အင်ဒိုနီးရှားနိုင်ငံတွင် Visa နှင့် Mastercard အသုံးပြုမှုများကို ရပ်ဆိုင်းရန် စီစဥ်နေ

1048

Pika (NP News) - မတ် ၂၂
အင်ဒိုနီးရှားဗဟိုဘဏ်သည် ၎င်း၏ ကိုယ်ပိုင်ပြည်တွင်း ငွေပေးချေမှုစနစ်ကို မိတ်ဆက်ခဲ့ပြီး အနောက်အုပ်စုနိုင်ငံ များက ဖန်တီးထားသော Visa နှင့် Mastercard တို့ ကဲ့သို့သော နိုင်ငံခြားငွေပေးချေမှုစနစ်များ အသုံးပြုမှုကို ရပ်ဆိုင်းရန် စီစဥ်နေကြောင်း Antara သတင်းဌာနက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒို သည် နိုင်ငံခြားငွေပေးချေမှုစနစ်အသုံးပြုမှုကို ရပ်ဆိုင်း ကာ ပြည်တွင်းဘဏ်များမှ ထုတ်ပေးသည့် ကဒ်များကို စတင်အသုံးပြုရန် ဒေသတွင်းအာဏာပိုင်များကို တိုက်တွန်း ခဲ့ကြောင်းလည်း သိရသည်။
ယူကရိန်းစစ်ပွဲကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂ နှင့် ၎င်းတို့၏ မဟာမိတ်နိုင်ငံများသည် ရုရှား၏ စီးပွားရေးကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူခဲ့ခြင်းနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံသည် ပထဝီဝင်နိုင်ငံရေး အနှောင့်အယှက် များမှ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် လိုအပ်သည့်အတွက် ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဂျိုကိုဝီဒိုဒို က ပြောကြားခဲ့သည်။
ဂျိုကိုဝီဒိုဒို က "ကျွန်တော်တို့အရမ်းကို သတိကြီးကြီးထားပါတယ်။ ရုရှားအပေါ် အမေရိကန်က ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို သတိရသင့်ပါတယ်။ Visa နဲ့ Mastercard တို့လိုမျိုး နိုင်ငံခြားငွေပေးချေမှုစနစ်တွေက ပြဿနာဖြစ်နိုင်ပါတယ်" ဟု ပြောဆိုခဲ့သည်။
ပြည်တွင်းငွေပေးချေမှုစနစ်များ အသုံးပြုခြင်းနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားဗဟိုဘဏ်သည် ပြည်တွင်းစီးပွားရေး လုပ်ငန်းများနှင့်ဆွေးနွေးနေပြီး တိုးတက်မှုမှာ (၉ဝ) ရာခိုင်နှုန်းခန့်ရှိကြောင်း ပြည်တွင်းမှ ထုတ်ပေးသည့် ကဒ်များ သည် အခကြေးငွေသက်သာခြင်း အပါအဝင် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း ဗဟိုဘဏ်ပြောရေး ဆိုခွင့်ရှိသူ အာဝင်ဟာယိုနို က ပြောကြားခဲ့သည်။
အာဝင်ဟာယိုနို က "ပြည်တွင်း ငွေပေးချေမှုစနစ်တွေကို အသုံးပြုမယ်ဆိုရင် Visa နဲ့ Mastercard တို့လိုမျိုး နိုင်ငံခြားငွေပေးချေမှုစနစ်တွေအပေါ်မှာ မှီခိုနေစရာ မလိုတော့ပါဘူး" ဟု ပြောဆိုခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်းငွေပေးချေမှုစနစ်ကို တိုးမြှင့်ရန်အတွက် ရုရှားနိုင်ငံနှင့် ၎င်း၏ Mir ငွေပေးချေမှု စနစ်အတွေ့အကြုံများကို အသုံးပြုသွားမည်ဖြစ်ကြောင်း Indonesian Credit Cards Association (AKKI) ၏ ဘုတ်အဖွဲ့ဝင် Dodit Proboyakti က ပြောကြားခဲ့သည်။

Zawgyi Version;
အင္ဒိုနီးရွားႏိုင္ငံတြင္ Visa ႏွင့္ Mastercard အသုံးျပဳမႈမ်ားကို ရပ္ဆိုင္းရန္ စီစဥ္ေန
Pika (NP News) - မတ္ ၂၂
အင္ဒိုနီးရွားဗဟိုဘဏ္သည္ ၎၏ ကိုယ္ပိုင္ျပည္တြင္း ေငြေပးေခ်မႈစနစ္ကို မိတ္ဆက္ခဲ့ၿပီး အေနာက္အုပ္စုႏိုင္ငံ မ်ားက ဖန္တီးထားေသာ Visa ႏွင့္ Mastercard တို႔ ကဲ့သို႔ေသာ ႏိုင္ငံျခားေငြေပးေခ်မႈစနစ္မ်ား အသုံးျပဳမႈကို ရပ္ဆိုင္းရန္ စီစဥ္ေနေၾကာင္း Antara သတင္းဌာနက ေဖာ္ျပခဲ့သည္။
ၿပီးခဲ့သည့္သီတင္းပတ္တြင္ အင္ဒိုနီးရွားသမၼတဂ်ိဳကိုဝီဒိုဒို သည္ ႏိုင္ငံျခားေငြေပးေခ်မႈစနစ္အသုံးျပဳမႈကို ရပ္ဆိုင္း ကာ ျပည္တြင္းဘဏ္မ်ားမွ ထုတ္ေပးသည့္ ကဒ္မ်ားကို စတင္အသုံးျပဳရန္ ေဒသတြင္းအာဏာပိုင္မ်ားကို တိုက္တြန္း ခဲ့ေၾကာင္းလည္း သိရသည္။
ယူကရိန္းစစ္ပြဲေၾကာင့္ အေမရိကန္၊ ဥေရာပသမဂၢ ႏွင့္ ၎တို႔၏ မဟာမိတ္ႏိုင္ငံမ်ားသည္ ႐ုရွား၏ စီးပြားေရးကို ပစ္မွတ္ထား ပိတ္ဆို႔အေရးယူခဲ့ျခင္းႏွင့္ပတ္သက္ၿပီး အင္ဒိုနီးရွားႏိုင္ငံသည္ ပထဝီဝင္ႏိုင္ငံေရး အေႏွာင့္အယွက္ မ်ားမွ ကိုယ့္ကိုယ္ကိုယ္ကာကြယ္ရန္ လိုအပ္သည့္အတြက္ ယခုကဲ့သို႔လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ဂ်ိဳကိုဝီဒိုဒို က ေျပာၾကားခဲ့သည္။
ဂ်ိဳကိုဝီဒိုဒို က "ကြၽန္ေတာ္တို႔အရမ္းကို သတိႀကီးႀကီးထားပါတယ္။ ႐ုရွားအေပၚ အေမရိကန္က ခ်မွတ္ထားတဲ့ ပိတ္ဆို႔အေရးယူမႈေတြကို သတိရသင့္ပါတယ္။ Visa နဲ႔ Mastercard တို႔လိုမ်ိဳး ႏိုင္ငံျခားေငြေပးေခ်မႈစနစ္ေတြက ျပႆနာျဖစ္ႏိုင္ပါတယ္" ဟု ေျပာဆိုခဲ့သည္။
ျပည္တြင္းေငြေပးေခ်မႈစနစ္မ်ား အသုံးျပဳျခင္းႏွင့္ပတ္သက္ၿပီး အင္ဒိုနီးရွားဗဟိုဘဏ္သည္ ျပည္တြင္းစီးပြားေရး လုပ္ငန္းမ်ားႏွင့္ေဆြးေႏြးေနၿပီး တိုးတက္မႈမွာ (၉ဝ) ရာခိုင္ႏႈန္းခန႔္ရွိေၾကာင္း ျပည္တြင္းမွ ထုတ္ေပးသည့္ ကဒ္မ်ား သည္ အခေၾကးေငြသက္သာျခင္း အပါအဝင္ အက်ိဳးေက်းဇူးမ်ားစြာ ရရွိေစမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္ေျပာေရး ဆိုခြင့္ရွိသူ အာဝင္ဟာယိုႏို က ေျပာၾကားခဲ့သည္။
အာဝင္ဟာယိုႏို က "ျပည္တြင္း ေငြေပးေခ်မႈစနစ္ေတြကို အသုံးျပဳမယ္ဆိုရင္ Visa နဲ႔ Mastercard တို႔လိုမ်ိဳး ႏိုင္ငံျခားေငြေပးေခ်မႈစနစ္ေတြအေပၚမွာ မွီခိုေနစရာ မလိုေတာ့ပါဘူး" ဟု ေျပာဆိုခဲ့သည္။
အင္ဒိုနီးရွားႏိုင္ငံသည္ ျပည္တြင္းေငြေပးေခ်မႈစနစ္ကို တိုးျမႇင့္ရန္အတြက္ ႐ုရွားႏိုင္ငံႏွင့္ ၎၏ Mir ေငြေပးေခ်မႈ စနစ္အေတြ႕အႀကဳံမ်ားကို အသုံးျပဳသြားမည္ျဖစ္ေၾကာင္း Indonesian Credit Cards Association (AKKI) ၏ ဘုတ္အဖြဲ႕ဝင္ Dodit Proboyakti က ေျပာၾကားခဲ့သည္။