တန်ဇန်နီးယားမှာ ပထမဆုံး Marburg ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် အနည်းဆုံး လူ ငါးဦးသေဆုံး

 557

ရောင်နီ (NP News) - မတ် ၂၃

တန်ဇန်နီးယားနိုင်ငံမှာ Marburg ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ပထမဆုံးလှိုင်းဖြစ်ပွားနေပြီး အီဘိုလာရောဂါနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာများနဲ့အတူ ပြင်းထန်ဝေဒနာ ခံစားနေရသူ ၈ ဦး ထိ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အတည်ပြုပြောကြားခဲ့ပါတယ်။

တန်ဇန်နီးယားအမျိုးသား ပြည်သူ့ဓာတ်ခွဲခန်းမှ အတည်ပြုချက်အရ အနောက်မြောက်ပိုင်း ကာဂါရာဒေသမှာ Marburg ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖျားနာခြင်း၊ အော့အန်ခြင်း၊ သွေးထွက်ခြင်းနဲ့ ကျောက်ကပ်ဆိုင်ရာ ရောဂါ လက္ခဏာများ ခံစားရတဲ့ လူငါးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူများထဲမှာ ကျန်းမာရေးဝန်ထမ်း တစ်ဦးလည်း ပါဝင်ကြောင်း WHO က ပြောပါတယ်။

ကျန်ရှိတဲ့ လူနာ ၃ ဦးမှာ ကုသမှုခံယူနေပြီး ၄င်းနဲ့ထိတွေ့မှု ရှိခဲ့သူ ၁၆၁ ဦးကိုလည်း ကျန်းမာရေးအခြေအနေများ စောင့်ကြည့်လျက်ရှိတယ်လို့ သိရပါတယ်။ တန်ဇန်းနီးယား ကျန်းမာရေးအာဏာပိုင်များရဲ့ ကြိုးပမ်းအားထုတ်မှုဟာ ရောဂါဖြစ်ပွားမှုကို ထိရောက်စွာ တုံ့ပြန်နိုင်မယ့် အစီအမံဖြစ်တယ်လို့ အာဖရိက WHO ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မတ်ရှီဒီဆိုမိုတီ က ပြောကြားပါတယ်။

"ဗိုင်းရပ်စ်ပြန့်ပွားမှုကို ဟန့်တားဖို့ ထိန်းချုပ်မှုအစီအမံတွေကို အရှိန်အဟုန်မြှင့်ဖို့ ကျွန်တော်တို့အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်" လို့ ၄င်းက ဆိုပါတယ်။

ကူးစက်ခံရပြီဆိုရင် သေဆုံးနိုင်ချေ ၈၈ ရာခိုင်နှုန်းအထိ မြင့်မားတဲ့ Marburg ဗိုင်းရပ်စ်ဟာ အီဘိုလာ ဗိုင်းရပ်စ် မျိုးရိုးတစ်ခုဖြစ်ပြီး လင်းနို့များမှ လည်းကောင်း၊ ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်အရည်များကို ထိတွေ့ခြင်းမှ လည်းကောင်း ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာများမှာ အဖျားကြီးခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်းနဲ့ နာမကျန်းဖြစ်ခြင်းတို့ကို ရောဂါပိုးကူးစက်ပြီး ခုနစ်ရက်အတွင်း တွေ့ရှိရကြောင်း WHO မှ ပြောကြားပါတယ်။

အီကွေတိုရီရယ်ဂီနီမှာ ၎င်းရဲ့ပထမဆုံးအကြိမ် Marburg ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကို အတည်ပြုပြီးနောက် တစ်လအကြာမှာ တန်ဇန်းနီးယားမှာ ကူးစက်မှုဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ WHO ဟာ နိုင်ငံရဲ့ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေတုံ့ပြန်မှုကို မြှင့်တင်ရန်အတွက် ကျန်းမာရေးဆိုင်ရာအရေးပေါ်ကျွမ်းကျင်သူများကို ဖြန့်ကြက်ထားပြီး ရောဂါကူးစက်မှုဆိုင်ရာ စီမံခန့်ခွဲမှု၊ ရောဂါကူးစက်မှု ကာကွယ်ရေး၊ ဓာတ်ခွဲခန်းနဲ့ အန္တရာယ်ဆိုင်ရာ ဆက်သွယ်ရေး ဆိုင်ရာ ကျွမ်းကျင်သူများကို စေလွှတ်ထားတယ်လို့ သိရပါတယ်။

Zawgyi Version;
တန္ဇန္နီးယားမွာ ပထမဆုံး Marburg ဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈေၾကာင့္ အနည္းဆုံး လူ ငါးဦးေသဆုံး
ေရာင္နီ (NP News) - မတ္ ၂၃

တန္ဇန္နီးယားႏိုင္ငံမွာ Marburg ဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈ ပထမဆုံးလႈိင္းျဖစ္ပြားေနၿပီး အီဘိုလာေရာဂါနဲ႔ ဆင္တူတဲ့ ေရာဂါလကၡဏာမ်ားနဲ႔အတူ ျပင္းထန္ေဝဒနာ ခံစားေနရသူ ၈ ဦး ထိ ရွိေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) မွ အတည္ျပဳေျပာၾကားခဲ့ပါတယ္။

တန္ဇန္နီးယားအမ်ိဳးသား ျပည္သူ႔ဓာတ္ခြဲခန္းမွ အတည္ျပဳခ်က္အရ အေနာက္ေျမာက္ပိုင္း ကာဂါရာေဒသမွာ Marburg ဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ ဖ်ားနာျခင္း၊ ေအာ့အန္ျခင္း၊ ေသြးထြက္ျခင္းနဲ႔ ေက်ာက္ကပ္ဆိုင္ရာ ေရာဂါ လကၡဏာမ်ား ခံစားရတဲ့ လူငါးဦး ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။ ေသဆုံးသူမ်ားထဲမွာ က်န္းမာေရးဝန္ထမ္း တစ္ဦးလည္း ပါဝင္ေၾကာင္း WHO က ေျပာပါတယ္။

က်န္ရွိတဲ့ လူနာ ၃ ဦးမွာ ကုသမႈခံယူေနၿပီး ၄င္းနဲ႔ထိေတြ႕မႈ ရွိခဲ့သူ ၁၆၁ ဦးကိုလည္း က်န္းမာေရးအေျခအေနမ်ား ေစာင့္ၾကည့္လ်က္ရွိတယ္လို႔ သိရပါတယ္။ တန္ဇန္းနီးယား က်န္းမာေရးအာဏာပိုင္မ်ားရဲ႕ ႀကိဳးပမ္းအားထုတ္မႈဟာ ေရာဂါျဖစ္ပြားမႈကို ထိေရာက္စြာ တုံ႔ျပန္ႏိုင္မယ့္ အစီအမံျဖစ္တယ္လို႔ အာဖရိက WHO ေဒသဆိုင္ရာ ၫႊန္ၾကားေရးမႉး မတ္ရွီဒီဆိုမိုတီ က ေျပာၾကားပါတယ္။

"ဗိုင္းရပ္စ္ျပန႔္ပြားမႈကို ဟန႔္တားဖို႔ ထိန္းခ်ဳပ္မႈအစီအမံေတြကို အရွိန္အဟုန္ျမႇင့္ဖို႔ ကြၽန္ေတာ္တို႔အစိုးရနဲ႔ ပူးေပါင္း ေဆာင္႐ြက္ေနပါတယ္" လို႔ ၄င္းက ဆိုပါတယ္။

ကူးစက္ခံရၿပီဆိုရင္ ေသဆုံးႏိုင္ေခ် ၈၈ ရာခိုင္ႏႈန္းအထိ ျမင့္မားတဲ့ Marburg ဗိုင္းရပ္စ္ဟာ အီဘိုလာ ဗိုင္းရပ္စ္ မ်ိဳး႐ိုးတစ္ခုျဖစ္ၿပီး လင္းႏို႔မ်ားမွ လည္းေကာင္း၊ ေရာဂါပိုးရွိသူရဲ႕ ခႏၶာကိုယ္အရည္မ်ားကို ထိေတြ႕ျခင္းမွ လည္းေကာင္း ကူးစက္ႏိုင္ပါတယ္။ ေရာဂါလကၡဏာမ်ားမွာ အဖ်ားႀကီးျခင္း၊ ျပင္းထန္စြာေခါင္းကိုက္ျခင္းနဲ႔ နာမက်န္းျဖစ္ျခင္းတို႔ကို ေရာဂါပိုးကူးစက္ၿပီး ခုနစ္ရက္အတြင္း ေတြ႕ရွိရေၾကာင္း WHO မွ ေျပာၾကားပါတယ္။

အီေကြတိုရီရယ္ဂီနီမွာ ၎ရဲ႕ပထမဆုံးအႀကိမ္ Marburg ဗိုင္းရပ္စ္ေရာဂါျဖစ္ပြားမႈကို အတည္ျပဳၿပီးေနာက္ တစ္လအၾကာမွာ တန္ဇန္းနီးယားမွာ ကူးစက္မႈျဖစ္ေပၚလာျခင္းျဖစ္ပါတယ္။ WHO ဟာ ႏိုင္ငံရဲ႕ဗိုင္းရပ္စ္ကူးစက္မႈ အေျခအေနတုံ႔ျပန္မႈကို ျမႇင့္တင္ရန္အတြက္ က်န္းမာေရးဆိုင္ရာအေရးေပၚကြၽမ္းက်င္သူမ်ားကို ျဖန႔္ၾကက္ထားၿပီး ေရာဂါကူးစက္မႈဆိုင္ရာ စီမံခန႔္ခြဲမႈ၊ ေရာဂါကူးစက္မႈ ကာကြယ္ေရး၊ ဓာတ္ခြဲခန္းနဲ႔ အႏၲရာယ္ဆိုင္ရာ ဆက္သြယ္ေရး ဆိုင္ရာ ကြၽမ္းက်င္သူမ်ားကို ေစလႊတ္ထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.