ရုရှား နှင့် တရုတ်တို့က နှစ်ရှည်သက်တမ်းရှိမည့် နျူကလီးယားသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး

 905

Pika (NP News) - မတ် ၂၃

ရုရှားနှင့် တရုတ်တို့သည် နျူကလီးယားစွမ်းအင်ထုတ်လုပ်ရာတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအရှိန်မြင့် လုပ်ဆောင်နေပြီး လာမည့်ဆယ်စုနှစ်အတွင်း နျူထရွန်ဓါတ်ပေါင်းဖိုများ တီထွင်ထုတ်လုပ်ရာတွင် ပူးပေါင်း ဆောင်ရွက်ရန်အတွက် သဘောတူညီခဲ့ကြကြောင်း ရုရှားအစိုးရပိုင် နျူကလီးယားစွမ်းအင်ကုမ္ပဏီ Rosatom က ထုတ်ပြန်ပြောဆိုခဲ့သည်။

အဆိုပါသဘောတူညီချက်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက်သာမက ကမ္ဘာ့နျူကလီးယားစွမ်းအင်ကဏ္ဍ ၏ ပုံသဏ္ဍာန်ကို လွှမ်းမိုးစေနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရုရှားအစိုးရပိုင် နျူကလီးယားစွမ်းအင်ကုမ္ပဏီ Rosatom နှင့် တရုတ်အမျိုးသားနျူကလီးယားကော်ပိုရေးရှင်းတို့ကြား လက်မှတ်ရေးထိုးခဲ့သော စာရွက်စာတမ်း တွင် အဓိကကျသော ကဏ္ဍများ ပါဝင်ပြီး လက်ရှိပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်ရန်၊ နျူထရွန်ဓါတ်ပေါင်းဖိုများ နှင့် ဆက်စပ်သော ပရောဂျက်သစ်များစတင်ရန်၊ ယူရေနီယမ်-ပလူတိုနီယမ် လောင်စာဆီများထုတ်လုပ်ခြင်း နှင့် သုံးစွဲခဲ့သော နျူကလီးယားလောင်စာဆီများကို စီမံခန့်ခွဲခြင်းတို့ ပါဝင်ကြောင်းသိရသည်။

နှစ်နိုင်ငံကြား နှစ်ရှည်သက်တမ်းရှိမည့် နျူကလီးယားသဘောတူညီချက်သည် ရုရှားနိုင်ငံသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်ခဲ့သည့် သုံးရက်ကြာ အလည်အပတ်ခရီးစဥ်အတွင်း တင်ပြခဲ့သော သဘောတူညီချက်များထဲမှ တစ်ခု အပါအဝင် ဖြစ်ကြောင်းလည်း သိရသည်။

တရုတ်သည် ၎င်း၏နိုင်ငံတွင်းတွင် ရုရှား၏အကူအညီဖြင့် နျူကလီးယားဓါတ်ပေါင်းဖို(၅)ခုကို လည်ပတ်နေပြီဖြစ် ပြီး လက်ရှိတွင် နောက်ထပ်(၄)ခုကို တည်ဆောက်နေဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါ အချက်များကြောင့် ရုရှားနိုင်ငံသည် တရုတ်နိုင်ငံတွင် နျူကလီးယားဓါတ်ပေါင်းဖို အများဆုံးတည်ဆောက်သည့် နိုင်ငံဖြစ်လာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်တွင် Rosatom ကုမ္ပဏီသည် တရုတ်နိုင်ငံ အရှေ့ပိုင်း Jiangsu ပြည်နယ်တွင် Xudabu-4 ဓါတ်ပေါင်းဖို နှင့် Tianwan-8 ဓါတ်‌ပေါင်းဖို တည်ဆောက်မှုကို စတင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဓါတ်ပေါင်းဖိုများကို Rosatom ကုမ္ပဏီက ပံ့ပိုးပေးသော တတိယမျိုးဆက် ဖိအားသုံးရေဓါတ်ပေါင်းဖိုနည်းပညာဖြင့် လည်ပတ်မည်ဖြစ်ပြီး ၂ဝ၂၆ ခုနှစ်နှင့် ၂ဝ၂၈ ခုနှစ်ကြားတွင် လုပ်ငန်းများစတင်ရန် စီစဥ်ထားကြောင်း သဘောတူညီချက်အရ သိရသည်။ နျူကလီးယားဓါတ်ပေါင်းဖိုတစ်ခုလျှင် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ (၁ ဒသမ ၇) ဘီလျံ ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
႐ုရွား ႏွင့္ တ႐ုတ္တို႔က ႏွစ္ရွည္သက္တမ္းရွိမည့္ န်ဴကလီးယားသေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုး
Pika (NP News) - မတ္ ၂၃

႐ုရွားႏွင့္ တ႐ုတ္တို႔သည္ န်ဴကလီးယားစြမ္းအင္ထုတ္လုပ္ရာတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုအရွိန္ျမင့္ လုပ္ေဆာင္ေနၿပီး လာမည့္ဆယ္စုႏွစ္အတြင္း န်ဴထ႐ြန္ဓါတ္ေပါင္းဖိုမ်ား တီထြင္ထုတ္လုပ္ရာတြင္ ပူးေပါင္း ေဆာင္႐ြက္ရန္အတြက္ သေဘာတူညီခဲ့ၾကေၾကာင္း ႐ုရွားအစိုးရပိုင္ န်ဴကလီးယားစြမ္းအင္ကုမၸဏီ Rosatom က ထုတ္ျပန္ေျပာဆိုခဲ့သည္။

အဆိုပါသေဘာတူညီခ်က္သည္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈအတြက္သာမက ကမာၻ႔န်ဴကလီးယားစြမ္းအင္က႑ ၏ ပုံသ႑ာန္ကို လႊမ္းမိုးေစႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ ႐ုရွားအစိုးရပိုင္ န်ဴကလီးယားစြမ္းအင္ကုမၸဏီ Rosatom ႏွင့္ တ႐ုတ္အမ်ိဳးသားန်ဴကလီးယားေကာ္ပိုေရးရွင္းတို႔ၾကား လက္မွတ္ေရးထိုးခဲ့ေသာ စာ႐ြက္စာတမ္း တြင္ အဓိကက်ေသာ က႑မ်ား ပါဝင္ၿပီး လက္ရွိပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ခ်ဲ႕ထြင္ရန္၊ န်ဴထ႐ြန္ဓါတ္ေပါင္းဖိုမ်ား ႏွင့္ ဆက္စပ္ေသာ ပေရာဂ်က္သစ္မ်ားစတင္ရန္၊ ယူေရနီယမ္-ပလူတိုနီယမ္ ေလာင္စာဆီမ်ားထုတ္လုပ္ျခင္း ႏွင့္ သုံးစြဲခဲ့ေသာ န်ဴကလီးယားေလာင္စာဆီမ်ားကို စီမံခန႔္ခြဲျခင္းတို႔ ပါဝင္ေၾကာင္းသိရသည္။

ႏွစ္ႏိုင္ငံၾကား ႏွစ္ရွည္သက္တမ္းရွိမည့္ န်ဴကလီးယားသေဘာတူညီခ်က္သည္ ႐ုရွားႏိုင္ငံသို႔ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ လာေရာက္လည္ပတ္ခဲ့သည့္ သုံးရက္ၾကာ အလည္အပတ္ခရီးစဥ္အတြင္း တင္ျပခဲ့ေသာ သေဘာတူညီခ်က္မ်ားထဲမွ တစ္ခု အပါအဝင္ ျဖစ္ေၾကာင္းလည္း သိရသည္။

တ႐ုတ္သည္ ၎၏ႏိုင္ငံတြင္းတြင္ ႐ုရွား၏အကူအညီျဖင့္ န်ဴကလီးယားဓါတ္ေပါင္းဖို(၅)ခုကို လည္ပတ္ေနၿပီျဖစ္ ၿပီး လက္ရွိတြင္ ေနာက္ထပ္(၄)ခုကို တည္ေဆာက္ေနဆဲျဖစ္ေၾကာင္း သိရသည္။ အဆိုပါ အခ်က္မ်ားေၾကာင့္ ႐ုရွားႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံတြင္ န်ဴကလီးယားဓါတ္ေပါင္းဖို အမ်ားဆုံးတည္ေဆာက္သည့္ ႏိုင္ငံျဖစ္လာခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ႏွစ္တြင္ Rosatom ကုမၸဏီသည္ တ႐ုတ္ႏိုင္ငံ အေရွ႕ပိုင္း Jiangsu ျပည္နယ္တြင္ Xudabu-4 ဓါတ္ေပါင္းဖို ႏွင့္ Tianwan-8 ဓါတ္‌ေပါင္းဖို တည္ေဆာက္မႈကို စတင္ခဲ့ေၾကာင္း သိရသည္။ အဆိုပါ ဓါတ္ေပါင္းဖိုမ်ားကို Rosatom ကုမၸဏီက ပံ့ပိုးေပးေသာ တတိယမ်ိဳးဆက္ ဖိအားသုံးေရဓါတ္ေပါင္းဖိုနည္းပညာျဖင့္ လည္ပတ္မည္ျဖစ္ၿပီး ၂ဝ၂၆ ခုႏွစ္ႏွင့္ ၂ဝ၂၈ ခုႏွစ္ၾကားတြင္ လုပ္ငန္းမ်ားစတင္ရန္ စီစဥ္ထားေၾကာင္း သေဘာတူညီခ်က္အရ သိရသည္။ န်ဴကလီးယားဓါတ္ေပါင္းဖိုတစ္ခုလွ်င္ ကုန္က်စရိတ္မွာ အေမရိကန္ေဒၚလာ (၁ ဒသမ ၇) ဘီလ်ံ ျဖစ္ေၾကာင္း သိရသည္။

Picture

U Myint Thein

23/03/2023 17:21

ကမ္ဘာကြီး အကျိုးဆောင် နိုင်ငံကြီးများ အောင်ကြပါစေ။ငြိမ်းချမ်းတိုးတက်ကြပါစေ။

Related news

© 2021. All rights reserved.