စစ်သင်္ဘောများ စေလွှတ်မှုများနဲ့ပတ်သက်ပြီး အမေရိကန်တို့ ဆိုးရွားတဲ့အကျိုးဆက်များ ရင်ဆိုင်ရမယ်လို့ တရုတ်စစ်ဘက် သတိပေး

 2203

ဂျန်ဇက် (NP News) - မတ် ၂၄

တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနေတဲ့ Paracel Islands ကျွန်းစုများအနီးကို အမေရိကန်ဖျက်သင်္ဘော ဝင်ရောက်လာမှုနဲ့ပတ်သက်ပြီး ဆိုးရွားတဲ့အကျိုးဆက်များ ပြန်ရင်ဆိုင်ရမှာဖြစ်ကြောင်း တရုတ်စစ်ဘက်က မတ်လ ၂၄ ရက်နေ့မှာ ထပ်မံ သတိပေးလိုက်ပါတယ်။

တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ဟာ အာရှဒေသအတွင်းမှာ ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုများကြောင့် တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်စစ်သင်္ဘောတွေ တောင်တရုတ်ပင်လယ်ထဲကို ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်ဖျက်သင်္ဘောတွေဟာ တရုတ်နိုင်ငံ အချုပ်အခြာနဲ့ ပိုင်နက်လုံခြုံရေးတို့ကို ချိုးဖောက်နေ ခြင်းဖြစ်ကြောင်း တရုတ်ဘက်က ပြောပါတယ်။ အမေရိကန်ဖျက်သင်္ဘာတွေ ဝင်ရောက်လာခဲ့ပြီးနောက် တရုတ် စစ်သင်္ဘောနဲ့ တိုက်လေယာဉ်များဟာ မောင်းထုတ်ဖို့ကြိုးပမ်းခဲ့ကြောင်း ပြောဆိုခဲ့ပေမယ့် အမေရိကန်ဘက် ကတော့ ငြင်းဆန်ထားပါတယ်။

အမေရိကန် အမှတ် ၇ ရေတပ်အုပ်စုပြောရေးဆိုခွင့်ရှိသူက အမေရိကန်စစ်သင်္ဘောဟာ မတ်လ ၂၄ ရက်မှာ ထပ်မံ ပြီး၊ တရုတ်နိုင်ငံက ၎င်းပိုင်ဆိုင်တယ်လို့ပြောနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားကျွန်းတွေနားကို ထပ်မံသွားရောက်ခဲ့ကြောင်း ပြောပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးတို့ ကို ထိခိုက်အောင်လုပ်ဆောင်နေကြောင်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tan Kefei က "အမေရိကန်စစ်သင်္ဘောတွေဟာ တရုတ်နိုင်ငံ အချုပ်အခြာ၊ ပိုင်နက်လုံခြုံရေးတို့ကို ချိုးဖောက်နေသလို နိုင်ငံတကာဥပဒေများကိုလည်း ချိုးဖောက်နေတယ်။ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်နေတယ်။ အမေရိကန်ရဲ့ လုပ်ရပ်တွေက ရန်စတဲ့ လုပ်ရပ်မျိုးဖြစ်တယ်။ အမေရိကန်ဟာ ရန်စတဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်စေလို တယ်။ ရပ်တန့်မှုမရှိဘူးဆိုရင် မျှော်လင့်မထားတဲ့အကျိုးဆက်တွေ ရင်ဆိုင်ရနိုင်တယ်" လို့ ပြောပါတယ်။

တရုတ်စစ်တပ်အနေနဲ့ လုံခြုံရေးအတွက် လိုအပ်သလို စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် အသေးစိတ်အခြေအနေများကို ပြောဆိုခဲ့ခြင်းမရှိကြောင်း သိရပါတယ်။

Zawgyi Version;
စစ္သေဘၤာမ်ား ေစလႊတ္မႈမ်ားနဲ႔ပတ္သက္ၿပီး အေမရိကန္တို႔ ဆိုး႐ြားတဲ့အက်ိဳးဆက္မ်ား ရင္ဆိုင္ရမယ္လို႔ တ႐ုတ္စစ္ဘက္ သတိေပး
ဂ်န္ဇက္ (NP News) - မတ္ ၂၄

ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ အျငင္းပြားေနတဲ့ Paracel Islands ကြၽန္းစုမ်ားအနီးကို အေမရိကန္ဖ်က္သေဘၤာ ဝင္ေရာက္လာမႈနဲ႔ပတ္သက္ၿပီး ဆိုး႐ြားတဲ့အက်ိဳးဆက္မ်ား ျပန္ရင္ဆိုင္ရမွာျဖစ္ေၾကာင္း တ႐ုတ္စစ္ဘက္က မတ္လ ၂၄ ရက္ေန႔မွာ ထပ္မံ သတိေပးလိုက္ပါတယ္။

တ႐ုတ္နဲ႔ အေမရိကန္ႏိုင္ငံတို႔ဟာ အာရွေဒသအတြင္းမွာ ပထဝီႏိုင္ငံေရးၿပိဳင္ဆိုင္မႈမ်ားေၾကာင့္ တင္းမာမႈေတြ ျမင့္တက္ေနခ်ိန္မွာ အေမရိကန္စစ္သေဘၤာေတြ ေတာင္တ႐ုတ္ပင္လယ္ထဲကို ဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ အေမရိကန္ဖ်က္သေဘၤာေတြဟာ တ႐ုတ္ႏိုင္ငံ အခ်ဳပ္အျခာနဲ႔ ပိုင္နက္လုံၿခဳံေရးတို႔ကို ခ်ိဳးေဖာက္ေန ျခင္းျဖစ္ေၾကာင္း တ႐ုတ္ဘက္က ေျပာပါတယ္။ အေမရိကန္ဖ်က္သဘၤာေတြ ဝင္ေရာက္လာခဲ့ၿပီးေနာက္ တ႐ုတ္ စစ္သေဘၤာနဲ႔ တိုက္ေလယာဥ္မ်ားဟာ ေမာင္းထုတ္ဖို႔ႀကိဳးပမ္းခဲ့ေၾကာင္း ေျပာဆိုခဲ့ေပမယ့္ အေမရိကန္ဘက္ ကေတာ့ ျငင္းဆန္ထားပါတယ္။

အေမရိကန္ အမွတ္ ၇ ေရတပ္အုပ္စုေျပာေရးဆိုခြင့္ရွိသူက အေမရိကန္စစ္သေဘၤာဟာ မတ္လ ၂၄ ရက္မွာ ထပ္မံ ၿပီး၊ တ႐ုတ္ႏိုင္ငံက ၎ပိုင္ဆိုင္တယ္လို႔ေျပာေနတဲ့ ေတာင္တ႐ုတ္ပင္လယ္အတြင္း အျငင္းပြားကြၽန္းေတြနားကို ထပ္မံသြားေရာက္ခဲ့ေၾကာင္း ေျပာပါတယ္။

တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ အေမရိကန္ဟာ ေတာင္တ႐ုတ္ပင္လယ္တည္ၿငိမ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးတို႔ ကို ထိခိုက္ေအာင္လုပ္ေဆာင္ေနေၾကာင္း ေဝဖန္ျပစ္တင္ခဲ့ပါတယ္။
တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Tan Kefei က "အေမရိကန္စစ္သေဘၤာေတြဟာ တ႐ုတ္ႏိုင္ငံ အခ်ဳပ္အျခာ၊ ပိုင္နက္လုံၿခဳံေရးတို႔ကို ခ်ိဳးေဖာက္ေနသလို ႏိုင္ငံတကာဥပေဒမ်ားကိုလည္း ခ်ိဳးေဖာက္ေနတယ္။ အေမရိကန္ဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္း စစ္ေရးလႈပ္ရွားမႈေတြ ပိုမိုလုပ္ေဆာင္ေနတယ္။ အေမရိကန္ရဲ႕ လုပ္ရပ္ေတြက ရန္စတဲ့ လုပ္ရပ္မ်ိဳးျဖစ္တယ္။ အေမရိကန္ဟာ ရန္စတဲ့လုပ္ရပ္ေတြကို ခ်က္ခ်င္းရပ္တန႔္ေစလို တယ္။ ရပ္တန႔္မႈမရွိဘူးဆိုရင္ ေမွ်ာ္လင့္မထားတဲ့အက်ိဳးဆက္ေတြ ရင္ဆိုင္ရႏိုင္တယ္" လို႔ ေျပာပါတယ္။

တ႐ုတ္စစ္တပ္အေနနဲ႔ လုံၿခဳံေရးအတြက္ လိုအပ္သလို စီမံေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ေပမယ့္ အေသးစိတ္အေျခအေနမ်ားကို ေျပာဆိုခဲ့ျခင္းမရွိေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.