လျော့နည်း ယူရေနီယံနဲ့ပြုလုပ်ထားတဲ့ လက်နက်များအသုံးပြုခဲ့မယ်ဆိုရင် ကမ္ဘာအတွက် ဆိုးရွားတဲ့ သင်ခန်းစာတွေ ရမယ်လို့ ဘီလာရုစ့်သမ္မတ သတိပေး

 693

ဂျန်ဇက် (NP News) - မတ် ၂၄

ယူကရိန်းအနေနဲ့ လျော့နည်း ယူရေနီယံနဲ့ပြုလုပ်ထားတဲ့လက်နက်များ အသုံးပြုခဲ့မယ်ဆိုရင် ကမ္ဘာအတွက် ဆိုးရွားတဲ့သင်ခန်းတွေ ရစေနိုင်ဖွယ်ရှိကြောင်း ဘီလာရုစ့်သမ္မတက သတိပေးပြောဆိုလိုက်ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီး ဂိုဒိုင်က ဗြိတိန်နိုင်ငံအနေနဲ့ Challenger 2 တင့်ကားများအပြင် လျော့နည်းယူရေနီယံ နဲ့ ပြုလုပ်ထားတဲ့ တင့်ကားဖျက်ကျည်တွေ ပေးပို့သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဗြိတိန်ဟာ ယူကရိန်းကို လျော့နည်းယူရေနီယံနဲ့ပြုလုပ်ထားတဲ့ တင့်ကားဖျက်ကျည်တွေ ကူညီပေးမယ်ဆိုရင် လက်တုံ့ပြန်မှာဖြစ်ကြောင်း၊ အဲဒီလက်နက်တွေမှာ နျူကလီးယားအစိတ်ပိုင်းများ ပါဝင်ဖွယ်ရှိနေကြောင်း ရုရှား သမ္မတပူတင်က ဝေဖန်ထားပါတယ်။

ရုရှားသမ္မတပူတင်နဲ့ရင်းနှီးတဲ့ ဘီလာရုစ်သမ္မတ လူကာရှန်ကိုက "ဗြိတိန်ဟာ ယူကရိန်းကို လျော့နည်း ယူရေနီယံ ဒြပ်ပါတဲ့လက်နက်တွေ ကူညီထောက်ပံ့ပေးမယ်ဆိုရင် ရုရှားကလည်း ကျွန်တော်တို့ကို ယူရေနီယံ အပြည့်အဝ ပါဝင်တဲ့ လက်နက်တွေ ကူညီပေးနိုင်လာနိုင်တယ်။ ယူကရိန်းရဲ့လျော့ နည်း ယူရေနီယံ ပါဝင်တဲ့ လက်နက်တွေဟာ ရုရှားစစ်အခြေစိုက်စခန်းကို ထိခိုက်မယ်ဆိုရင်တော့ ရုရှားဘက်ကတော့ ကြီးမားတဲ့ တုံ့ပြန်မှုတွေ လုပ်လာလိမ့် မယ်။ ရုရှားဘက်က တုံ့ပြန်မှုတွေကကမ္ဘာအတွက် ဆိုးရွားတဲ့ သင်ခန်းတွေ ရရှိသွားလိမ့်မယ်" လို့ ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးက "စစ်ပွဲနဲ့ပတ်သက်ပြီးနောက်ထပ် အဆင့်တစ်ဆင့်တက်ဖို့ ခြေလှမ်းလှမ်းပြီးသွားပြီ။ ကျန်တာတွေ နည်းပါးသွားပြီ" လို့ပြောပါတယ်။

ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲဟာ သက်တမ်း ၁ နှစ်ကျော်ရှိနေပေမယ့် လက်ရှိအချိန်အထိ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ခြင်းမရှိဘဲ ယူကရိန်းက စစ်လက်နက်ပစ္စည်းများ ရယူနိုင်ဖို့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံများထံမှ အကူအညီတောင်းခံနေတယ်လို့ သိရပါတယ်။

Zawgyi Version;
ေလ်ာ့နည္း ယူေရနီယံနဲ႔ျပဳလုပ္ထားတဲ့ လက္နက္မ်ားအသုံးျပဳခဲ့မယ္ဆိုရင္ ကမာၻအတြက္ ဆိုး႐ြားတဲ့ သင္ခန္းစာေတြ ရမယ္လို႔ ဘီလာ႐ုစ့္သမၼတ သတိေပး
ဂ်န္ဇက္ (NP News) - မတ္ ၂၄

ယူကရိန္းအေနနဲ႔ ေလ်ာ့နည္း ယူေရနီယံနဲ႔ျပဳလုပ္ထားတဲ့လက္နက္မ်ား အသုံးျပဳခဲ့မယ္ဆိုရင္ ကမာၻအတြက္ ဆိုး႐ြားတဲ့သင္ခန္းေတြ ရေစႏိုင္ဖြယ္ရွိေၾကာင္း ဘီလာ႐ုစ့္သမၼတက သတိေပးေျပာဆိုလိုက္ပါတယ္။

႐ုရွားကာကြယ္ေရးဝန္ႀကီး ဂိုဒိုင္က ၿဗိတိန္ႏိုင္ငံအေနနဲ႔ Challenger 2 တင့္ကားမ်ားအျပင္ ေလ်ာ့နည္းယူေရနီယံ နဲ႔ ျပဳလုပ္ထားတဲ့ တင့္ကားဖ်က္က်ည္ေတြ ေပးပို႔သြားမွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ၿဗိတိန္ဟာ ယူကရိန္းကို ေလ်ာ့နည္းယူေရနီယံနဲ႔ျပဳလုပ္ထားတဲ့ တင့္ကားဖ်က္က်ည္ေတြ ကူညီေပးမယ္ဆိုရင္ လက္တုံ႔ျပန္မွာျဖစ္ေၾကာင္း၊ အဲဒီလက္နက္ေတြမွာ န်ဴကလီးယားအစိတ္ပိုင္းမ်ား ပါဝင္ဖြယ္ရွိေနေၾကာင္း ႐ုရွား သမၼတပူတင္က ေဝဖန္ထားပါတယ္။

႐ုရွားသမၼတပူတင္နဲ႔ရင္းႏွီးတဲ့ ဘီလာ႐ုစ္သမၼတ လူကာရွန္ကိုက "ၿဗိတိန္ဟာ ယူကရိန္းကို ေလ်ာ့နည္း ယူေရနီယံ ျဒပ္ပါတဲ့လက္နက္ေတြ ကူညီေထာက္ပံ့ေပးမယ္ဆိုရင္ ႐ုရွားကလည္း ကြၽန္ေတာ္တို႔ကို ယူေရနီယံ အျပည့္အဝ ပါဝင္တဲ့ လက္နက္ေတြ ကူညီေပးႏိုင္လာႏိုင္တယ္။ ယူကရိန္းရဲ႕ေလ်ာ့ နည္း ယူေရနီယံ ပါဝင္တဲ့ လက္နက္ေတြဟာ ႐ုရွားစစ္အေျခစိုက္စခန္းကို ထိခိုက္မယ္ဆိုရင္ေတာ့ ႐ုရွားဘက္ကေတာ့ ႀကီးမားတဲ့ တုံ႔ျပန္မႈေတြ လုပ္လာလိမ့္ မယ္။ ႐ုရွားဘက္က တုံ႔ျပန္မႈေတြကကမာၻအတြက္ ဆိုး႐ြားတဲ့ သင္ခန္းေတြ ရရွိသြားလိမ့္မယ္" လို႔ ေျပာပါတယ္။

႐ုရွားကာကြယ္ေရးဝန္ႀကီးက "စစ္ပြဲနဲ႔ပတ္သက္ၿပီးေနာက္ထပ္ အဆင့္တစ္ဆင့္တက္ဖို႔ ေျခလွမ္းလွမ္းၿပီးသြားၿပီ။ က်န္တာေတြ နည္းပါးသြားၿပီ" လို႔ေျပာပါတယ္။

ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား စစ္ပြဲဟာ သက္တမ္း ၁ ႏွစ္ေက်ာ္ရွိေနေပမယ့္ လက္ရွိအခ်ိန္အထိ ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးႏိုင္ျခင္းမရွိဘဲ ယူကရိန္းက စစ္လက္နက္ပစၥည္းမ်ား ရယူႏိုင္ဖို႔ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံမ်ားထံမွ အကူအညီေတာင္းခံေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.