တင်းမာမှုတွေရှိနေချိန်မှာပဲ မြောက်ကိုရီးယားက ရေအောက်သုံး နျူကလီးယား ဒရုန်းအသစ်ကို စမ်းသပ်

 1362

ဂျန်ဇက် (NP News) - မတ် ၂၄

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ တင်းမာမှုတွေရှိနေချိန်မှာပဲ ရေအောက်မှာ အသုံးပြုနိုင်စွမ်းရှိတဲ့ နျူကလီးယားဒရုန်းအသစ်ကို စမ်းသပ်နိုင်ခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြထားပါ တယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ အမေရိကန်စစ်သင်္ဘောတွေကို ရေအောက်ကနေ တိုက်ခိုက်နိုင်ဖို့ ရေအောက်သုံးနျူကလီးယားဒရုန်း အသစ်ဖန်တီးဖို့ ညွှန်ကြားခဲ့ပြီးနောက် စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

တောင်ကိုရီးယားနဲ့အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ကန့်ကွက်ကြောင်းပြသမှုအဖြစ် မြောက်ကိုရီးယားဟာ မတ်လ ၂၁ ရက်က ၂၄ ရက်အထိ စစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ခဲ့ပြီး လက်နက် စမ်းသပ်မှုများ၊ ခရုဇ်ဒုံးကျည်ပစ်လွှတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြထားပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်ခန်းအတွင်း မြောက်ကိုရီးယားဟာ နာရီပေါင်း ၅၉ နာရီကြာ ရေအောက်မှာ အသုံးပြုနိုင်တဲ့ နျူကလီးယားဒရုန်းကို စမ်းသပ်ခဲ့ပြီး မတ်လ ၂၃ ရက်မှာ အရှေ့ဘက်ကမ်းရိုးတန်းနားမှာ ဒရုန်းကို ပေါက်ခွဲပစ်ခဲ့ ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းမီဒီယာတွေက ဖော်ပြပါတယ်။

အဆိုပါ ဒရုန်းဟာ နျူကလီးယား သယ်ဆောင်လာခြင်းရှိ/မရှိ ဆိုတဲ့အချက်ကို အတိအကျ ပြောဆိုခြင်းမရှိကြောင်း သိရပါတယ်။ မြောက်ကိုရီးယားဟာ ရေအောက်သုံးနျူကလီးယားသုံးဒရုန်းကို ရန်သူရေပိုင်နက်အတွင်း ဝင်ရောက် တိုက်ခိုက်မှု၊ အဓိက ရေပြင်စစ်ဆင်ရေးများ၊ ရန်သူရေတပ်စစ်သင်္ဘာအုပ်စုများကို တိုက်ခိုက်ဖျက်ဆီးဖို့ ရည်ရွယ် အသုံးပြုဖွယ်ရှိနေကြောင်း သိရပါတယ်။

မြောက်ကိုရီးယားဟာ ၄ ရက်ကြာပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်ခန်းအတွင်း နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်စွမ်း ရှိပြီး အကွာအဝေး ၁၈ဝဝ ကီလိုမီတာအထိ ပျံသန်းရောက်ရှိနိုင်တဲ့ ခရုဇ်ဒုံးကျည်လေးစင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားရဲ့ရေအောက်သုံး နျူကလီးယားဒရုန်းစမ်းသပ်မှုများနဲ့ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတက ရန်စမှုအဖြစ် ရှုမြင်ထားပြီး အဆင်ခြင်မဲ့ရန်စမှုတွေအတွက် ပြန်ပေးဆပ်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။ မြောက်ကိုရီးယားသတင်းဌာနက "ကမ်းရိုးတန်းတွေမှာ ရေအောက်သုံး နျူကလီးယားဒရုန်းတွေ ဖြန့်ကြတ်ချထားနိုင်တယ်" လို့ ပြောပါတယ်။

Zawgyi Version;
တင္းမာမႈေတြရွိေနခ်ိန္မွာပဲ ေျမာက္ကိုရီးယားက ေရေအာက္သုံး န်ဴကလီးယား ဒ႐ုန္းအသစ္ကို စမ္းသပ္
ဂ်န္ဇက္ (NP News) - မတ္ ၂၄

ေျမာက္ကိုရီးယားႏိုင္ငံအေနနဲ႔ အေမရိကန္၊ ေတာင္ကိုရီးယားတို႔နဲ႔ တင္းမာမႈေတြရွိေနခ်ိန္မွာပဲ ေရေအာက္မွာ အသုံးျပဳႏိုင္စြမ္းရွိတဲ့ န်ဴကလီးယားဒ႐ုန္းအသစ္ကို စမ္းသပ္ႏိုင္ခဲ့ေၾကာင္း KCNA သတင္းဌာနက ေဖာ္ျပထားပါ တယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအမ္ဟာ အေမရိကန္စစ္သေဘၤာေတြကို ေရေအာက္ကေန တိုက္ခိုက္ႏိုင္ဖို႔ ေရေအာက္သုံးန်ဴကလီးယားဒ႐ုန္း အသစ္ဖန္တီးဖို႔ ၫႊန္ၾကားခဲ့ၿပီးေနာက္ စမ္းသပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ေတာင္ကိုရီးယားနဲ႔အေမရိကန္တို႔ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို ကန႔္ကြက္ေၾကာင္းျပသမႈအျဖစ္ ေျမာက္ကိုရီးယားဟာ မတ္လ ၂၁ ရက္က ၂၄ ရက္အထိ စစ္ေရးေလ့က်င့္ခန္းမ်ားလုပ္ေဆာင္ခဲ့ၿပီး လက္နက္ စမ္းသပ္မႈမ်ား၊ ခ႐ုဇ္ဒုံးက်ည္ပစ္လႊတ္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း KCNA သတင္းဌာနက ေဖာ္ျပထားပါတယ္။ အဲဒီ စစ္ေရးေလ့က်င့္ခန္းအတြင္း ေျမာက္ကိုရီးယားဟာ နာရီေပါင္း ၅၉ နာရီၾကာ ေရေအာက္မွာ အသုံးျပဳႏိုင္တဲ့ န်ဴကလီးယားဒ႐ုန္းကို စမ္းသပ္ခဲ့ၿပီး မတ္လ ၂၃ ရက္မွာ အေရွ႕ဘက္ကမ္း႐ိုးတန္းနားမွာ ဒ႐ုန္းကို ေပါက္ခြဲပစ္ခဲ့ ေၾကာင္း ေျမာက္ကိုရီးယားႏိုင္ငံပိုင္သတင္းမီဒီယာေတြက ေဖာ္ျပပါတယ္။

အဆိုပါ ဒ႐ုန္းဟာ န်ဴကလီးယား သယ္ေဆာင္လာျခင္းရွိ/မရွိ ဆိုတဲ့အခ်က္ကို အတိအက် ေျပာဆိုျခင္းမရွိေၾကာင္း သိရပါတယ္။ ေျမာက္ကိုရီးယားဟာ ေရေအာက္သုံးန်ဴကလီးယားသုံးဒ႐ုန္းကို ရန္သူေရပိုင္နက္အတြင္း ဝင္ေရာက္ တိုက္ခိုက္မႈ၊ အဓိက ေရျပင္စစ္ဆင္ေရးမ်ား၊ ရန္သူေရတပ္စစ္သဘၤာအုပ္စုမ်ားကို တိုက္ခိုက္ဖ်က္ဆီးဖို႔ ရည္႐ြယ္ အသုံးျပဳဖြယ္ရွိေနေၾကာင္း သိရပါတယ္။

ေျမာက္ကိုရီးယားဟာ ၄ ရက္ၾကာျပဳလုပ္ခဲ့တဲ့ စစ္ေရးေလ့က်င့္ခန္းအတြင္း န်ဴကလီးယားထိပ္ဖူး တပ္ဆင္ႏိုင္စြမ္း ရွိၿပီး အကြာအေဝး ၁၈ဝဝ ကီလိုမီတာအထိ ပ်ံသန္းေရာက္ရွိႏိုင္တဲ့ ခ႐ုဇ္ဒုံးက်ည္ေလးစင္းကို စမ္းသပ္ပစ္လႊတ္ခဲ့ ေၾကာင္း သိရပါတယ္။ ေျမာက္ကိုရီးယားရဲ႕ေရေအာက္သုံး န်ဴကလီးယားဒ႐ုန္းစမ္းသပ္မႈမ်ားနဲ႔ပတ္သက္ၿပီး ေတာင္ကိုရီးယားသမၼတက ရန္စမႈအျဖစ္ ရႈျမင္ထားၿပီး အဆင္ျခင္မဲ့ရန္စမႈေတြအတြက္ ျပန္ေပးဆပ္ရမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။ ေျမာက္ကိုရီးယားသတင္းဌာနက "ကမ္း႐ိုးတန္းေတြမွာ ေရေအာက္သုံး န်ဴကလီးယားဒ႐ုန္းေတြ ျဖန႔္ၾကတ္ခ်ထားႏိုင္တယ္" လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.