မန္တလေးတွင် သေနတ်ဖြင့် ပစ်သတ်ခံရမှုကြောင့် တစ်ရက်တည်း၌ အုပ်ချုပ်ရေးမှူး (၂)ဦးသေဆုံး

 782

Pearl (NP News) - မတ် ၂၃

မန္တလေးတိုင်းတွင် တစ်ရက်တည်း၌ သေနတ်ဖြင့် ပစ်သတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူး (၂)ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၂ဝ)ရက်၊ နေ့လည် (၁၂)နာရီခွဲ အချိန်ခန့်တွင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်သာ (တောင်) ကျေးရွာ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် နေထိုင်သော အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှိုင်မင်းဦးသည် နေအိမ်ရှေ့အဖီအောက်ရှိ တန်းလျား၌ အိပ်ပျော်နေစဉ် အကြမ်းဖက်အမျိုးသား (၅) ဦးက ဆိုင်ကယ် (၃) စီးဖြင့် ‌ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ဦးလှိုင်မင်းဦးတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ အဆိုပါနေ့ ညနေ (၅)နာရီ အချိန်ခန့်တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မန်းကျည်းပင်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။

အဆိုပါ ကျေးရွာတွင်နေထိုင်သော အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသာမောင်သည် ၎င်း၏နေအိမ်ရှေ့အဖီတဲတန်းလျားတွင် တစ်ဦးတည်းထိုင်နေစဉ် အကြမ်းဖက်အမျိုးသား (၄)ဦးက ဆိုင်ကယ်(၂) စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးသာမောင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
မႏၲေလးတြင္ ေသနတ္ျဖင့္ ပစ္သတ္ခံရမႈေၾကာင့္ တစ္ရက္တည္း၌ အုပ္ခ်ဳပ္ေရးမႉး (၂)ဦးေသဆုံး

Pearl (NP News) - မတ္ ၂၃

မႏၲေလးတိုင္းတြင္ တစ္ရက္တည္း၌ ေသနတ္ျဖင့္ ပစ္သတ္ခံရမႈေၾကာင့္ အုပ္ခ်ဳပ္ေရးမႉး (၂)ဦး ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ (၂ဝ)ရက္၊ ေန႔လည္ (၁၂)နာရီခြဲ အခ်ိန္ခန႔္တြင္ မႏၲေလးတိုင္း၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ ျမင္သာ (ေတာင္) ေက်း႐ြာ၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေက်း႐ြာတြင္ ေနထိုင္ေသာ အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးလႈိင္မင္းဦးသည္ ေနအိမ္ေရွ႕အဖီေအာက္ရွိ တန္းလ်ား၌ အိပ္ေပ်ာ္ေနစဥ္ အၾကမ္းဖက္အမ်ိဳးသား (၅) ဦးက ဆိုင္ကယ္ (၃) စီးျဖင့္ ‌ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

ထိုသို႔ ပစ္ခတ္မႈေၾကာင့္ ဦးလႈိင္မင္းဦးတြင္ က်ည္ထိမွန္ဒဏ္ရာရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အလားတူ အဆိုပါေန႔ ညေန (၅)နာရီ အခ်ိန္ခန႔္တြင္ မႏၲေလးတိုင္း၊ ေတာင္သာၿမိဳ႕နယ္၊ မန္းက်ည္းပင္ေက်း႐ြာ၌ ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ အမ်ိဳးသားတစ္ဦးေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ျပန္ထားသည္။

အဆိုပါ ေက်း႐ြာတြင္ေနထိုင္ေသာ အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးသာေမာင္သည္ ၎၏ေနအိမ္ေရွ႕အဖီတဲတန္းလ်ားတြင္ တစ္ဦးတည္းထိုင္ေနစဥ္ အၾကမ္းဖက္အမ်ိဳးသား (၄)ဦးက ဆိုင္ကယ္(၂) စီးျဖင့္ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဦးသာေမာင္တြင္ က်ည္ထိမွန္ဒဏ္ရာရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

အထက္ပါ ျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ က်ဴးလြန္သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.