သဲမုန်တိုင်း တိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံမြောက်ပိုင်းမှာ လေထုညစ်ညမ်းမှုများ မြင့်တက်လာနေ

 464

ရောင်နီ (NP News) - မတ် ၂၂

တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှာ ကြီးမားသော သဲမုန်တိုင်းတိုက်ခတ်မှုကြောင့် ဗုဒ္ဓဟူးနေ့ (မတ်လ ၂၂ ရက်) က လေထုညစ်ညမ်းမှုမြင့်တက်လာပြီး နိုင်ငံအနှံ့အပြားမှာ လိမ္မော်ရောင် အခိုးအငွေ့များ ဖုံးလွှမ်းသွားစေခဲ့ပါတယ်။

ပေကျင်းရှိ တရားဝင် လေထုအရည်အသွေး ညွှန်းကိန်းဟာ အမြင့်ဆုံးအဆင့် ၅ဝဝ သို့ရောက်ရှိခဲ့ပြီး "ပြင်းထန်သော လေထုညစ်ညမ်းမှု" ကိုဖော်ပြခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်ရှိဓာတ်ပုံများမှာ ဖုန်မှုန့်များ ဝေ့ဝဲနေကာ မြို့တွင်း စက်ဘီးစီးနေသူများရဲ့နောက်ဖက် စက်ဘီးထိုင်ခုံမှာပင် သဲများ ဖုံးအုပ်နေတာကို တွေ့ရပါတယ်။

လေထုထဲ ဝဲပျံနေတဲ့ ဖုန်မှုန့်တွေကြောင့် မတ်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်က မြို့ရဲ့အချို့နေရာများမှာ သာမန် မျက်လုံးနဲ့မြင်နိုင်အား အကွာအဝေးမှာ ၁ ကီလိုမီတာအောက်အထိ ကျဆင်းသွားတဲ့အတွက် အာဏာပိုင်များက ရာသီဥတု သတိပေးချက်ထုတ်ပြန်ခဲ့ပြီး နေထိုင်သူတွေကို အိမ်ပြင်ထွက်လှုပ်ရှားမှုများ လျှော့ချဖို့ သတိပေးထားပါ တယ်။

တရုတ်နိုင်ငံရဲ့ မြောက်ဘက်နဲ့ အနောက်မြောက်ဘက်ဒေသများမှာ လေပြင်းနဲ့ ဖုန်မှုန့်များကြောင့် ကောင်းကင်ယံ ဟာ လိမ္မော်ရောင်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အဆိုပါလေထုဟာ အသက်ရှုလမ်းကြောင်းနဲ့ တခြား ကျန်းမာရေးပြဿနာတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ မိုးလေဝသဌာနဟာ ဒေသစံတော်ချိန် နံနက် ၈ နာရီမှ ၂၄ နာရီအတွင်း မြောက်ဘက်နဲ့ အနောက်မြောက်ဘက်သို့ လွင့်စင်နေတဲ့ ဖုန်မှုန့်များအတွက် အဝါရောင် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

မုန်တိုင်းဒဏ်ခံဒေသများရှိ နေထိုင်သူတွေကို လေနဲ့ သဲတွေကို ကာကွယ်ဖို့ အိမ်တံခါးများနဲ့ ပြတင်းပေါက်များကို အချိန်မီပိတ်သင့်ကြောင်း မိုးလေဝသဝန်ဆောင်မှုမှပြောကြားခဲ့ပြီး အပြင်ထွက်ရင် နှာခေါင်းစည်း ဝတ်ဆင်ဖို့ ထပ်လောင်း သတိပေးထားပါတယ်။

ကလေးများ၊ သက်ကြီးရွယ်အိုမျာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဓာတ်မတည့်မှုရှိသူများနဲ့ အခြားကျန်းမာရေး အခြေအနေရှိသူများကို အပြင်ထွက်သွားလာခြင်း မလုပ်ဖို့ ကန့်သတ်သင့်တယ်လို့ ဝန်ဆောင်မှုက ဆိုပါတယ်။

ပေကျင်းဟာ ကြီးမားသော ဂိုဘီသဲကန္တာရနဲ့ နီးကပ်စွာ တည်ရှိပြီး တရုတ်နိုင်ငံ မြောက်ပိုင်းတစ်ခွင်မှာ သစ်တော များပြုန်းတီးမှုကြောင့် နွေဦးပေါက်ရာသီဖြစ်တဲ့ မတ်လနဲ့ ဧပြီလများမှာ ပုံမှန်သဲမုန်တိုင်းများ ကြုံတွေ့ရလေ့ရှိပါ တယ်။ ယခုရင်ဆိုင်နေရတဲ့ သဲမုန်တိုင်းဟာ မတ်လ ၂၃ ရက်၊ ကြသပတေးနေ့မှာတော့ အားပျော့သွားဖွယ်ရှိကြောင်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

Zawgyi Version;
သဲမုန္တိုင္း တိုက္ခတ္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံေျမာက္ပိုင္းမွာ ေလထုညစ္ညမ္းမႈမ်ား ျမင့္တက္လာေန
ေရာင္နီ (NP News) - မတ္ ၂၂

တ႐ုတ္ႏိုင္ငံ ၿမိဳ႕ေတာ္ ေပက်င္းမွာ ႀကီးမားေသာ သဲမုန္တိုင္းတိုက္ခတ္မႈေၾကာင့္ ဗုဒၶဟူးေန႔ (မတ္လ ၂၂ ရက္) က ေလထုညစ္ညမ္းမႈျမင့္တက္လာၿပီး ႏိုင္ငံအႏွံ႔အျပားမွာ လိေမၼာ္ေရာင္ အခိုးအေငြ႕မ်ား ဖုံးလႊမ္းသြားေစခဲ့ပါတယ္။

ေပက်င္းရွိ တရားဝင္ ေလထုအရည္အေသြး ၫႊန္းကိန္းဟာ အျမင့္ဆုံးအဆင့္ ၅ဝဝ သို႔ေရာက္ရွိခဲ့ၿပီး "ျပင္းထန္ေသာ ေလထုညစ္ညမ္းမႈ" ကိုေဖာ္ျပခဲ့ပါတယ္။ ဆိုရွယ္မီဒီယာေပၚရွိဓာတ္ပုံမ်ားမွာ ဖုန္မႈန႔္မ်ား ေဝ့ဝဲေနကာ ၿမိဳ႕တြင္း စက္ဘီးစီးေနသူမ်ားရဲ႕ေနာက္ဖက္ စက္ဘီးထိုင္ခုံမွာပင္ သဲမ်ား ဖုံးအုပ္ေနတာကို ေတြ႕ရပါတယ္။

ေလထုထဲ ဝဲပ်ံေနတဲ့ ဖုန္မႈန္႔ေတြေၾကာင့္ မတ္လ ၂၂ ရက္၊ ဗုဒၶဟူးေန႔၊ နံနက္က ၿမိဳ႕ရဲ႕အခ်ိဳ႕ေနရာမ်ားမွာ သာမန္ မ်က္လုံးနဲ႔ျမင္ႏိုင္အား အကြာအေဝးမွာ ၁ ကီလိုမီတာေအာက္အထိ က်ဆင္းသြားတဲ့အတြက္ အာဏာပိုင္မ်ားက ရာသီဥတု သတိေပးခ်က္ထုတ္ျပန္ခဲ့ၿပီး ေနထိုင္သူေတြကို အိမ္ျပင္ထြက္လႈပ္ရွားမႈမ်ား ေလွ်ာ့ခ်ဖို႔ သတိေပးထားပါ တယ္။

တ႐ုတ္ႏိုင္ငံရဲ႕ ေျမာက္ဘက္နဲ႔ အေနာက္ေျမာက္ဘက္ေဒသမ်ားမွာ ေလျပင္းနဲ႔ ဖုန္မႈန႔္မ်ားေၾကာင့္ ေကာင္းကင္ယံ ဟာ လိေမၼာ္ေရာင္အျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။ အဆိုပါေလထုဟာ အသက္ရႈလမ္းေၾကာင္းနဲ႔ တျခား က်န္းမာေရးျပႆနာေတြကို ပိုမိုဆိုး႐ြားေစႏိုင္ပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ မိုးေလဝသဌာနဟာ ေဒသစံေတာ္ခ်ိန္ နံနက္ ၈ နာရီမွ ၂၄ နာရီအတြင္း ေျမာက္ဘက္နဲ႔ အေနာက္ေျမာက္ဘက္သို႔ လြင့္စင္ေနတဲ့ ဖုန္မႈန႔္မ်ားအတြက္ အဝါေရာင္ သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

မုန္တိုင္းဒဏ္ခံေဒသမ်ားရွိ ေနထိုင္သူေတြကို ေလနဲ႔ သဲေတြကို ကာကြယ္ဖို႔ အိမ္တံခါးမ်ားနဲ႔ ျပတင္းေပါက္မ်ားကို အခ်ိန္မီပိတ္သင့္ေၾကာင္း မိုးေလဝသဝန္ေဆာင္မႈမွေျပာၾကားခဲ့ၿပီး အျပင္ထြက္ရင္ ႏွာေခါင္းစည္း ဝတ္ဆင္ဖို႔ ထပ္ေလာင္း သတိေပးထားပါတယ္။

ကေလးမ်ား၊ သက္ႀကီး႐ြယ္အိုမ်ာနဲ႔ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ဓာတ္မတည့္မႈရွိသူမ်ားနဲ႔ အျခားက်န္းမာေရး အေျခအေနရွိသူမ်ားကို အျပင္ထြက္သြားလာျခင္း မလုပ္ဖို႔ ကန႔္သတ္သင့္တယ္လို႔ ဝန္ေဆာင္မႈက ဆိုပါတယ္။

ေပက်င္းဟာ ႀကီးမားေသာ ဂိုဘီသဲကႏၲာရနဲ႔ နီးကပ္စြာ တည္ရွိၿပီး တ႐ုတ္ႏိုင္ငံ ေျမာက္ပိုင္းတစ္ခြင္မွာ သစ္ေတာ မ်ားျပဳန္းတီးမႈေၾကာင့္ ေႏြဦးေပါက္ရာသီျဖစ္တဲ့ မတ္လနဲ႔ ဧၿပီလမ်ားမွာ ပုံမွန္သဲမုန္တိုင္းမ်ား ႀကဳံေတြ႕ရေလ့ရွိပါ တယ္။ ယခုရင္ဆိုင္ေနရတဲ့ သဲမုန္တိုင္းဟာ မတ္လ ၂၃ ရက္၊ ၾကသပေတးေန႔မွာေတာ့ အားေပ်ာ့သြားဖြယ္ရွိေၾကာင္း ကြၽမ္းက်င္သူေတြက ခန္႔မွန္းထားပါတယ္။

Related news

© 2021. All rights reserved.