လက်ဖက်ရည်သောက်နေသော ရာအိမ်မှူး(၂)ဦးအား သေနတ်ဖြင့်ပစ်သတ်မှု မန္တလေးမြို့တွင် ဖြစ်ပွား

 3680

Pearl (NP News) - မတ် ၂၄

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် ကဖေးဆိုင်၌ လက်ဖက်ရည်သောက်နေသော ရာအိမ်မှူး(၂)ဦးအား အကြမ်းဖက်သမားများမှ သေနတ်ဖြင့်ပစ်သတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၂၂)ရက်၊ နံနက် (၉)နာရီအချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမရဌာနီအရှေ့ရပ်ကွက်တွင်နေထိုင်သော ရာအိမ်မှူးများဖြစ်ကြသည့် ဦးစိုးနိုင် နှင့် ဦးဝင်းကိုတို့သည် အဆိုပါ ရပ်ကွက် ၈ဝ လမ်း၊ ၇ လမ်းနှင့် ၈ လမ်းကြားရှိ “Mage” ကဖေးဆိုင်၌ လ္ဘက်ရည်သောက်နေစဉ် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

ထိုသို့ လက်ဖက်ရည်သောက်နေစဉ် လမ်း(၈ဝ)အတိုင်း ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်အမျိုးသား (၃)ဦးမှ သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးစိုးနိုင်နှင့် ဦးဝင်းကိုတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေယူနိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Zawgyi Verison;
လက္ဖက္ရည္ေသာက္ေနေသာ ရာအိမ္မႉး(၂)ဦးအား ေသနတ္ျဖင့္ပစ္သတ္မႈ မႏၲေလးၿမိဳ႕တြင္ ျဖစ္ပြား
Pearl (NP News) - မတ္ ၂၄

မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ ကေဖးဆိုင္၌ လက္ဖက္ရည္ေသာက္ေနေသာ ရာအိမ္မႉး(၂)ဦးအား အၾကမ္းဖက္သမားမ်ားမွ ေသနတ္ျဖင့္ပစ္သတ္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ (၂၂)ရက္၊ နံနက္ (၉)နာရီအခ်ိန္ခန္႔တြင္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ အမရဌာနီအေရွ႕ ရပ္ကြက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အမရဌာနီအေရွ႕ရပ္ကြက္တြင္ေနထိုင္ေသာ ရာအိမ္မႉးမ်ားျဖစ္ၾကသည့္ ဦးစိုးႏိုင္ ႏွင့္ ဦးဝင္းကိုတို႔သည္ အဆိုပါ ရပ္ကြက္ ၈ဝ လမ္း၊ ၇ လမ္းႏွင့္ ၈ လမ္းၾကားရွိ “Mage” ကေဖးဆိုင္၌ လၻက္ရည္ေသာက္ေနစဥ္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

ထိုသို႔ လက္ဖက္ရည္ေသာက္ေနစဥ္ လမ္း(၈ဝ)အတိုင္း ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အၾကမ္းဖက္အမ်ိဳးသား (၃)ဦးမွ ေသနတ္ျဖင့္ ပစ္ခတ္ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ဦးစိုးႏိုင္ႏွင့္ ဦးဝင္းကိုတို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္၍ ဥပေဒႏွင့္အညီ အေရယူႏိုင္ရန္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.