ကြိုးဆွဲချသေဆုံးမှုနှင့် ရေနစ်သေဆုံးမှုဖြစ်စဉ် (၂)ခု ကြို့ပင်ကောက်မြို့နယ်တွင်ဖြစ်ပွား

 939

Pearl (NP News) - မတ် ၂၄

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ကြိုးဆွဲချသေဆုံးမှုနှင့် ရေနစ်သေဆုံးမှုဖြစ်စဉ် (၂)ခု ဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်း(ကြို့ပင်ကောက်) ထံမှ သတင်းရရှိသည်။

ယနေ့ (မတ်လ ၂၄ ရက်)၊ နံနက် (၇)နာရီအချိန်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ဂုမ္မကွင်းအုပ်စု ကြို့ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရွာထိပ်ရှိ တံတားပေါ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်ခဲ့ကြောင်း သိရသည်။

"သူက အရက်ကြောင်ကြောင်တယ်ထင်တယ်၊ ကျွန်တော်တို့ကို အကြောင်းကြားတာ (၇)နာရီ (၁ဝ) မိနစ်လောက် က၊ ဖြစ်တာတော့ တော်တော်ကြာပြီထင်တယ်၊ ရောက်ပြီး နာရီဝက်လောက်နေမှ ကြိုးဖြည်ပြီး Deadbody ကို ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ပေးလိုက်တာပါ" ဟု နာရေးကူညီမှုအသင်း (ကြို့ပင်ကောက်) ၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။

အဆိုပါသေဆုံးသူသည် ကြို့ကုန်းကျေးရွာတွင်နေထိုင်သော ကိုလင်းထွန်း (၄၃)နှစ်ဖြစ်ကြောင်း သိရသည်။

အလားတူ ညနေ (၅)နာရီခွဲအချိန်ခန့်တွင် ကြို့ပင်ကောက်မြို့၊ ကံဦးလမ်း(၂)လမ်း နှင့် လှည်းတန်းလမ်းထောင့်ရှိ ရေမြောင်းထဲတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

မောင်လူချော (၃၅)နှစ်သည် အဆိုပါရေမြောင်းဘေးတွင် ထိုင်နေစဉ် ရုတ်တရက် အကြောတတ်ဝေဒနာဖြစ်ပေါ်ကာ ရေမြောင်းထဲသို့ ပြုတ်ကျ၍ ရေနစ်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ Dead Body အား နာရေးကူညီမှုအသင်း (ကြို့ပင်ကောက်) မှ ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ႀကိဳးဆြဲခ်ေသဆုံးမႈႏွင့္ ေရနစ္ေသဆုံးမႈျဖစ္စဥ္ (၂)ခု ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္တြင္ျဖစ္ပြား
Pearl (NP News) - မတ္ ၂၄

ပဲခူးတိုင္း၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္တြင္ ႀကိဳးဆြဲခ်ေသဆုံးမႈႏွင့္ ေရနစ္ေသဆုံးမႈျဖစ္စဥ္ (၂)ခု ျဖစ္ပြားခဲ့ေၾကာင္း နာေရးကူညီမႈအသင္း(ႀကိဳ႕ပင္ေကာက္) ထံမွ သတင္းရရွိသည္။

ယေန႔ (မတ္လ ၂၄ ရက္)၊ နံနက္ (၇)နာရီအခ်ိန္ခန႔္တြင္ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္၊ ဂုမၼကြင္းအုပ္စု ႀကိဳ႕ကုန္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ႐ြာထိပ္ရွိ တံတားေပၚတြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္ခဲ့ေၾကာင္း သိရသည္။

"သူက အရက္ေၾကာင္ေၾကာင္တယ္ထင္တယ္၊ ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားတာ (၇)နာရီ (၁ဝ) မိနစ္ေလာက္ က၊ ျဖစ္တာေတာ့ ေတာ္ေတာ္ၾကာၿပီထင္တယ္၊ ေရာက္ၿပီး နာရီဝက္ေလာက္ေနမွ ႀကိဳးျဖည္ၿပီး Deadbody ကို ျပည္သူ႔ေဆး႐ုံ ရင္ခြဲ႐ုံကို ပို႔ေပးလိုက္တာပါ" ဟု နာေရးကူညီမႈအသင္း (ႀကိဳ႕ပင္ေကာက္) ၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။

အဆိုပါေသဆုံးသူသည္ ႀကိဳ႕ကုန္းေက်း႐ြာတြင္ေနထိုင္ေသာ ကိုလင္းထြန္း (၄၃)ႏွစ္ျဖစ္ေၾကာင္း သိရသည္။

အလားတူ ညေန (၅)နာရီခြဲအခ်ိန္ခန႔္တြင္ ႀကိဳ႕ပင္ေကာက္ၿမိဳ႕၊ ကံဦးလမ္း(၂)လမ္း ႏွင့္ လွည္းတန္းလမ္းေထာင့္ရွိ ေရေျမာင္းထဲတြင္ အမ်ိဳးသားတစ္ဦး ေရနစ္ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ေမာင္လူေခ်ာ (၃၅)ႏွစ္သည္ အဆိုပါေရေျမာင္းေဘးတြင္ ထိုင္ေနစဥ္ ႐ုတ္တရက္ အေၾကာတတ္ေဝဒနာျဖစ္ေပၚကာ ေရေျမာင္းထဲသို႔ ျပဳတ္က်၍ ေရနစ္ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ Dead Body အား နာေရးကူညီမႈအသင္း (ႀကိဳ႕ပင္ေကာက္) မွ ျပည္သူ႔ေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.