ဗဟန်းမြို့နယ်တွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေပြီး မော်တော်ယာဉ်‌ ပျောက်ဆုံးနေ

 1021

Pearl (NP News) - မတ် ၂၄

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်တွင်အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေပြီး ၎င်း၏ မော်တော်ယာဉ်‌ ပျောက်ဆုံးနေကြောင်း မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂၃ ရက်) ၊ နံနက်ပိုင်းတွင် ဗဟန်းမြို့နယ် ဗိုလ်ချို( ၂)ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုရပ်ကွက် နတ်မောက်လမ်းသွယ်(၁)အနီးတွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေခဲ့ကြောင်း သိရသည်။

၎င်းသေဆုံးသူမှာ ကြည်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်၊ သိင်္ဂီလမ်းနေသူဖြစ်ပီး ၎င်းပိုင်ဆိုင်သော Cherry QQ အမျိုးအစား မော်တော်ယာဥ်မှာ ပျောက်ဆုံးနေကြောင်း မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ထံမှ ဆိုသည်။

လက်ရှိတွင် ၎င်းရုပ်အလောင်းအား ရန်ကုန်ဆေးရုံ ရေခဲတိုက်သို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

Zawgyi Version;
ဗဟန္းၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦး ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနၿပီး ေမာ္ေတာ္ယာဥ္‌ ေပ်ာက္ဆုံးေန
Pearl (NP News) - မတ္ ၂၄

ရန္ကုန္တိုင္း၊ ဗဟန္းၿမိဳ႕နယ္တြင္အမ်ိဳးသားတစ္ဦး ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနၿပီး ၎၏ ေမာ္ေတာ္ယာဥ္‌ ေပ်ာက္ဆုံးေနေၾကာင္း ျမန္မာမြတ္စလင္မ္ပရဟိတအဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၂၃ ရက္) ၊ နံနက္ပိုင္းတြင္ ဗဟန္းၿမိဳ႕နယ္ ဗိုလ္ခ်ိဳ( ၂)ရပ္ကြက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုရပ္ကြက္ နတ္ေမာက္လမ္းသြယ္(၁)အနီးတြင္ အမ်ိဳးသားတစ္ဦး ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနခဲ့ေၾကာင္း သိရသည္။

၎ေသဆုံးသူမွာ ၾကည္ျမင္တိုင္ၿမိဳ႕နယ္၊ သီတာရပ္ကြက္၊ သိဂႌလမ္းေနသူျဖစ္ပီး ၎ပိုင္ဆိုင္ေသာ Cherry QQ အမ်ိဳးအစား ေမာ္ေတာ္ယာဥ္မွာ ေပ်ာက္ဆုံးေနေၾကာင္း ျမန္မာမြတ္စလင္မ္ပရဟိတအဖြဲ႕ထံမွ ဆိုသည္။

လက္ရွိတြင္ ၎႐ုပ္အေလာင္းအား ရန္ကုန္ေဆး႐ုံ ေရခဲတိုက္သို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.