့ကြောင်း Humerlito Dolor က ပြောကြားခဲ့သည်။ အဆိုပါ ရေအောက်စက်ရုပ်သည် ရေနံတင်သင်္ဘော၏ အခြေအနေများကိုကြည့်ရှုရန်အတွက် ကူညီပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရေနံယိုစိမ့်မှုများကြောင့် သန္တာကျောက်တန်းများ၊ ဒီရေတောများ နှင့် ပင်လယ်ရေမှော် ဟက်တာ(၃၆ဝဝဝ) ခန့် ထိခိုက်နိုင်ကြောင်း ဖိလစ်ပိုင်ရေကြောင်းသိပ္ပံပညာရှင်များ၏ ပြောကြားချက်အရ သိရသည်။ ရေနံယိုစိမ့်မှုကို ရပ်တန့်ရန်နှင့် ရှင်းလင်းရန်အတွက် ဂျပန်သည် ကမ်းခြေစောင့်တပ်ဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ပြီး အမေရိကန်နိုင်ငံက လည်း ကမ်းခြေစောင့်တပ်ဖွဲ့ဝင်(၅)ဦးကို စေလွှတ်ခဲ့ကြောင်း ဖိလစ်ပိုင်သဘာဝဘေးအန္တရာယ်အေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

အမေရိကန်၏ သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေးဌာနသည် ဖိလစ်ပိုင်နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း အမေရိကန်သံရုံးက ပြောကြားခဲ့သည်။ ထို့အပြင် ဖိလစ်ပိုင်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနသည် နောက်ထပ်အကူအညီများရရှိရန်အတွက် အခြားအရှေ့တောင်အာရှနိုင်ငံများနှင့် ဆွေးနွေးနေကြောင်းလည်း သိရသည်။

ရေနံတင်သင်္ဘောနစ်မြုပ်ခဲ့ခြင်းကြောင့် အာဏာပိုင်များသည် ကမ်းခြေများတွင် ရေကူးခြင်းနှင့် ငါးဖမ်းခြင်းတို့ကို တားမြစ်ပိတ်ပင်ခဲ့ပြီး ထောင်နှင့်ချီသော ဒေသခံများ၏ စားဝတ်နေရေးနှင့် ခရီးသွားလုပ်ငန်းများ အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်းလည်း သိရသည်။

Zawgyi Version;
သီတင္းပတ္(၃)ပတ္ၾကာ နစ္ျမဳပ္ခဲ့ေသာ ေရနံတင္သေဘၤာကို ေတြ႕ရွိမႈနဲ႔အတူ ေရနံယိုစိမ့္မႈကို ရပ္တန႔္ရန္ လုပ္ေဆာင္ေန
Pika (NP News) - မတ္ ၂၂

ဖိလစ္ပိုင္ႏိုင္ငံ ကမ္းလြန္ပင္လယ္ျပင္တြင္ ၿပီးခဲ့သည့္သီတင္းပတ္(၃)ပတ္က နစ္ျမဳပ္ခဲ့ေသာ ေရနံတင္သေဘၤာကို ဂ်ပန္ႏိုင္ငံက ထုတ္ထားေသာ ေရေအာက္စက္႐ုပ္ကို အသုံးျပဳကာ ရွာေဖြခဲ့ၿပီးေနာက္ ေတြ႕ရွိခဲ့ေၾကာင္း ဖိလစ္ပိုင္ အစိုးရက ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

ေရနံတင္သေဘၤာကို ေတြ႕ရွိၿပီးေနာက္ ေရနံယိုစိမ့္မႈကို ရပ္တန႔္ရန္အတြက္ ႏိုင္ငံျခားမွ အကူအညီမ်ားကို ပိုမို ေတာင္းခံခဲ့ေၾကာင္း ဖိလစ္ပိုင္အာဏာပိုင္မ်ား က ေျပာၾကားခဲ့သည္။ ေလာင္စာဆီ လီတာ(၈)သိန္းခန႔္ တင္ေဆာင္ လာေသာ MT Princess Empress အမည္ရွိ ေရနံတင္သေဘၤာသည္ ေဖေဖာ္ဝါရီ(၂၈)ရက္တြင္ နစ္ျမဳပ္ခဲ့ျခင္းျဖစ္ၿပီး ျပည္နယ္(၃)ခုရွိ ကမ္း႐ိုးတန္းမ်ားတြင္ ေလာင္စာဆီမ်ားပ်ံ႕ႏွံ႔ေနျခင္းေၾကာင့္ ယိုစိမ့္မႈကို အျမန္ဆုံးရပ္တန႔္ေအာင္ လုပ္ေဆာင္ဖို႔ လိုအပ္ေနေၾကာင္းလည္း သိရသည္။

ေရနံတင္သေဘၤာမွ ယိုစိမ့္မႈမ်ားကို ရပ္တန႔္ရန္ ႏွင့္ က်န္ရွိေနေသာ ေလာင္စာဆီမ်ား ထုတ္ယူျခင္းတို႔ကို အေရးတႀကီးလုပ္ေဆာင္ရန္ လိုအပ္ေနေၾကာင္း Oriental Mindoro ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Humerlito Dolor က ေျပာၾကားခဲ့သည္။

ဂ်ပန္ႏိုင္ငံက ေစလႊတ္ခဲ့ေသာ အေဝးထိန္းစနစ္ျဖင့္လည္ပတ္သည့္ ေရေအာက္စက္႐ုပ္၏ အကူအညီျဖင့္ ဖိလစ္ပိုင္ ေရနံတင္သေဘၤာ၏ တည္ေနရာအတိအက်ကို ေတြ႕ရွိခဲ့ေၾကာင္း Humerlito Dolor က ေျပာၾကားခဲ့သည္။ အဆိုပါ ေရေအာက္စက္႐ုပ္သည္ ေရနံတင္သေဘၤာ၏ အေျခအေနမ်ားကိုၾကည့္ရႈရန္အတြက္ ကူညီေပးခဲ့ေၾကာင္း ၎က ေျပာၾကားခဲ့သည္။

ေရနံယိုစိမ့္မႈမ်ားေၾကာင့္ သႏၲာေက်ာက္တန္းမ်ား၊ ဒီေရေတာမ်ား ႏွင့္ ပင္လယ္ေရေမွာ္ ဟက္တာ(၃၆ဝဝဝ) ခန႔္ ထိခိုက္ႏိုင္ေၾကာင္း ဖိလစ္ပိုင္ေရေၾကာင္းသိပၸံပညာရွင္မ်ား၏ ေျပာၾကားခ်က္အရ သိရသည္။ ေရနံယိုစိမ့္မႈကို ရပ္တန႔္ရန္ႏွင့္ ရွင္းလင္းရန္အတြက္ ဂ်ပန္သည္ ကမ္းေျခေစာင့္တပ္ဖြဲ႕တစ္ဖြဲ႕ကို ေစလႊတ္ခဲ့ၿပီး အေမရိကန္ႏိုင္ငံက လည္း ကမ္းေျခေစာင့္တပ္ဖြဲ႕ဝင္(၅)ဦးကို ေစလႊတ္ခဲ့ေၾကာင္း ဖိလစ္ပိုင္သဘာဝေဘးအႏၲရာယ္ေအဂ်င္စီ၏ ေျပာၾကားခ်က္အရ သိရသည္။

အေမရိကန္၏ သမုဒၵရာႏွင့္ ေလထုစီမံခန႔္ခြဲေရးဌာနသည္ ဖိလစ္ပိုင္ႏွင့္ အနီးကပ္ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း အေမရိကန္သံ႐ုံးက ေျပာၾကားခဲ့သည္။ ထို႔အျပင္ ဖိလစ္ပိုင္သဘာဝပတ္ဝန္းက်င္ဝန္ႀကီးဌာနသည္ ေနာက္ထပ္အကူအညီမ်ားရရွိရန္အတြက္ အျခားအေရွ႕ေတာင္အာရွႏိုင္ငံမ်ားႏွင့္ ေဆြးေႏြးေနေၾကာင္းလည္း သိရသည္။

ေရနံတင္သေဘၤာနစ္ျမဳပ္ခဲ့ျခင္းေၾကာင့္ အာဏာပိုင္မ်ားသည္ ကမ္းေျခမ်ားတြင္ ေရကူးျခင္းႏွင့္ ငါးဖမ္းျခင္းတို႔ကို တားျမစ္ပိတ္ပင္ခဲ့ၿပီး ေထာင္ႏွင့္ခ်ီေသာ ေဒသခံမ်ား၏ စားဝတ္ေနေရးႏွင့္ ခရီးသြားလုပ္ငန္းမ်ား အေႏွာင့္အယွက္ျဖစ္ခဲ့ရေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.