ပြည်မြို့တွင် စည်ပင်ဝန်ထမ်း(၁)ဦးကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွား

 556

စော (NP News) - မတ် ၂၃

ပဲခူးတိုင်း၊ ပြည်မြို့-ကျောက်ကြီးအိုးတန်းရပ်၊ ကမ်းနားလမ်းရှိ မြို့နယ်စည်ပင်သာယာရေးရုံးအတွင်း အမျိုးသား(၁)ဦးကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၂၃ ရက်)၊ နံနက်(၇)နာရီခွဲအချိန်၌ မြို့နယ်စည်ပင်သာယာရေးရုံးအတွင်းရှိ ဝန် ထမ်းအိမ်ရာတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

“အသက်ကတော့ (၅ဝ)နဲ့(၆ဝ)ကြားလို့ပြောတယ်။ မိသားစုတော့ရှိတယ်။ စည်ပင်ကဝန်ထမ်းပဲ။ ဝန်ထမ်းအိမ်ရာအခန်းလေးမှာသေတာပါ။ ပြည်ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ထားပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့(ပြည်)မှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီး အကြောင်းအရင်းကို မသိရသေးကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

ထိုပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြည်မြို့၌ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

zawgyi version
ျပည္ၿမိဳ႕တြင္ စည္ပင္ဝန္ထမ္း(၁)ဦးႀကိဳးဆြဲခ် အဆုံးစီရင္မႈျဖစ္ပြား

ေစာ (NP News) - မတ္ ၂၃

ပဲခူးတိုင္း၊ ျပည္ၿမိဳ႕-ေက်ာက္ႀကီးအိုးတန္းရပ္၊ ကမ္းနားလမ္းရွိ ၿမိဳ႕နယ္စည္ပင္သာယာေရး႐ုံးအတြင္း အမ်ိဳးသား(၁)ဦးႀကိဳးဆြဲခ် အဆုံးစီရင္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၂၃ ရက္)၊ နံနက္(၇)နာရီခြဲအခ်ိန္၌ ၿမိဳ႕နယ္စည္ပင္သာယာေရး႐ုံးအတြင္းရွိ ဝန္ ထမ္းအိမ္ရာတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(ျပည္)မွ သိရသည္။

“အသက္ကေတာ့ (၅ဝ)နဲ႔(၆ဝ)ၾကားလို႔ေျပာတယ္။ မိသားစုေတာ့ရွိတယ္။ စည္ပင္ကဝန္ထမ္းပဲ။ ဝန္ထမ္းအိမ္ရာအခန္းေလးမွာေသတာပါ။ ျပည္ေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ပို႔ထားပါတယ္”ဟု ျမန္မာႏိုင္ငံလူမႈကယ္ ဆယ္ေရးအဖြဲ႕(ျပည္)မွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး အေၾကာင္းအရင္းကို မသိရေသးေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(ျပည္)မွ သိရသည္။

ထိုျပင္ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းက ျပည္ၿမိဳ႕၌ အမ်ိဳးသမီးတစ္ဦးႏွင့္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ် အဆုံးစီရင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.