ထိုင်းနိုင်ငံမှာ အငြင်းပွားဖွယ် The Chatree complex ရွှေတူးဖော်ရေးလုပ်ငန်း ပြန်လည်ဖွင့်လှစ်

 857

ရောင်နီ (NP News) - မတ် ၂၄

ထိုင်းနိုင်ငံရှိ အငြင်းပွားဖွယ် ရွှေတွင်းတစ်ခုဟာ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိုးရိမ်မှုများကြောင့် အစိုးရက ပိတ်သိမ်းခဲ့ပြီး ခြောက်နှစ်ကျော်အကြာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ (မတ် ၂၃ ရက်) မှာတော့ ပြန်လည် စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၆ နှစ်က နိုင်ငံတော် မြောက်ဘက်ရှိ ကျေးလက်ခရိုင် ၃ ခုမှာ ရှိနေတဲ့ The Chatree complex မှာ ရွှေတူး ဖော်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းဟာ ကောက်ပဲသီးနှံမျာနဲ့ တိရစ္ဆာန်များကို အဆိပ်သင့်စေတာကြောင့် ယင်း ဒေသမှာ နေထိုင်တဲ့ ရွာသားများက ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ပါတယ်။ ယင်းအချိန်က ထိုင်းအစိုးရဟာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများအတွက် ရှားရှားပါးပါး နိုင်ပွဲပေးခဲ့ကာ ၂ဝ၁၆ ခုနှစ် မေလကစ ရပ်နား ဖို့ အမိန့်ပေးခဲ့ပါတယ်။

သတ္တုတွင်းရဲ့ပိုင်ရှင် သြစတြေးလျကုမ္ပဏီ Kingsgate Consolidated က ယင်းအတွက် လျော်ကြေးငွေ ဒေါ်လာသန်းရာနဲ့ချီ လျော်ကြေးပေးဖို့ ခုံသမာဓိမှ တရားစွဲတင်ခဲ့ပေမယ့် ညှိနှိုင်းမှုအပြီးမှာ မိုင်းတွင်းကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုဖို့ အစိုးရက ပြီးခဲ့တဲ့နှစ်က သဘောတူခဲ့ပါတယ်။ ရွှေမိုင်းတွင်းဟာ ယခုပြန်လည်ဖွင့်လှစ်ရာမှာ ထိုင်းနိုင်ငံရှိ လုပ်ငန်းခွဲ Akara Resources နဲ့ လည်ပတ်နေပြီး ၄င်းရဲ့ ၂ဝ၁၆ ခုနှစ်က သိုလှောင်ထားတဲ့ သတ္တုရိုင်းများကို ပြုပြင်ကာ ပထမဆုံး ရွှေ-ငွေသတ္တုစပ်အတုံးများကို ကြသပတေးနေ့က ထုတ်လုပ်ခဲ့ပါတယ်။

Akara Resources သတ္တုတူးဖော်ရေးမန်နေဂျာ ရော့ကင်နိုင်ရာ့ က မိုင်းတွင်း ပြန်လည်ဖွင့်လှစ်ခြင်းဟာ ဧရိယာ အတွက် တိုးတက်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ "ဒါက ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့် အလမ်းတွေ ပေါ်ပေါက်လာမယ်လို့ ဆိုလိုတာပါ" လို့ ၄င်းက ဆိုပါတယ်။

မိုင်းတွင်းမှာ လက်ရှိ လုပ်သားအင်အားမှာ ၂၈ဝ ထိ ရှိပေမယ့်လည်း လာမယ့်နှစ်များအတွင်း နှစ်ဆကျော် ရှိလာနိုင် တယ်လို့ ဆိုပါတယ်။ မိုင်းတွင်း ပြန်လည်ဖွင့်လှစ်မှုဟာ တစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရွှေဈေး တစ်အောင် စလျှင် အမေရိကန်ဒေါ်လာ ၂ဝဝဝ အထိ တက်လာခြင်းနဲ့ တိုက်ဆိုင်နေပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ရွာသားအချို့ရဲ့ သွေးစစ်ဆေးမှုမှာ အာဆင်းနစ်၊ မန်းဂနိစ် နဲ့ ဆိုင်ယာနိုက် အပါအဝင် သတ္တုဓာတ်များ ပါဝင်နေတာကို တွေ့ရှိတာကြောင့် ရွှေလုပ်ငန်းအတွက် သတိပေးသံများ ထွက်ပေါ်လာခဲ့ပါတယ်။ သို့ပေမယ့် အာဆင်းနစ်နဲ့ မန်းဂနိစ်ဓါတ်တွေဟာ ယင်းဒေသမှာ သဘာဝအတိုင်းဖြစ်ပေါ်နေကြောင်း မိုင်းတွင်းမှ တာဝန်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

Chatree ဟာ ၂ဝဝ၁ - ၂ဝ၁၇ ခုနှစ်အတွင်း ရွှေ ၁.၈ သန်းနဲ့ ငွေအောင်စ ၉ သန်းကျော် ထုတ်လုပ်ခဲ့တယ်လို့ သိရပါ တယ်။

Zawgyi Version;
ထိုင္းႏိုင္ငံမွာ အျငင္းပြားဖြယ္ The Chatree complex ေ႐ႊတူးေဖာ္ေရးလုပ္ငန္း ျပန္လည္ဖြင့္လွစ္
ေရာင္နီ (NP News) - မတ္ ၂၄

ထိုင္းႏိုင္ငံရွိ အျငင္းပြားဖြယ္ ေ႐ႊတြင္းတစ္ခုဟာ က်န္းမာေရးနဲ႔ သဘာဝပတ္ဝန္းက်င္ဆိုင္ရာစိုးရိမ္မႈမ်ားေၾကာင့္ အစိုးရက ပိတ္သိမ္းခဲ့ၿပီး ေျခာက္ႏွစ္ေက်ာ္အၾကာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ (မတ္ ၂၃ ရက္) မွာေတာ့ ျပန္လည္ စတင္ဖြင့္လွစ္ခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ၆ ႏွစ္က ႏိုင္ငံေတာ္ ေျမာက္ဘက္ရွိ ေက်းလက္ခ႐ိုင္ ၃ ခုမွာ ရွိေနတဲ့ The Chatree complex မွာ ေ႐ႊတူး ေဖာ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ျခင္းဟာ ေကာက္ပဲသီးႏွံမ်ာနဲ႔ တိရစာၦန္မ်ားကို အဆိပ္သင့္ေစတာေၾကာင့္ ယင္း ေဒသမွာ ေနထိုင္တဲ့ ႐ြာသားမ်ားက ဆႏၵျပမႈမ်ား လုပ္ေဆာင္ခဲ့ပါတယ္။ ယင္းအခ်ိန္က ထိုင္းအစိုးရဟာ သဘာဝ ပတ္ဝန္းက်င္ဆိုင္ရာ တက္ႂကြလႈပ္ရွားသူမ်ားအတြက္ ရွားရွားပါးပါး ႏိုင္ပြဲေပးခဲ့ကာ ၂ဝ၁၆ ခုႏွစ္ ေမလကစ ရပ္နား ဖို႔ အမိန႔္ေပးခဲ့ပါတယ္။

သတၱဳတြင္းရဲ႕ပိုင္ရွင္ ၾသစေၾတးလ်ကုမၸဏီ Kingsgate Consolidated က ယင္းအတြက္ ေလ်ာ္ေၾကးေငြ ေဒၚလာသန္းရာနဲ႔ခ်ီ ေလ်ာ္ေၾကးေပးဖို႔ ခုံသမာဓိမွ တရားစြဲတင္ခဲ့ေပမယ့္ ညႇိႏႈိင္းမႈအၿပီးမွာ မိုင္းတြင္းကို ျပန္လည္ ဖြင့္လွစ္ခြင့္ျပဳဖို႔ အစိုးရက ၿပီးခဲ့တဲ့ႏွစ္က သေဘာတူခဲ့ပါတယ္။ ေ႐ႊမိုင္းတြင္းဟာ ယခုျပန္လည္ဖြင့္လွစ္ရာမွာ ထိုင္းႏိုင္ငံရွိ လုပ္ငန္းခြဲ Akara Resources နဲ႔ လည္ပတ္ေနၿပီး ၄င္းရဲ႕ ၂ဝ၁၆ ခုႏွစ္က သိုေလွာင္ထားတဲ့ သတၱဳ႐ိုင္းမ်ားကို ျပဳျပင္ကာ ပထမဆုံး ေ႐ႊ-ေငြသတၱဳစပ္အတုံးမ်ားကို ၾကသပေတးေန႔က ထုတ္လုပ္ခဲ့ပါတယ္။

Akara Resources သတၱဳတူးေဖာ္ေရးမန္ေနဂ်ာ ေရာ့ကင္ႏိုင္ရာ့ က မိုင္းတြင္း ျပန္လည္ဖြင့္လွစ္ျခင္းဟာ ဧရိယာ အတြက္ တိုးတက္မႈတစ္ခုျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ "ဒါက ေဒသခံေတြအတြက္ အလုပ္အကိုင္အခြင့္ အလမ္းေတြ ေပၚေပါက္လာမယ္လို႔ ဆိုလိုတာပါ" လို႔ ၄င္းက ဆိုပါတယ္။

မိုင္းတြင္းမွာ လက္ရွိ လုပ္သားအင္အားမွာ ၂၈ဝ ထိ ရွိေပမယ့္လည္း လာမယ့္ႏွစ္မ်ားအတြင္း ႏွစ္ဆေက်ာ္ ရွိလာႏိုင္ တယ္လို႔ ဆိုပါတယ္။ မိုင္းတြင္း ျပန္လည္ဖြင့္လွစ္မႈဟာ တစ္ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ေ႐ႊေဈး တစ္ေအာင္ စလွ်င္ အေမရိကန္ေဒၚလာ ၂ဝဝဝ အထိ တက္လာျခင္းနဲ႔ တိုက္ဆိုင္ေနပါတယ္။

လြန္ခဲ့တဲ့ ဆယ္ႏွစ္ခန႔္က ႐ြာသားအခ်ိဳ႕ရဲ႕ ေသြးစစ္ေဆးမႈမွာ အာဆင္းနစ္၊ မန္းဂနိစ္ နဲ႔ ဆိုင္ယာႏိုက္ အပါအဝင္ သတၱဳဓာတ္မ်ား ပါဝင္ေနတာကို ေတြ႕ရွိတာေၾကာင့္ ေ႐ႊလုပ္ငန္းအတြက္ သတိေပးသံမ်ား ထြက္ေပၚလာခဲ့ပါတယ္။ သို႔ေပမယ့္ အာဆင္းနစ္နဲ႔ မန္းဂနိစ္ဓါတ္ေတြဟာ ယင္းေဒသမွာ သဘာဝအတိုင္းျဖစ္ေပၚေနေၾကာင္း မိုင္းတြင္းမွ တာဝန္မရွိေၾကာင္း ျငင္းဆိုခဲ့ပါတယ္။

Chatree ဟာ ၂ဝဝ၁ - ၂ဝ၁၇ ခုႏွစ္အတြင္း ေ႐ႊ ၁.၈ သန္းနဲ႔ ေငြေအာင္စ ၉ သန္းေက်ာ္ ထုတ္လုပ္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.