တောင်တရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်လာသော အမေရိကန်စစ်သင်္ဘောကို ပိုင်နက်အတွင်းမှပြန်ထွက်ရန် တရုတ်စစ်ဖက် သတိပေး

 1239

Pika (NP News) - မတ် ၂၃

တောင်တရုတ်ပင်လယ်ရှိ Paracel ကျွန်းစုတစ်ဝိုက် ရေပြင်အတွင်း တရားမဝင်ဝင်ရောက်လာသော အမေရိကန်၏ ဖျက်သင်္ဘောတစ်စီးကို စောင့်ကြည့်ခြင်းများလုပ်ခဲ့ပြီးနောက် ပိုင်နက်ရေပြင်အတွင်းမှ ထွက်ခွာသွားရန် သတိပေးခဲ့ကြောင်း တရုတ်စစ်တပ်က ပြောကြားခဲ့သည်။

တရုတ်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ၎င်း၏ ရေပိုင်နက်အတွင်းသို့ တရားမဝင်ကျူးကျော်ဝင်ရောက်လာသော အမေရိကန်၏ ဖျက်သင်္ဘော Milius သည် တောင်တရုတ်ပင်လယ်အတွင်း တည်ငြိမ်မှုနှင့် အေးချမ်းမှုကို ထိခိုက်စေ ကြောင်း တရုတ်စစ်တပ်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံတောင်ပိုင်း ကွပ်ကဲမှုဌာနပြောရေးဆိုခွင့်ရှိသူ Tian Junli က "တရုတ်စစ်တပ်ဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို ပြတ်ပြတ်သားသားအကာအကွယ်ပေးဖို့ လိုအပ်တဲ့အစီအမံအားလုံးကို လုပ်ဆောင်သွားမှာပါ။ တရုတ်စစ်တပ်က အမြဲတမ်းနိုးကြားနေပြီး တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့ အဆင့်သင့်ပြင်ဆင် ထားပါတယ်" ဟု ပြောဆိုခဲ့သည်။

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး တရုတ်နှင့်အမေရိကန်ကြား အပြန်အလှန်စွပ်စွဲပြောဆိုမှုများလည်းရှိနေသလို နှစ်နိုင်ငံကြား တင်းမာမှုများလည်း ပိုမိုမြင့်တက်လာလျက်ရှိကြောင်း သိရသည်။ ယူကရိန်းစစ်ပွဲတွင် တရုတ်နိုင်ငံက ဘက်လိုက်ခြင်းများရှိသည်ဟု အမေရိကန်က စွပ်စွဲပြောဆိုခဲ့သလို တရုတ်နိုင်ငံက အမေရိကန်နိုင်ငံအနေဖြင့် စစ်ပွဲ ပိုမိုပြင်းထန်အောင် မီးစမွှေးခြင်းများ မလုပ်ဆောင်သင့်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားတွင် ၎င်း၏ နယ်မြေပိုင်ဆိုင်မှုကို မြှင့်တင်ရန်ကြိုးပမ်းနေခြင်းကို တုံ့ပြန်မှုအဖြစ် အမေရိကန်သည် အာရှ-ပစိဖိတ်ဒေသတွင် မဟာမိတ်အဖွဲ့များကို ပိုမိုတိုးချဲ့ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ေတာင္တ႐ုတ္ပင္လယ္အတြင္းသို႔ ဝင္ေရာက္လာေသာ အေမရိကန္စစ္သေဘၤာကို ပိုင္နက္အတြင္းမွျပန္ထြက္ရန္ တ႐ုတ္စစ္ဖက္ သတိေပး
Pika (NP News) - မတ္ ၂၃

ေတာင္တ႐ုတ္ပင္လယ္ရွိ Paracel ကြၽန္းစုတစ္ဝိုက္ ေရျပင္အတြင္း တရားမဝင္ဝင္ေရာက္လာေသာ အေမရိကန္၏ ဖ်က္သေဘၤာတစ္စီးကို ေစာင့္ၾကည့္ျခင္းမ်ားလုပ္ခဲ့ၿပီးေနာက္ ပိုင္နက္ေရျပင္အတြင္းမွ ထြက္ခြာသြားရန္ သတိေပးခဲ့ေၾကာင္း တ႐ုတ္စစ္တပ္က ေျပာၾကားခဲ့သည္။

တ႐ုတ္အစိုးရ၏ ခြင့္ျပဳခ်က္မရွိဘဲ ၎၏ ေရပိုင္နက္အတြင္းသို႔ တရားမဝင္က်ဴးေက်ာ္ဝင္ေရာက္လာေသာ အေမရိကန္၏ ဖ်က္သေဘၤာ Milius သည္ ေတာင္တ႐ုတ္ပင္လယ္အတြင္း တည္ၿငိမ္မႈႏွင့္ ေအးခ်မ္းမႈကို ထိခိုက္ေစ ေၾကာင္း တ႐ုတ္စစ္တပ္က ေျပာၾကားခဲ့သည္။ တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ကြပ္ကဲမႈဌာနေျပာေရးဆိုခြင့္ရွိသူ Tian Junli က "တ႐ုတ္စစ္တပ္ဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ႏိုင္ငံေတာ္ရဲ႕ အခ်ဳပ္အျခာအာဏာ၊ လုံၿခဳံေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးတို႔ကို ျပတ္ျပတ္သားသားအကာအကြယ္ေပးဖို႔ လိုအပ္တဲ့အစီအမံအားလုံးကို လုပ္ေဆာင္သြားမွာပါ။ တ႐ုတ္စစ္တပ္က အၿမဲတမ္းႏိုးၾကားေနၿပီး တုံ႔ျပန္မႈေတြ လုပ္ေဆာင္ဖို႔ အဆင့္သင့္ျပင္ဆင္ ထားပါတယ္" ဟု ေျပာဆိုခဲ့သည္။

ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏွင့္အေမရိကန္ၾကား အျပန္အလွန္စြပ္စြဲေျပာဆိုမႈမ်ားလည္းရွိေနသလို ႏွစ္ႏိုင္ငံၾကား တင္းမာမႈမ်ားလည္း ပိုမိုျမင့္တက္လာလ်က္ရွိေၾကာင္း သိရသည္။ ယူကရိန္းစစ္ပြဲတြင္ တ႐ုတ္ႏိုင္ငံက ဘက္လိုက္ျခင္းမ်ားရွိသည္ဟု အေမရိကန္က စြပ္စြဲေျပာဆိုခဲ့သလို တ႐ုတ္ႏိုင္ငံက အေမရိကန္ႏိုင္ငံအေနျဖင့္ စစ္ပြဲ ပိုမိုျပင္းထန္ေအာင္ မီးစေမႊးျခင္းမ်ား မလုပ္ေဆာင္သင့္ေၾကာင္း ျပန္လည္ေျပာဆိုခဲ့သည္။ တ႐ုတ္ႏိုင္ငံသည္ ေတာင္တ႐ုတ္ပင္လယ္ႏွင့္ ထိုင္ဝမ္ေရလက္ၾကားတြင္ ၎၏ နယ္ေျမပိုင္ဆိုင္မႈကို ျမႇင့္တင္ရန္ႀကိဳးပမ္းေနျခင္းကို တုံ႔ျပန္မႈအျဖစ္ အေမရိကန္သည္ အာရွ-ပစိဖိတ္ေဒသတြင္ မဟာမိတ္အဖြဲ႕မ်ားကို ပိုမိုတိုးခ်ဲ႕ရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း သိရသည္။

Picture

Ye Htun

23/03/2023 21:28

ခွေး..အမေရိကန်တွေ...

Picture

U Myint Thein

23/03/2023 21:42

ကမ္ဘာ့အယုတ်တမာကောင်USA ကြောင့် နိုင်ငံငယ်တွေ ဆင်းရဲမှုတွေ မျါးလှပြီ။လုံးဝ ယုံကြည်လို့မရတော့ပါ။USA get out.

Related news

© 2021. All rights reserved.