ထိုင်းနိုင်ငံ မြို့လယ်ခေါင်မှာ စစ်မှုထမ်းဟောင်းတစ်ဦးက ပစ်ခတ်မှုများကျူးလွန်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ပြော

 532

ဂျန်ဇက် (NP News) - မတ် ၂၃

ထိုင်းနိုင်ငံ မြို့လယ်ခေါင်ဖြစ်တဲ့ Phetchaburi ဒေသမှာ အရက်မူးနေတဲ့စစ်မူထမ်းဟောင်းတစ်ဦးက မတ်လ ၂၂ ရက်မှာ ပစ်ခတ်မှုများ ကျူးလွန်ခဲ့ခြင်းကြောင့် နှစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရသွားခဲ့ကြောင်း သိရပါတယ်။

သေနတ်သမားဟာ ၎င်းပုန်းအောင်းနေတဲ့ အိမ်ထဲကနေ လူအများကို ပစ်ခတ်နေခြင်းကြောင့် ရဲတပ်ဖွဲ့များနဲ့ အပြန်အလှန်ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာနားမှာ နေ့ကလေးထိန်း စင်တာရှိနေရာ ကလေးငယ်ပေါင်း ၄ဝ ကျော်ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့ က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့ ဘန်ကောက်မြို့အနောက်တောင်ပိုင်း Soi 4 ၊ Krung Phet နားရှိ အိမ်ပတ်ဝန်းကျင်ကို ရဲတပ်ဖွဲ့ဝင်ပေါင်း ၁ဝဝ ကျော်ဖြန့်ကြတ်ချထားခဲ့ရကြောင်း၊ သေနတ်သမားဟာ Ton Mamuang ဒေသမြို့တော်ဝန် ကိုလည်း သေနတ်နဲ့ပတ်ခတ်ခဲ့ရာ မြို့တော်ဝန်ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ ပို့ခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါ တယ်။

သေနတ်သမားဟာ အိမ်ထဲက ပစ်ခတ်နေခြင်းဖြစ်ပြီး လမ်းသွားလမ်းလာ ၃ ဦး ဒဏ်ရာရခဲ့သလို အခြားနှစ်ဦး သေဆုံးခဲ့ရာ ညနေ ၄ နာရီမှာ ရုပ်အလောင်းများကို လမ်းထဲက ကောက်ယူခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှုကျူးလွန်သူဟာ အသက် ၂၉ နှစ်အရွယ်ရှိ အန်ယူဝက်ဆိုသူဖြစ်ကာ စစ်သားဟောင်းတစ်ဦးဖြစ်ကြောင်း၊ ၎င်းဟာ မူးယစ်ဆေးဝါးမူမှာ ပါဝင်ပတ်သက်မှုကြောင့် တရားရုံးမှာ စစ်ဆေးခံရဖို့ စီစဉ်ထားချိန်မှာ အိမ်အတွင်းက ပစ်ခတ်မှုများ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံ ၿမိဳ႕လယ္ေခါင္မွာ စစ္မႈထမ္းေဟာင္းတစ္ဦးက ပစ္ခတ္မႈမ်ားက်ဴးလြန္ခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၃

ထိုင္းႏိုင္ငံ ၿမိဳ႕လယ္ေခါင္ျဖစ္တဲ့ Phetchaburi ေဒသမွာ အရက္မူးေနတဲ့စစ္မူထမ္းေဟာင္းတစ္ဦးက မတ္လ ၂၂ ရက္မွာ ပစ္ခတ္မႈမ်ား က်ဴးလြန္ခဲ့ျခင္းေၾကာင့္ ႏွစ္ဦးေသဆုံးကာ သုံးဦး ဒဏ္ရာရသြားခဲ့ေၾကာင္း သိရပါတယ္။

ေသနတ္သမားဟာ ၎ပုန္းေအာင္းေနတဲ့ အိမ္ထဲကေန လူအမ်ားကို ပစ္ခတ္ေနျခင္းေၾကာင့္ ရဲတပ္ဖြဲ႕မ်ားနဲ႔ အျပန္အလွန္ပစ္ခတ္မႈမ်ားလည္း ျဖစ္ပြားခဲ့ေၾကာင္းသိရပါတယ္။ ပစ္ခတ္မႈျဖစ္ပြားတဲ့ေနရာနားမွာ ေန႔ကေလးထိန္း စင္တာရွိေနရာ ကေလးငယ္ေပါင္း ၄ဝ ေက်ာ္ကို ေဘးလႊတ္ရာသို႔ ေ႐ႊ႕ေျပာင္းေပးခဲ့ရေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ က ေျပာပါတယ္။

ပစ္ခတ္မႈျဖစ္ပြားတဲ့ ဘန္ေကာက္ၿမိဳ႕အေနာက္ေတာင္ပိုင္း Soi 4 ၊ Krung Phet နားရွိ အိမ္ပတ္ဝန္းက်င္ကို ရဲတပ္ဖြဲ႕ဝင္ေပါင္း ၁ဝဝ ေက်ာ္ျဖန႔္ၾကတ္ခ်ထားခဲ့ရေၾကာင္း၊ ေသနတ္သမားဟာ Ton Mamuang ေဒသၿမိဳ႕ေတာ္ဝန္ ကိုလည္း ေသနတ္နဲ႔ပတ္ခတ္ခဲ့ရာ ၿမိဳ႕ေတာ္ဝန္ဒဏ္ရာရခဲ့ၿပီး ေဆး႐ုံသို႔ ပို႔ခဲ့ရေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။

ေသနတ္သမားဟာ အိမ္ထဲက ပစ္ခတ္ေနျခင္းျဖစ္ၿပီး လမ္းသြားလမ္းလာ ၃ ဦး ဒဏ္ရာရခဲ့သလို အျခားႏွစ္ဦး ေသဆုံးခဲ့ရာ ညေန ၄ နာရီမွာ ႐ုပ္အေလာင္းမ်ားကို လမ္းထဲက ေကာက္ယူခဲ့ရေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။

ပစ္ခတ္မႈက်ဴးလြန္သူဟာ အသက္ ၂၉ ႏွစ္အ႐ြယ္ရွိ အန္ယူဝက္ဆိုသူျဖစ္ကာ စစ္သားေဟာင္းတစ္ဦးျဖစ္ေၾကာင္း၊ ၎ဟာ မူးယစ္ေဆးဝါးမူမွာ ပါဝင္ပတ္သက္မႈေၾကာင့္ တရား႐ုံးမွာ စစ္ေဆးခံရဖို႔ စီစဥ္ထားခ်ိန္မွာ အိမ္အတြင္းက ပစ္ခတ္မႈမ်ား က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.