အတာသင်္ကြန်အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး နစက ကြိုးပမ်းနေ

 615

စော (NP News) - မတ်လ၂၄

အတာသင်္ကြန်အား ကမ္ဘာ့အမွေအနှစ်ဝင်ရောက်နိုင်ရေး ဆောင်ရွက်နေကြောင်း နစကဝန်ကြီး ဦးကိုကိုက ပြော သည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဦးကိုကိုက မတ်(၂၃)ရက်တွင် နေပြည်တော်ရှိ အမျိုးသားစာကြည်တိုက်တွင် ပြုလုပ်သော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ (၇၁)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာနှင့်ချိတ်ဆက်၍ ယဉ်ကျေးမှုဖလှယ်ပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် သင်တန်းသားများကို ပြည်ပသို့ စေလွှတ်သင်ကြားပေးလျက်ရှိသည့်အပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၊ ယူနက်စကို အဖွဲ့ တို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်နိုင်ရေးအတွက် WHC သို့တင်သွင်းရေးဆောင်ရွက်လျက်ရှိပြီး အတာသင်္ကြန်ကိုလည်း ကမ္ဘာအမွေအနှစ်ဝင်ရောက်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးဦးကိုကိုက ထည့်သွင်းပြောဆိုခဲ့သည်။

Zawgyi Version;
စော (NP News) - မတ်လ၂၄





Related news

© 2021. All rights reserved.