ညစ်ပတ်တဲ့နေရာတွေကို သန့်ရှင်းရေးပြုလုပ်ကာ Blog ရိုက်ကူးတင်လေ့ရှိတဲ့ 'Cleanfluencers' TikTok မှာ Follower သန်းနဲ့ ချီ ရရှိ

 824

ရောင်နီ (NP News) - မတ် ၂၄

'Cleanfluencers' တစ်ဦးဖြစ်တဲ့ မာရီကွန်ဒိုဟာ သူမရိုက်ကူးတားတဲ့ ညစ်ပတ်တဲ့နေရာတွေကို သန့်ရှင်းရေး ပြုလုပ်တဲ့ Hack များကို Tik Tok မှာ တင်ရာမှ Follower သန်းနဲ့ချီ ရရှိကာ Tik Tok viewer များမှတစ်ဆင့် ဝင်ငွေဖန်တီးနိုင်ခဲ့ပါတယ်။

"ကျွန်မက သန့်ရှင်းရေး လုပ်ရတာ ဝါသနာပါတယ်၊ အညစ်အကြေးတွေကို ကြိုက်ပါတယ်” လို့ အသက် ၃ဝ အရွယ် ကွန်ဒို က ပြောကြားပါတယ်။ သူမဟာ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး 'Cleanfluencers' တစ်ဦးဖြစ်လာပြီး "အညစ်ပတ်ဆုံး အိမ်" တွေကို လိုက်လံရှာဖွေကာ သန့်ရှင်းရေး Blog များ ရိုက်ကူးလေ့ရှိပါတယ်။ သူမရဲ့အမိုက်စား ဗီဒီယိုများမှာ ဇစ်ပေါ့ပ်ဂီတ နောက်ခံတီးလုံးနဲ့ သူမရဲ့ ပန်းရောင်ရော်ဘာလက်အိတ်များကို ဝတ်ဆင်ကာ ဖုန်မှုန့်များ သန့်ရှင်းမှုများ၊ ကြမ်းတိုက်ခြင်း၊ ပန်းကန်ဆေးခြင်း စတဲ့ လုပ်ဆောင်ချက်များကို ရိုက်ကူးပြသထားပါတယ်။

သူမဟာ ဖင်လန်နိုင်ငံသူဖြစ်ပြီး ဟဲလ်ဆင်စကီးမြို့တော်မှာ အာရုံကြောချို့ယွင်းမှု နဗ်ကြောရောဂါခံစားနေရတဲ့ သားဖြစ်သူနဲ့ အတူနေထိုင်ပါတယ်။ သူမရဲ့သားငယ်ရဲ့ အာရုံခံချို့ယွင်းမှုကြောင့် သန့်ရှင်းရေးဟာ သူမဘဝရဲ့ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ သူမရဲ့ဗီဒီယို Comment များမှာ သူမရဲ့ ဗီဒီယိုများ ဟာ ၎င်းတို့တို့ရဲ့အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေကြောင်း ပြောဆိုနေကြသူများနဲ့ ပြည့်နှက်နေပါတယ်။

ကမ္ဘာလုံးဆိုင်ရာ TikTok User များ များပြားလာခြင်းနဲ့အတူ၊ သူမရဲ့ သန့်ရှင်းရေးဗီဒီယိုများဟာ ဆိုရှယ် မီဒီယာပေါ်မှာ အလွန်ရေပန်းစားလာကာ content အသစ်များ ရိုက်ကူးဖို့ လှုံ့ဆော်ပေးခဲ့ပါတယ်။ အခုအခါမှာ တော့ သူမဟာ အိမ်သုံးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီများမှ ၎င်းတို့ရဲ့ထုတ်ကုန်များကိုအသုံးပြုကာ ဗီဒီယို ရိုက်ကူး ဖို့ ကမ်းလှမ်းမှုများ ရရှိခဲ့ပြီး ဗီဒီယိုတစ်ပုဒ်ကို အမေရိကန်ဒေါ်လာ ၇၂ဝ မှ ဒေါ်လာ ၁၂ဝဝ ကြား ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ညစ္ပတ္တဲ့ေနရာေတြကို သန္႔ရွင္းေရးျပဳလုပ္ကာ Blog ႐ိုက္ကူးတင္ေလ့ရွိတဲ့ 'Cleanfluencers' TikTok မွာ Follower သန္းနဲ႔ ခ်ီ ရရွိ
ေရာင္နီ (NP News) - မတ္ ၂၄

'Cleanfluencers' တစ္ဦးျဖစ္တဲ့ မာရီကြန္ဒိုဟာ သူမ႐ိုက္ကူးတားတဲ့ ညစ္ပတ္တဲ့ေနရာေတြကို သန္႔ရွင္းေရး ျပဳလုပ္တဲ့ Hack မ်ားကို Tik Tok မွာ တင္ရာမွ Follower သန္းနဲ႔ခ်ီ ရရွိကာ Tik Tok viewer မ်ားမွတစ္ဆင့္ ဝင္ေငြဖန္တီးႏိုင္ခဲ့ပါတယ္။

"ကြၽန္မက သန႔္ရွင္းေရး လုပ္ရတာ ဝါသနာပါတယ္၊ အညစ္အေၾကးေတြကို ႀကိဳက္ပါတယ္” လို႔ အသက္ ၃ဝ အ႐ြယ္ ကြန္ဒို က ေျပာၾကားပါတယ္။ သူမဟာ ကမာၻေပၚမွာ အေအာင္ျမင္ဆုံး 'Cleanfluencers' တစ္ဦးျဖစ္လာၿပီး "အညစ္ပတ္ဆုံး အိမ္" ေတြကို လိုက္လံရွာေဖြကာ သန္႔ရွင္းေရး Blog မ်ား ႐ိုက္ကူးေလ့ရွိပါတယ္။ သူမရဲ႕အမိုက္စား ဗီဒီယိုမ်ားမွာ ဇစ္ေပါ့ပ္ဂီတ ေနာက္ခံတီးလုံးနဲ႔ သူမရဲ႕ ပန္းေရာင္ေရာ္ဘာလက္အိတ္မ်ားကို ဝတ္ဆင္ကာ ဖုန္မႈန႔္မ်ား သန္႔ရွင္းမႈမ်ား၊ ၾကမ္းတိုက္ျခင္း၊ ပန္းကန္ေဆးျခင္း စတဲ့ လုပ္ေဆာင္ခ်က္မ်ားကို ႐ိုက္ကူးျပသထားပါတယ္။

သူမဟာ ဖင္လန္ႏိုင္ငံသူျဖစ္ၿပီး ဟဲလ္ဆင္စကီးၿမိဳ႕ေတာ္မွာ အာ႐ုံေၾကာခ်ိဳ႕ယြင္းမႈ နဗ္ေၾကာေရာဂါခံစားေနရတဲ့ သားျဖစ္သူနဲ႔ အတူေနထိုင္ပါတယ္။ သူမရဲ႕သားငယ္ရဲ႕ အာ႐ုံခံခ်ိဳ႕ယြင္းမႈေၾကာင့္ သန႔္ရွင္းေရးဟာ သူမဘဝရဲ႕ အေရးႀကီးေသာ အစိတ္အပိုင္းတစ္ခုျဖစ္တယ္လို႔ ဆိုပါတယ္။ သူမရဲ႕ဗီဒီယို Comment မ်ားမွာ သူမရဲ႕ ဗီဒီယိုမ်ား ဟာ ၎တို႔တို႔ရဲ႕အခက္အခဲမ်ားကို ရင္ဆိုင္ေျဖရွင္းရာမွာ အေထာက္အကူျဖစ္ေစေၾကာင္း ေျပာဆိုေနၾကသူမ်ားနဲ႔ ျပည့္ႏွက္ေနပါတယ္။

ကမာၻလုံးဆိုင္ရာ TikTok User မ်ား မ်ားျပားလာျခင္းနဲ႔အတူ၊ သူမရဲ႕ သန႔္ရွင္းေရးဗီဒီယိုမ်ားဟာ ဆိုရွယ္ မီဒီယာေပၚမွာ အလြန္ေရပန္းစားလာကာ content အသစ္မ်ား ႐ိုက္ကူးဖို႔ လႈံ႕ေဆာ္ေပးခဲ့ပါတယ္။ အခုအခါမွာ ေတာ့ သူမဟာ အိမ္သုံးပစၥည္းထုတ္လုပ္ေရးကုမၸဏီမ်ားမွ ၎တို႔ရဲ႕ထုတ္ကုန္မ်ားကိုအသုံးျပဳကာ ဗီဒီယို ႐ိုက္ကူး ဖို႔ ကမ္းလွမ္းမႈမ်ား ရရွိခဲ့ၿပီး ဗီဒီယိုတစ္ပုဒ္ကို အေမရိကန္ေဒၚလာ ၇၂ဝ မွ ေဒၚလာ ၁၂ဝဝ ၾကား ရရွိေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.