ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်းအား (၄)ရက်ကြာ ပြုပြင်သွားမည်ဖြစ်၍ ဝန်အားလျော့နည်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း YESC အသိပေး

 841

ယွန်း (NP News) - မတ် ၂၂

ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်းအား မတ်လ(၂၃)ရက်မှစတင်ကာ (၄)ရက်ကြာပြုပြင်သွားမည်ဖြစ်ပြီး ဝန်အားလျော့နည်းမှုများဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က အသိပေးထုတ်ပြန်ထားသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) မှ ယနေ့(မတ်လ ၂၂ ရက်)၊ ညနေ(၅)နာရီအချိန်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများသို့ ပို့လွှတ်ထားသော ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြုပြင်‌ရေးလုပ်ငန်းများကို မတ်လ(၂၃)ရက်မှ မတ်လ(၂၆)ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း YESC မှဆိုထားသည်။

အဆိုပါကာလအတွင်း သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားပေးစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်မှု စုစုပေါင်း ၂၂၅ မဂ္ဂါဝပ်ခန့်လျော့နည်းမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများအတွက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်များမှ အစားထိုးဓာတ်အား ထုတ်လုပ်ပို့လွှတ်သွားမည်ဖြစ်ကြောင်း YESC မှဆိုသည်။

ထိုသို့ ဓာတ်အားပို့လွှတ်နေစဥ်အတွင်း ဝန်အားထိန်းညှိရန် လိုအပ်ပါက ယာယီဝန်အားလျော့ချခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း YESC မှ အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ေဇာတိကသဘာဝဓာတ္ေငြ႕ပိုက္လိုင္းအား (၄)ရက္ၾကာ ျပဳျပင္သြားမည္ျဖစ္၍ ဝန္အားေလ်ာ့နည္းမႈမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း YESC အသိေပး

ယြန္း (NP News) - မတ္ ၂၂

ေဇာတိကသဘာဝဓာတ္ေငြ႕ပိုက္လိုင္းအား မတ္လ(၂၃)ရက္မွစတင္ကာ (၄)ရက္ၾကာျပဳျပင္သြားမည္ျဖစ္ၿပီး ဝန္အားေလ်ာ့နည္းမႈမ်ားျဖစ္ေပၚႏိုင္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း (YESC)က အသိေပးထုတ္ျပန္ထားသည္။

ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း(YESC) မွ ယေန႔(မတ္လ ၂၂ ရက္)၊ ညေန(၅)နာရီအခ်ိန္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ရန္ကုန္တိုင္းအတြင္းရွိ သဘာဝဓာတ္ေငြ႕သုံးဓာတ္အားေပးစက္႐ုံမ်ားသို႔ ပို႔လႊတ္ထားေသာ ေဇာတိကသဘာဝဓာတ္ေငြ႕ပိုက္လိုင္းကို ျပဳျပင္ထိန္းသိမ္းမႈမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ျပဳျပင္‌ေရးလုပ္ငန္းမ်ားကို မတ္လ(၂၃)ရက္မွ မတ္လ(၂၆)ရက္အထိ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း YESC မွဆိုထားသည္။

အဆိုပါကာလအတြင္း သဘာဝဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံမ်ားမွ ဓာတ္အားေပးစနစ္အတြင္းသို႔ ဓာတ္အားထုတ္လုပ္ပို႔လႊတ္မႈ စုစုေပါင္း ၂၂၅ မဂၢါဝပ္ခန႔္ေလ်ာ့နည္းမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေလ်ာ့နည္းသြားေသာ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈမ်ားအတြက္ ေရအားလွ်ပ္စစ္ဓာတ္အားေပးစက္မ်ားမွ အစားထိုးဓာတ္အား ထုတ္လုပ္ပို႔လႊတ္သြားမည္ျဖစ္ေၾကာင္း YESC မွဆိုသည္။

ထိုသို႔ ဓာတ္အားပို႔လႊတ္ေနစဥ္အတြင္း ဝန္အားထိန္းညႇိရန္ လိုအပ္ပါက ယာယီဝန္အားေလ်ာ့ခ်ျခင္းမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း YESC မွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.