အနောက်အုပ်စုနိုင်ငံတွေက ယူကရိန်းကို ရုရှားနဲ့ စစ်ပွဲအဆုံးသတ်စေဖို့ ဆွေးနွေးမှုလုပ်မှာကို တားဆီးနေ

 452

ဂျန်ဇက် (NP News) - မတ် ၂၄

ယူကရိန်းကို ကျောထောက်နောက်ခံပြုလုပ်ထားတဲ့ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို ရုရှားနဲ့ စစ်ပွဲအဆုံးသတ်စေဖို့ ဆွေးနွေးမှုတွေလုပ်မှာကို တားဆီးနေကြောင်း၊ ရုရှားအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့် က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားသမ္မတပူတင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင့် တို့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဒီမီထရီ ပက်ကောဗ့်က အခုလိုမျိုးပြောခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်အစိုးရကတော့ ယူကရိန်း-ရုရှား ကြား တွေ့ဆုံဆွေးနွေးမှုများအတွက် တရုတ်နိုင်ငံရဲ့ငြိမ်းချမ်းရေးအစီအစဉ်ကို လက်မခံနိုင်ကြောင်း ပြောထားပါတယ်။

ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်က "အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေဟာ ယူကရိန်းကို စစ်ပွဲအဆုံးသတ်စေဖို့ ရုရှားနဲ့တွေ့ဆုံဆွေးနွေးခြင်းမျိုးလုပ်ဖို့ ခွင့်မပြုဘူး၊ ယူကရိန်းဟာ ငြိမ်းချမ်းရေးဆွေးနွေး လိုတယ်ဆိုရင်တောင် အမေရိကန်နဲ့ အနောက်အုပ်စုကခွင့်မပြုဘူး" လို့ပြောပါတယ်။

တရုတ်သမ္မတဟာ စစ်ပွဲအဆုံးသတ်စေဖို့ ရုရှားနဲ့ ယူကရိန်းကို စေ့စပ်ဆွေးနွေးမှုများလုပ်ဖို့၊ သံတမန်ရေး လမ်းကြောင်းနဲ့အဖြေရှာဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ တရုတ်သမ္မတက "ကျွန်တော်တို့ နိုင်ငံဟာ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးမှုများအတွက် အမြဲတမ်းရှိနေတယ်။ သမိုင်းမှာ မှန်ကန်တဲ့ဘက်ကသာ ရပ်တည်မှာပါ" လို့ ပြောပါတယ်။

တရုတ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲအဆုံးသတ်စေဖို့ ကြားဝင်ဆောင်ရွက်နေပြီး ပြီးခဲ့တဲ့လပိုင်းက အချက် ၁၂ ချက်ပါတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားသမ္မတပူတင်နဲ့ တရုတ် သမ္မတရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးချိန်အတွင်း တရုတ်ဘက်က အဆိုပြုထားတဲ့ ၁၂ ချက်ကို ဆွေးနွေးခဲ့ပြီး၊ ရုရှားဘက်က လိုက်နာဆောင်ရွက်ဖို့ အဆင့်သင့်ရှိကြောင်း သမ္မတပူတင်က ပြောပါတယ်။

အဆိုပါအချက် ၁၂ ချက်ထဲမှာ နိုင်ငံတွေရဲ့အချုပ်အခြာအာဏာပိုင်နက်တွေကိုလေးစားဖို့နဲ့ တန်းတူအခွင့်အရေးရှိဖို့ စတဲ့ အချက်များ ပါဝင်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
အေနာက္အုပ္စုႏိုင္ငံေတြက ယူကရိန္းကို ႐ုရွားနဲ႔ စစ္ပြဲအဆုံးသတ္ေစဖို႔ ေဆြးေႏြးမႈလုပ္မွာကို တားဆီးေန
ဂ်န္ဇက္ (NP News) - မတ္ ၂၄

ယူကရိန္းကို ေက်ာေထာက္ေနာက္ခံျပဳလုပ္ထားတဲ့ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းကို ႐ုရွားနဲ႔ စစ္ပြဲအဆုံးသတ္ေစဖို႔ ေဆြးေႏြးမႈေတြလုပ္မွာကို တားဆီးေနေၾကာင္း၊ ႐ုရွားအစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီပက္ေကာဗ့္ က ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ႐ုရွားသမၼတပူတင္နဲ႔ တ႐ုတ္သမၼတရွီက်င့္ဖ်င့္ တို႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ဒီမီထရီ ပက္ေကာဗ့္က အခုလိုမ်ိဳးေျပာခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ အေမရိကန္အစိုးရကေတာ့ ယူကရိန္း-႐ုရွား ၾကား ေတြ႕ဆုံေဆြးေႏြးမႈမ်ားအတြက္ တ႐ုတ္ႏိုင္ငံရဲ႕ၿငိမ္းခ်မ္းေရးအစီအစဥ္ကို လက္မခံႏိုင္ေၾကာင္း ေျပာထားပါတယ္။

႐ုရွားအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီပက္ေကာဗ့္က "အေမရိကန္နဲ႔ ဥေရာပသမဂၢႏိုင္ငံေတြဟာ ယူကရိန္းကို စစ္ပြဲအဆုံးသတ္ေစဖို႔ ႐ုရွားနဲ႔ေတြ႕ဆုံေဆြးေႏြးျခင္းမ်ိဳးလုပ္ဖို႔ ခြင့္မျပဳဘူး၊ ယူကရိန္းဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြး လိုတယ္ဆိုရင္ေတာင္ အေမရိကန္နဲ႔ အေနာက္အုပ္စုကခြင့္မျပဳဘူး" လို႔ေျပာပါတယ္။

တ႐ုတ္သမၼတဟာ စစ္ပြဲအဆုံးသတ္ေစဖို႔ ႐ုရွားနဲ႔ ယူကရိန္းကို ေစ့စပ္ေဆြးေႏြးမႈမ်ားလုပ္ဖို႔၊ သံတမန္ေရး လမ္းေၾကာင္းနဲ႔အေျဖရွာဖို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။ တ႐ုတ္သမၼတက "ကြၽန္ေတာ္တို႔ ႏိုင္ငံဟာ ၿငိမ္းခ်မ္းေရးနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈမ်ားအတြက္ အၿမဲတမ္းရွိေနတယ္။ သမိုင္းမွာ မွန္ကန္တဲ့ဘက္ကသာ ရပ္တည္မွာပါ" လို႔ ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ယူကရိန္းစစ္ပြဲအဆုံးသတ္ေစဖို႔ ၾကားဝင္ေဆာင္႐ြက္ေနၿပီး ၿပီးခဲ့တဲ့လပိုင္းက အခ်က္ ၁၂ ခ်က္ပါတဲ့ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္မ်ား ထုတ္ျပန္ခဲ့ေၾကာင္း သိရပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက ႐ုရွားသမၼတပူတင္နဲ႔ တ႐ုတ္ သမၼတရွီက်င့္ဖ်င္တို႔ ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း တ႐ုတ္ဘက္က အဆိုျပဳထားတဲ့ ၁၂ ခ်က္ကို ေဆြးေႏြးခဲ့ၿပီး၊ ႐ုရွားဘက္က လိုက္နာေဆာင္႐ြက္ဖို႔ အဆင့္သင့္ရွိေၾကာင္း သမၼတပူတင္က ေျပာပါတယ္။

အဆိုပါအခ်က္ ၁၂ ခ်က္ထဲမွာ ႏိုင္ငံေတြရဲ႕အခ်ဳပ္အျခာအာဏာပိုင္နက္ေတြကိုေလးစားဖို႔နဲ႔ တန္းတူအခြင့္အေရးရွိဖို႔ စတဲ့ အခ်က္မ်ား ပါဝင္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.