ဝန်ကြီးချုပ်မိုဒီကို ဝေဖန်ခဲ့တဲ့အတွက် အိန္ဒိယအတိုက်ခံပါတီခေါင်းဆောင် ရာဟူးဂန္ဒီ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်ခံရ

 486

ဂျန်ဇက် (NP News) - မတ် ၂၃

အိန္ဒိယအတိုက်ခံပါတီခေါင်းဆောင် ရာဟူးလ်ဂန္ဒီဟာ ရာဇဝတ်မှုမြောက်တဲ့ အသရေဖျက်မှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၂နှစ် ပြစ်ဒဏ်ပေးခံရကြောင်း သိရပါတယ်။

ရာဟူးလ်ဂန္ဒီဟာ ၂ဝ၁၉ ခုနှစ်က ကျင်းပတဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးချိန်အတွင်း ဝန်ကြီးချုပ်မိုဒီ ကို ရည်ညွှန်း ပြောဆိုတဲ့ အသရေဖျက်မှုမြောက်တဲ့ စကားများပြောဆိုခဲ့ခြင်းကြောင့် တရားစွဲခံရကြောင်း သိရပါတယ်။ ၎င်းဟာ ပြစ်ဒဏ်ကို ရက်ပေါင်း ၃ဝ အတွင်း အယူခံဝင်ခွင့်ရှိနေပြီး အယူခံဝင်မှု မအောင်မြင်ပါက ထောင်ဒဏ် ရင်ဆိုင်ရမှာ ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ရာဟူးလ်ဂန္ဒီရဲ့အမှု ကြားနာပွဲကို အတိုက်ခံပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။ အိန္ဒိယအာဏာရပါတီဖြစ်တဲ့ Bharatiya Janata ပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ Purnesh Modi ဟာ ရာဟူးလ်ဂန္ဒီကို တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ရာဟူးလ်ဂန္ဒီရဲ့ပြောဆိုချက်တွေက မိုဒီ မျိုးနွယ်စုများကို ဂုဏ်သိက္ခာကျအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။

အိန္ဒိယအတိုက်ခံပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီ တာဝန်ရှိသူများကတော့ ရာဟူးဂန္ဒီကို အမိန့်ချမှတ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခဲ့တယ်လို့ သိရပါတယ်။ ကွန်ဂရက်ပါတီအတွင်းရေးမှူး ပရီယမ်ကာ ဂန္ဒီက "ရာဟူးဂန္ဒီ ရဲ့ပြောဆိုသံတွေကို ဖိနှိပ်ဖို့ ကြိုးပမ်းတာမျိုး ဖြစ်တယ်။ ရာဟူးဂန္ဒီဟာ စိုးရိမ်ကြောက်ရွံ့တတ်သူ မဟုတ်ဘူး။ သူဟာ အမှန်တရားကိုပြောဖို့ ရှင်သန်နေထိုင်နေတာဖြစ်တယ်။ အမှန်တရားကို ဆက်လက်ပြောဆိုမယ့်သူမျိုး ဖြစ်ပါတယ်။ နိုင်ငံအတွင်းရှိ ပြည်သူများရဲ့အသံကို ဆက်လက်တိုးမြင့်နိုင်အောင် ကြိုးပမ်းရမယ်" လို့ ပြောပါတယ်။

ကွန်ဂရက်ပါတီက အာဏာရှင်တွေဟာ ရဲတပ်ဖွဲ့တွေ အသုံးချတာ၊ အမှုဆင်စွဲချက်တင်တာ၊ ပြစ်ဒဏ်ပေးဖို့ ကြိုးပမ်း ကြကြောင်း၊ ပါတီအနေနဲ့ ရာဟူးလ်ဂန္ဒီ လွတ်မြောက်အောင် အယူခံဝင်မှာဖြစ်ပြီး အနိုင်ရမယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

Zawgyi Version;
ဝန္ႀကီးခ်ဳပ္မိုဒီကို ေဝဖန္ခဲ့တဲ့အတြက္ အိႏၵိယအတိုက္ခံပါတီေခါင္းေဆာင္ ရာဟူးဂႏၵီ ေထာင္ဒဏ္ ၂ ႏွစ္ ျပစ္ဒဏ္ ခ်မွတ္ခံရ
ဂ်န္ဇက္ (NP News) - မတ္ ၂၃

အိႏၵိယအတိုက္ခံပါတီေခါင္းေဆာင္ ရာဟူးလ္ဂႏၵီဟာ ရာဇဝတ္မႈေျမာက္တဲ့ အသေရဖ်က္မႈနဲ႔ပတ္သက္ၿပီး ေထာင္ဒဏ္ ၂ႏွစ္ ျပစ္ဒဏ္ေပးခံရေၾကာင္း သိရပါတယ္။

ရာဟူးလ္ဂႏၵီဟာ ၂ဝ၁၉ ခုႏွစ္က က်င္းပတဲ့ ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ုံးခ်ိန္အတြင္း ဝန္ႀကီးခ်ဳပ္မိုဒီ ကို ရည္ၫႊန္း ေျပာဆိုတဲ့ အသေရဖ်က္မႈေျမာက္တဲ့ စကားမ်ားေျပာဆိုခဲ့ျခင္းေၾကာင့္ တရားစြဲခံရေၾကာင္း သိရပါတယ္။ ၎ဟာ ျပစ္ဒဏ္ကို ရက္ေပါင္း ၃ဝ အတြင္း အယူခံဝင္ခြင့္ရွိေနၿပီး အယူခံဝင္မႈ မေအာင္ျမင္ပါက ေထာင္ဒဏ္ ရင္ဆိုင္ရမွာ ျဖစ္ေၾကာင္း သိရပါတယ္။

အဆိုပါ ရာဟူးလ္ဂႏၵီရဲ႕အမႈ ၾကားနာပြဲကို အတိုက္ခံပါတီျဖစ္တဲ့ ကြန္ဂရက္ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ၾကပါတယ္။ အိႏၵိယအာဏာရပါတီျဖစ္တဲ့ Bharatiya Janata ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးျဖစ္တဲ့ Purnesh Modi ဟာ ရာဟူးလ္ဂႏၵီကို တရားစြဲဆိုခဲ့ျခင္းျဖစ္ၿပီး ရာဟူးလ္ဂႏၵီရဲ႕ေျပာဆိုခ်က္ေတြက မိုဒီ မ်ိဳးႏြယ္စုမ်ားကို ဂုဏ္သိကၡာက်ေအာင္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာပါတယ္။

အိႏၵိယအတိုက္ခံပါတီျဖစ္တဲ့ ကြန္ဂရက္ပါတီ တာဝန္ရွိသူမ်ားကေတာ့ ရာဟူးဂႏၵီကို အမိန႔္ခ်မွတ္ခဲ့ျခင္းနဲ႔ ပတ္သက္ၿပီး ေဝဖန္ျပစ္တင္ခဲ့တယ္လို႔ သိရပါတယ္။ ကြန္ဂရက္ပါတီအတြင္းေရးမႉး ပရီယမ္ကာ ဂႏၵီက "ရာဟူးဂႏၵီ ရဲ႕ေျပာဆိုသံေတြကို ဖိႏွိပ္ဖို႔ ႀကိဳးပမ္းတာမ်ိဳး ျဖစ္တယ္။ ရာဟူးဂႏၵီဟာ စိုးရိမ္ေၾကာက္႐ြံ႕တတ္သူ မဟုတ္ဘူး။ သူဟာ အမွန္တရားကိုေျပာဖို႔ ရွင္သန္ေနထိုင္ေနတာျဖစ္တယ္။ အမွန္တရားကို ဆက္လက္ေျပာဆိုမယ့္သူမ်ိဳး ျဖစ္ပါတယ္။ ႏိုင္ငံအတြင္းရွိ ျပည္သူမ်ားရဲ႕အသံကို ဆက္လက္တိုးျမင့္ႏိုင္ေအာင္ ႀကိဳးပမ္းရမယ္" လို႔ ေျပာပါတယ္။

ကြန္ဂရက္ပါတီက အာဏာရွင္ေတြဟာ ရဲတပ္ဖြဲ႕ေတြ အသုံးခ်တာ၊ အမႈဆင္စြဲခ်က္တင္တာ၊ ျပစ္ဒဏ္ေပးဖို႔ ႀကိဳးပမ္း ၾကေၾကာင္း၊ ပါတီအေနနဲ႔ ရာဟူးလ္ဂႏၵီ လြတ္ေျမာက္ေအာင္ အယူခံဝင္မွာျဖစ္ၿပီး အႏိုင္ရမယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ေျပာပါတယ္။

Related news

© 2021. All rights reserved.