ဆီးရီးယားရှိ အမေရိကန်စစ်အခြေစိုက်စခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး အနည်းဆုံး ၆ ဦးသေဆုံး

 1399

ဂျန်ဇက် (NP News) - မတ် ၂၄

ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ မဟာမိတ်တွေရဲ့အခြေစိုက်စခန်းတစ်ခု ဒရုန်းနဲ့တိုက်ခိုက်ခံရချိန်အတွင်း အမေရိကန် နိုင်ငံသား ကန်ထရိုက်တာတစ်ဦးနဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်ကန်ထရိုက်တာတစ်ဦးလည်း ဒဏ်ရာရသွားခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဆီးရီးယားနိုင်ငံရှိ အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့တဲ့ဒရုန်းဟာ အီရန်နိုင်ငံဖြစ်တယ်လို့ ထောက်လှမ်းရေးအချက်အလက်များအရ သိရတယ်လို့ ဆိုပါ တယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အီရန် နဲ့ ဆက်နွယ်မှုရှိနေတဲ့လက်နက်ကိုင်အုပ်စုတွေဟာ ဆီးရီးယားနိုင်ငံ အရှေ့ဘက်ပိုင်းရှိ အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းအတွက် ပြန်လက်တုံ့ပြန်မှာဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးက "ဆီးရီးယားရှိအမေရိကန်စခန်း အတိုက်ခံရမှုတွေအတွက် လေကြောင်းကနေ ပြန်လက်တုံ့ပြန်မှာဖြစ်တယ်။ အီရန်နဲ့ ဆက်နွယ်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ဆီးရီးယားနိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့တွေကို ပစ်မှတ်ထားပြီး မကြာခဏတိုက်ခိုက်နေတယ်။ အဲဒီအတွက် ပြန်လက်တုံ့ပြန်မှာဖြစ်တယ်" လို့ပြောပါတယ်။

ဆီးရီးယားနိုင်ငံ Deir Ez-Zor အမည်ရှိ အမေရိကန်အခြေစိုက်စခန်းဟာ ဒရုန်းနဲ့တိုက်ခိုက်ခံရမှုကြောင့် ပေါက်ကွဲမှု ရုပ်သံဖိုင်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တယ်လို့လည်း သိရပါတယ်။ ဆီးရီးယားနိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင်အဖွဲ့များကို ပြီးခဲ့တဲ့လများအတွင်း အစ္စရေးတပ်ဖွဲ့များက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
ဆီးရီးယားရွိ အေမရိကန္စစ္အေျခစိုက္စခန္း ဒ႐ုန္းနဲ႔တိုက္ခိုက္ခံရၿပီး အနည္းဆုံး ၆ ဦးေသဆုံး
ဂ်န္ဇက္ (NP News) - မတ္ ၂၄

ဆီးရီးယားႏိုင္ငံေျမာက္ပိုင္းရွိ မဟာမိတ္ေတြရဲ႕အေျခစိုက္စခန္းတစ္ခု ဒ႐ုန္းနဲ႔တိုက္ခိုက္ခံရခ်ိန္အတြင္း အေမရိကန္ ႏိုင္ငံသား ကန္ထ႐ိုက္တာတစ္ဦးနဲ႔ အေမရိကန္တပ္ဖြဲ႕ဝင္ ၅ ဦး ေသဆုံးသြားခဲ့ေၾကာင္း ပင္တဂြန္စစ္ဌာနခ်ဳပ္က ေျပာပါတယ္။

ဒ႐ုန္းနဲ႔တိုက္ခိုက္ခံရမႈေၾကာင့္ အေမရိကန္ကန္ထ႐ိုက္တာတစ္ဦးလည္း ဒဏ္ရာရသြားခဲ့တယ္လို႔ ပင္တဂြန္ စစ္ဌာနခ်ဳပ္က ေျပာပါတယ္။ အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနက ဆီးရီးယားႏိုင္ငံရွိ အေျခစိုက္စခန္းကို တိုက္ခိုက္ခဲ့တဲ့ဒ႐ုန္းဟာ အီရန္ႏိုင္ငံျဖစ္တယ္လို႔ ေထာက္လွမ္းေရးအခ်က္အလက္မ်ားအရ သိရတယ္လို႔ ဆိုပါ တယ္။

အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနက အီရန္ နဲ႔ ဆက္ႏြယ္မႈရွိေနတဲ့လက္နက္ကိုင္အုပ္စုေတြဟာ ဆီးရီးယားႏိုင္ငံ အေရွ႕ဘက္ပိုင္းရွိ အေျခစိုက္စခန္းေတြကို ပစ္မွတ္ထားတိုက္ခိုက္ေနျခင္းအတြက္ ျပန္လက္တုံ႔ျပန္မွာျဖစ္ေၾကာင္း ေျပာပါတယ္။

အေမရိကန္ကာကြယ္ေရးဝန္ႀကီးက "ဆီးရီးယားရွိအေမရိကန္စခန္း အတိုက္ခံရမႈေတြအတြက္ ေလေၾကာင္းကေန ျပန္လက္တုံ႔ျပန္မွာျဖစ္တယ္။ အီရန္နဲ႔ ဆက္ႏြယ္တဲ့လက္နက္ကိုင္အဖြဲ႕အစည္းေတြဟာ ဆီးရီးယားႏိုင္ငံအတြင္းရွိ အေမရိကန္တပ္ဖြဲ႕ေတြကို ပစ္မွတ္ထားၿပီး မၾကာခဏတိုက္ခိုက္ေနတယ္။ အဲဒီအတြက္ ျပန္လက္တုံ႔ျပန္မွာျဖစ္တယ္" လို႔ေျပာပါတယ္။

ဆီးရီးယားႏိုင္ငံ Deir Ez-Zor အမည္ရွိ အေမရိကန္အေျခစိုက္စခန္းဟာ ဒ႐ုန္းနဲ႔တိုက္ခိုက္ခံရမႈေၾကာင့္ ေပါက္ကြဲမႈ ႐ုပ္သံဖိုင္ေတြ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့တယ္လို႔လည္း သိရပါတယ္။ ဆီးရီးယားႏိုင္ငံရွိ အီရန္ေက်ာေထာက္ေနာက္ခံေပးထားတဲ့ လက္နက္ကိုင္အဖြဲ႕မ်ားကို ၿပီးခဲ့တဲ့လမ်ားအတြင္း အစၥေရးတပ္ဖြဲ႕မ်ားက ေလေၾကာင္းတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.