အမေရိကန်နဲ့ သဘောတူညီချက်အရ ကနေဒါနိုင်ငံက နိုင်ငံအတွင်း ခိုလှုံဝင်ရောက်လာသူတွေ ခိုလှုံခွင့် ပြန်သိမ်းမည်

 1121

ရောင်နီ (NP News) - မတ် ၂၄

အမေရိကန်နဲ့ ကနေဒါဟာ နယ်ခြား ခိုလှုံခွင့်တောင်းသူများကို ခိုလှုံခွင့်ပြန်သိမ်းမယ့် သဘောတူညီချက် စာချုပ် ချုပ်ဆိုခဲ့ရာ ရွှေ့ပြောင်းနေထိုင်သူများထံမှ မကြေနပ်သံများ ထွက်ပေါ်လာခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒမ်ဟာ ၂ဝ၂၁ ခုနှစ် အစောပိုင်းက ရာထူးရရှိလာပြီးနောက် ၎င်းရဲ့ ပထမဆုံး တရားဝင် ခရီးစဉ်အဖြစ် ကနေဒါမြို့တော် အော့တဝါ သို့လာရောက်လည်ပတ်စဉ် ကြသပတေးနေ့က အဆိုပါ အကြို သဘောတူညီချက် စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ ဘိုင်ဒမ်နဲ့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒူ က အဆိုပါ သဘောတူညီချက်ကို မတ်လ ၂၄ ရက်၊ သောကြာနေ့မှာ အတည်ပြုခဲ့ပါတယ်။

ကနေဒါ ရွှေ့ပြောင်းနေထိုင်သူများ အခွင့်အရေးကွန်ရက်က ယင်းလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ၎င်းဟာ ရွှေ့ပြောင်း နေထိုင်သူများကို ၎င်းတို့ခိုလှုံရာရှာနေစဉ် “ပိုမိုအန္တရာယ်များသော လမ်းကြောင်းများဆီသို့” တွန်းအားပေးနေခြင်း ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အမေရိကန်နဲ့ ကနေဒါဟာ ရှေးရိုးဆန်သော နိုင်ငံရေးသမားများရဲ့ တိုက်ခိုက်မှုများကြား ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်များအတွက် ပိုမိုတင်းကျပ်တဲ့ အစီအမံများ ချမှတ်ထားတာကြောင့် ခေါင်းဆောင်နှစ်ဦးစလုံးဟာ ၎င်းတို့ရဲ့ တာဝန်ဝတ္တရားများကို ငြင်းပယ်တယ်လို့ လူဝင်မှုကြီးကြပ်ရေး အဖွဲ့များက စွပ်စွဲထားပါတယ်။ သဘောတူညီချက် ဟာ the Safe Third Country Agreement (STCA) မူဝါဒကို ပြန်လည် အကျယ်ဖြန့်ထားပြီး အမေရိကန်နဲ့ ကနေဒါ နှစ်နိုင်ငံစလုံးဟာ ဒုက္ခသည်များအတွက် ဘေးကင်းလုံခြုံသော နိုင်ငံဖြစ်ကြောင်းနဲ့ မူဝါဒအရ ဒုက္ခသည် များဟာ ပထမဦးဆုံးရောက်ရှိတဲ့ နိုင်ငံမှာသာ ခိုလှုံခွင့် လျှောက်ထားရမယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် နိုင်ငံဖြတ်ကျော်ဝင်ရောက်လာသူတွေကို လက်ခံခွင့် ရှောင်ဖယ်နိုင်ပါတယ်။ ယင်းကြောင့် ကနေဒါဟာ ၎င်းတို့ရဲ့အသနားခံစာများကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ အမေရိကန်နယ်စပ်တလျှောက် ခိုလှုံခွင့်တောင်းသူ များကို တရားဝင် ပြန်လွှတ်နိုင်ပါတယ်။

နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒများနဲ့ပတ်သက်ပြီး အချေအတင်ဖြစ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်နဲ့ ကနေဒါနိုင်ငံ ကွာဘက် ကြားရှိ Roxham Road ကဲ့သို့သော တရားမဝင်ဖြတ်ကျော်မှုများ မှတစ်ဆင့် ပြီးခဲ့တဲ့ နှစ်က ကနေဒါကို လူ ၃၉ဝဝဝ ခန့် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္နဲ႔ သေဘာတူညီခ်က္အရ ကေနဒါႏိုင္ငံက ႏိုင္ငံအတြင္း ခိုလႈံဝင္ေရာက္လာသူေတြ ခိုလႈံခြင့္ ျပန္သိမ္းမည္
ေရာင္နီ (NP News) - မတ္ ၂၄

အေမရိကန္နဲ႔ ကေနဒါဟာ နယ္ျခား ခိုလႈံခြင့္ေတာင္းသူမ်ားကို ခိုလႈံခြင့္ျပန္သိမ္းမယ့္ သေဘာတူညီခ်က္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ရာ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားထံမွ မေၾကနပ္သံမ်ား ထြက္ေပၚလာခဲ့ပါတယ္။

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒမ္ဟာ ၂ဝ၂၁ ခုႏွစ္ အေစာပိုင္းက ရာထူးရရွိလာၿပီးေနာက္ ၎ရဲ႕ ပထမဆုံး တရားဝင္ ခရီးစဥ္အျဖစ္ ကေနဒါၿမိဳ႕ေတာ္ ေအာ့တဝါ သို႔လာေရာက္လည္ပတ္စဥ္ ၾကသပေတးေန႔က အဆိုပါ အႀကိဳ သေဘာတူညီခ်က္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္ပါတယ္။ ဘိုင္ဒမ္နဲ႔ ကေနဒါဝန္ႀကီးခ်ဳပ္ ဂ်က္စတင္ထ႐ူဒူ က အဆိုပါ သေဘာတူညီခ်က္ကို မတ္လ ၂၄ ရက္၊ ေသာၾကာေန႔မွာ အတည္ျပဳခဲ့ပါတယ္။

ကေနဒါ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား အခြင့္အေရးကြန္ရက္က ယင္းလုပ္ရပ္ကို ရႈတ္ခ်ခဲ့ၿပီး ၎ဟာ ေ႐ႊ႕ေျပာင္း ေနထိုင္သူမ်ားကို ၎တို႔ခိုလႈံရာရွာေနစဥ္ “ပိုမိုအႏၲရာယ္မ်ားေသာ လမ္းေၾကာင္းမ်ားဆီသို႔” တြန္းအားေပးေနျခင္း ျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အေမရိကန္နဲ႔ ကေနဒါဟာ ေရွး႐ိုးဆန္ေသာ ႏိုင္ငံေရးသမားမ်ားရဲ႕ တိုက္ခိုက္မႈမ်ားၾကား ေ႐ႊ႕ေျပာင္းေနထိုင္သူ ဒုကၡသည္မ်ားအတြက္ ပိုမိုတင္းက်ပ္တဲ့ အစီအမံမ်ား ခ်မွတ္ထားတာေၾကာင့္ ေခါင္းေဆာင္ႏွစ္ဦးစလုံးဟာ ၎တို႔ရဲ႕ တာဝန္ဝတၱရားမ်ားကို ျငင္းပယ္တယ္လို႔ လူဝင္မႈႀကီးၾကပ္ေရး အဖြဲ႕မ်ားက စြပ္စြဲထားပါတယ္။ သေဘာတူညီခ်က္ ဟာ the Safe Third Country Agreement (STCA) မူဝါဒကို ျပန္လည္ အက်ယ္ျဖန႔္ထားၿပီး အေမရိကန္နဲ႔ ကေနဒါ ႏွစ္ႏိုင္ငံစလုံးဟာ ဒုကၡသည္မ်ားအတြက္ ေဘးကင္းလုံၿခဳံေသာ ႏိုင္ငံျဖစ္ေၾကာင္းနဲ႔ မူဝါဒအရ ဒုကၡသည္ မ်ားဟာ ပထမဦးဆုံးေရာက္ရွိတဲ့ ႏိုင္ငံမွာသာ ခိုလႈံခြင့္ ေလွ်ာက္ထားရမယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ ႏိုင္ငံျဖတ္ေက်ာ္ဝင္ေရာက္လာသူေတြကို လက္ခံခြင့္ ေရွာင္ဖယ္ႏိုင္ပါတယ္။ ယင္းေၾကာင့္ ကေနဒါဟာ ၎တို႔ရဲ႕အသနားခံစာမ်ားကို ထည့္သြင္းစဥ္းစားျခင္း မရွိဘဲ အေမရိကန္နယ္စပ္တေလွ်ာက္ ခိုလႈံခြင့္ေတာင္းသူ မ်ားကို တရားဝင္ ျပန္လႊတ္ႏိုင္ပါတယ္။

ႏိုင္ငံရဲ႕ လူဝင္မႈႀကီးၾကပ္ေရးမူဝါဒမ်ားနဲ႔ပတ္သက္ၿပီး အေခ်အတင္ျဖစ္ခဲ့တဲ့ အေမရိကန္ျပည္ေထာင္စု နယူးေယာက္ျပည္နယ္နဲ႔ ကေနဒါႏိုင္ငံ ကြာဘက္ ၾကားရွိ Roxham Road ကဲ့သို႔ေသာ တရားမဝင္ျဖတ္ေက်ာ္မႈမ်ား မွတစ္ဆင့္ ၿပီးခဲ့တဲ့ ႏွစ္က ကေနဒါကို လူ ၃၉ဝဝဝ ခန႔္ ဝင္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.