အကောက်ခွန်သိုလှောင်ရုံသို့ ထည့်သွင်းမည့် ကုန်ပစ္စည်းများအပါအဝင် ပြည်ပမှတင်သွင်းမှုများအတွက် ဆိပ်ကမ်းသို့မရောက်မီ သွင်းကုန်လိုင်စင်ရရှိပြီးမှ တင်သွင်းခွင့်ပြုမည်

 680

ယွန်း (NP News) - မတ် ၂၃

အကောက်ခွန်သိုလှောင်ရုံ(Bonded Warehouse)သို့ ထည့်သွင်းမည့် ကုန်ပစ္စည်းများအပါအဝင် ပြည်ပမှကုန်ပစ္စည်းတင်သွင်းမှုအားလုံးအတွက် ဆိပ်ကမ်းသို့မရောက်မီ သွင်းကုန်လိုင်စင်ရရှိပြီးမှ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ မတ်လ (၂၂)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အမိန့်ကြော်ငြာစာအမှတ် ၅ဝ/၂ဝ၂ဝ ဖြင့် သွင်းကုန်လိုင်စင်ရယူ တင်သွင်းရမည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန်သိုလှောင်ရုံသို့ ထည့်သွင်းရန် တင်သွင်းလာသည့် ကုန်စည်များမှအပ ကုန်စည်များအား ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိခြင်းမရှိစေရ ဟုထုတ်ပြန်ထားပြီးဖြစ်သည်။

ထို့ကြောင့် ကုန်သွယ်မှုလုပ်ငန်းများကို ထိန်းကျောင်းဆောင်ရွက်နိုင်‌ရေး အပါအဝင် အကောက်ခွန် သိုလှောင်ရုံတွင် ကာလကြာရှည်စွာ ထည့်သွင်းသိုလှောင်ခြင်းဖြင့် ကုန်စည်များ အရည်အသွေးထိခိုက်မှု မရှိစေရေးအတွက် ကုန်ပစ္စည်းများ သိုလှောင်ရန် သွင်းကုန်လိုင်စင် ရရှိပြီးမှ တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

“၂ဝ၂၃ ဧပြီလ တစ်ရက်နေ့ကစပြီး Bonded Warehouse ထဲ ထည့်မယ့်ကုန်ပစ္စည်းတွေအတွက် သွင်းကုန် လိုင်စင် ကြိုလျှောက်ထားရပါမယ်။ Bonded Warehouse ထဲ ထည့်မယ့်ကုန်ပစ္စည်းတွေအတွက် ၆ လ ဆိုင်းငံ့ထားပါမယ်”ဟု လုပ်ငန်းရှင်တစ်ဦးကသုံးသပ်ပြောသည်။

ထို့ကြောင့် Bonded Warehouse ထဲသို့ ပစ္စည်းထည့်သွင်းမှုအပါအဝင် ပြည်ပတင်သွင်းကုန် ပစ္စည်းအားလုံး ဆိပ်ကမ်းမရောက်မီ လိုင်စင်ရရှိပြီးမှ တင်သွင်းခွင့်ရမည်ဖြစ်သည်။

zawgyi version
အေကာက္ခြန္သိုေလွာင္႐ုံသို႔ ထည့္သြင္းမည့္ ကုန္ပစၥည္းမ်ားအပါအဝင္ ျပည္ပမွတင္သြင္းမႈမ်ားအတြက္ ဆိပ္ကမ္းသို႔မေရာက္မီ သြင္းကုန္လိုင္စင္ရရွိၿပီးမွ တင္သြင္းခြင့္ျပဳမည္
ယြန္း (NP News) - မတ္ ၂၃

အေကာက္ခြန္သိုေလွာင္႐ုံ(Bonded Warehouse)သို႔ ထည့္သြင္းမည့္ ကုန္ပစၥည္းမ်ားအပါအဝင္ ျပည္ပမွကုန္ပစၥည္းတင္သြင္းမႈအားလုံးအတြက္ ဆိပ္ကမ္းသို႔မေရာက္မီ သြင္းကုန္လိုင္စင္ရရွိၿပီးမွ တင္သြင္းခြင့္ျပဳမည္ျဖစ္ေၾကာင္းသိရသည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္‌ေရးဌာန၊ ကုန္သြယ္ေရးဦးစီးဌာနမွ မတ္လ (၂၂)ရက္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

အမိန႔္ေၾကာ္ျငာစာအမွတ္ ၅ဝ/၂ဝ၂ဝ ျဖင့္ သြင္းကုန္လိုင္စင္ရယူ တင္သြင္းရမည့္ ကုန္ပစၥည္းမ်ားအတြက္ အေကာက္ခြန္သိုေလွာင္႐ုံသို႔ ထည့္သြင္းရန္ တင္သြင္းလာသည့္ ကုန္စည္မ်ားမွအပ ကုန္စည္မ်ားအား ခြင့္ျပဳခ်က္မရမီ ဆိပ္ကမ္းသို႔ ႀကိဳတင္ေရာက္ရွိျခင္းမရွိေစရ ဟုထုတ္ျပန္ထားၿပီးျဖစ္သည္။

ထို႔ေၾကာင့္ ကုန္သြယ္မႈလုပ္ငန္းမ်ားကို ထိန္းေက်ာင္းေဆာင္႐ြက္ႏိုင္‌ေရး အပါအဝင္ အေကာက္ခြန္ သိုေလွာင္႐ုံတြင္ ကာလၾကာရွည္စြာ ထည့္သြင္းသိုေလွာင္ျခင္းျဖင့္ ကုန္စည္မ်ား အရည္အေသြးထိခိုက္မႈ မရွိေစေရးအတြက္ ကုန္ပစၥည္းမ်ား သိုေလွာင္ရန္ သြင္းကုန္လိုင္စင္ ရရွိၿပီးမွ တင္သြင္းခြင့္ျပဳမည္ ျဖစ္ေၾကာင္း သိရသည္။

“၂ဝ၂၃ ဧၿပီလ တစ္ရက္ေန႔ကစၿပီး Bonded Warehouse ထဲ ထည့္မယ့္ကုန္ပစၥည္းေတြအတြက္ သြင္းကုန္ လိုင္စင္ ႀကိဳေလွ်ာက္ထားရပါမယ္။ Bonded Warehouse ထဲ ထည့္မယ့္ကုန္ပစၥည္းေတြအတြက္ ၆ လ ဆိုင္းငံ့ထားပါမယ္”ဟု လုပ္ငန္းရွင္တစ္ဦးကသုံးသပ္ေျပာသည္။

ထို႔ေၾကာင့္ Bonded Warehouse ထဲသို႔ ပစၥည္းထည့္သြင္းမႈအပါအဝင္ ျပည္ပတင္သြင္းကုန္ ပစၥည္းအားလုံး ဆိပ္ကမ္းမေရာက္မီ လိုင္စင္ရရွိၿပီးမွ တင္သြင္းခြင့္ရမည္ျဖစ္သည္။

Related news

© 2021. All rights reserved.