ယူကရိန်းစစ်ပွဲကြောင့် ရုရှားဟာ စစ်လက်နက်ပစ္စည်းများ ပေးပို့နိုင်ခြင်းမရှိခဲ့ကြောင်း အိန္ဒိယလေတပ် ပြော

 1109

ဂျန်ဇက် (NP News) - မတ် ၂၄

ယူကရိန်းစစ်ပွဲကြောင့် ရုရှားဟာ အိန္ဒိယနိုင်ငံကို စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းပေးပို့နိုင်ခြင်းမရှိခဲ့ကြောင်း အိန္ဒိယလေတပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အိန္ဒိယလေတပ်တာဝန်ရှိသူတစ်ဦးက အိန္ဒိယဟာ ရုရှားနိုင်ငံထံကနေ စစ်လက်နက်ပစ္စည်းများ ပြီးခဲ့တဲ့နှစ်များက ရယူနိုင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ လွှဲပြောင်းရယူနိုင်ခဲ့ခြင်းမရှိကြောင်း၊ ယူကရိန်းစစ်ပွဲကြောင့် ရုရှား ဟာ အိန္ဒိယကို စစ်လက်နက်ပစ္စည်းများ ပေးပို့ခဲ့ခြင်းမရှိခဲ့ကြောင်း လွှတ်တော်အတွင်း ပြောဆိုခဲ့ပါတယ်။

အိန္ဒိယလေတပ်တာဝန်ရှိသူတစ်ဦး က "ရုရှားဟာ စစ်ပွဲကြောင့် အိန္ဒိယနိုင်ငံထံ စစ်လက်နက်ပစ္စည်းများ လွှဲပြောင်း ပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့အချက်ကို စာရေး အကြောင်းကြားခဲ့တယ်" လို့ပြောပါတယ်။ အိန္ဒိယဟာ ရုရှားနိုင်ငံက စစ်လက်နက်ပစ္စည်းများ ဝယ်ယူနေပြီး ၂ဝ၁၈ ခုနှစ်က အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလျံတန်ဖိုးရှိ စစ်လက်နက် ပစ္စည်များ ဝယ်ယူခဲ့ရာ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ရုရှားဟာ အိန္ဒိယကို အဆိုပါလေကြောင်းရန်ကာကွယ်ရေးစနစ်သုံးခု လွှဲပြောင်းပေးထားပြီး နှစ်ခု ထပ်မံ လွှဲပြောင်းပေးဖို့ ကျန်နေသေးကြောင်း သိရပါတယ်။ အိန္ဒိယလေတပ်ဟာ Su-30MKI အမျိုးအစား တိုက်လေယာဉ် များ နဲ့ MiG-29 အမျိုးအစား တိုက်လေယာဉ်များအတွက် ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ အပိုပစ္စည်းများကို မှီခိုနေရဆဲ ဖြစ်ကြောင်း သိရပါတယ်။ ရုရှားနိုင်ငံဟာ ကမ္ဘာ့နိုင်ငံများထဲ စစ်လက်နက်ပစ္စည်း ဒုတိယအများဆုံး တင်ပို့နေတဲ့ နိုင်ငံဖြစ်ကြောင်း သိရပါတယ်။

ရုရှားသမ္မတဟာ စစ်လက်နက်ပစ္စည်းများကို လက်ရှိထက် ပိုမိုတိုးမြင့်ထုတ်လုပ်သွားမယ်လို့ မကြာသေးမီက ကြေညာခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ရုရှားဟာ စစ်ပွဲမှာအသုံးပြုဖို့အတွက် ၎င်းတို့ရဲ့ လက်နက်များကို အဓိကထားအသုံးပြုနေရပြီး၊ အိန္ဒိယနိုင်ငံ အပါအဝင် နိုင်ငံအချို့ထံ ပေးရမယ့်စစ်လက်နက်ပစ္စည်းများ နှောင့်နှေးလျက်ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
ယူကရိန္းစစ္ပြဲေၾကာင့္ ႐ုရွားဟာ စစ္လက္နက္ပစၥည္းမ်ား ေပးပို႔ႏိုင္ျခင္းမရွိခဲ့ေၾကာင္း အိႏၵိယေလတပ္ ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၄

ယူကရိန္းစစ္ပြဲေၾကာင့္ ႐ုရွားဟာ အိႏၵိယႏိုင္ငံကို စစ္လက္နက္ပစၥည္းမ်ား လႊဲေျပာင္းေပးပို႔ႏိုင္ျခင္းမရွိခဲ့ေၾကာင္း အိႏၵိယေလတပ္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အိႏၵိယေလတပ္တာဝန္ရွိသူတစ္ဦးက အိႏၵိယဟာ ႐ုရွားႏိုင္ငံထံကေန စစ္လက္နက္ပစၥည္းမ်ား ၿပီးခဲ့တဲ့ႏွစ္မ်ားက ရယူႏိုင္ခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ လႊဲေျပာင္းရယူႏိုင္ခဲ့ျခင္းမရွိေၾကာင္း၊ ယူကရိန္းစစ္ပြဲေၾကာင့္ ႐ုရွား ဟာ အိႏၵိယကို စစ္လက္နက္ပစၥည္းမ်ား ေပးပို႔ခဲ့ျခင္းမရွိခဲ့ေၾကာင္း လႊတ္ေတာ္အတြင္း ေျပာဆိုခဲ့ပါတယ္။

အိႏၵိယေလတပ္တာဝန္ရွိသူတစ္ဦး က "႐ုရွားဟာ စစ္ပြဲေၾကာင့္ အိႏၵိယႏိုင္ငံထံ စစ္လက္နက္ပစၥည္းမ်ား လႊဲေျပာင္း ေပးႏိုင္မွာ မဟုတ္ဘူးဆိုတဲ့အခ်က္ကို စာေရး အေၾကာင္းၾကားခဲ့တယ္" လို႔ေျပာပါတယ္။ အိႏၵိယဟာ ႐ုရွားႏိုင္ငံက စစ္လက္နက္ပစၥည္းမ်ား ဝယ္ယူေနၿပီး ၂ဝ၁၈ ခုႏွစ္က အေမရိကန္ေဒၚလာ ၅ ဒသမ ၄ ဘီလ်ံတန္ဖိုးရွိ စစ္လက္နက္ ပစၥည္မ်ား ဝယ္ယူခဲ့ရာ S-400 ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ား ပါဝင္ခဲ့ေၾကာင္း သိရပါတယ္။

႐ုရွားဟာ အိႏၵိယကို အဆိုပါေလေၾကာင္းရန္ကာကြယ္ေရးစနစ္သုံးခု လႊဲေျပာင္းေပးထားၿပီး ႏွစ္ခု ထပ္မံ လႊဲေျပာင္းေပးဖို႔ က်န္ေနေသးေၾကာင္း သိရပါတယ္။ အိႏၵိယေလတပ္ဟာ Su-30MKI အမ်ိဳးအစား တိုက္ေလယာဥ္ မ်ား နဲ႔ MiG-29 အမ်ိဳးအစား တိုက္ေလယာဥ္မ်ားအတြက္ ႐ုရွားႏိုင္ငံက ထုတ္လုပ္တဲ့ အပိုပစၥည္းမ်ားကို မွီခိုေနရဆဲ ျဖစ္ေၾကာင္း သိရပါတယ္။ ႐ုရွားႏိုင္ငံဟာ ကမာၻ႔ႏိုင္ငံမ်ားထဲ စစ္လက္နက္ပစၥည္း ဒုတိယအမ်ားဆုံး တင္ပို႔ေနတဲ့ ႏိုင္ငံျဖစ္ေၾကာင္း သိရပါတယ္။

႐ုရွားသမၼတဟာ စစ္လက္နက္ပစၥည္းမ်ားကို လက္ရွိထက္ ပိုမိုတိုးျမင့္ထုတ္လုပ္သြားမယ္လို႔ မၾကာေသးမီက ေၾကညာခဲ့ပါတယ္။ ယူကရိန္းစစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္း ႐ုရွားဟာ စစ္ပြဲမွာအသုံးျပဳဖို႔အတြက္ ၎တို႔ရဲ႕ လက္နက္မ်ားကို အဓိကထားအသုံးျပဳေနရၿပီး၊ အိႏၵိယႏိုင္ငံ အပါအဝင္ ႏိုင္ငံအခ်ိဳ႕ထံ ေပးရမယ့္စစ္လက္နက္ပစၥည္းမ်ား ေႏွာင့္ေႏွးလ်က္ရွိေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.