ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းရှိ ရေနံလုပ်ကွက်မှာတပ်စွဲထားတဲ့ အမေရိကန်စခန်းကို ဒုံးကျည်များနဲ့ တိုက်ခိုက်ခံရ

 2037

ဂျန်ဇက် (NP News) - မတ် ၂၄

ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းရှိ Al-Omar ရေနံလုပ်ကွက်မှာ အခြေစိုက်ထားတဲ့ အမေရိကန်စစ်အခြေစိုက် စခန်းတစ်ခု မတ်လ ၂၄ ရက်၊ နံနက်ပိုင်းက ဒုံးကျည်များနဲ့ တိုက်ခိုက်ခံရကြောင်း သိရပါတယ်။

ဆီးရီးယားနဲ့နီးစပ်တဲ့ လုံခြုံရေးသတင်းအရင်းမြစ်က ရေနံလုပ်ကွက်ရှိအမေရိကန်အခြေစိုက်စခန်းတစ်ခုဟာ မတ်လ ၂၄ ရက်၊ နံနက် ၁၁ နာရီမှာ ဒုံးကျည်နဲ့တိုက်ခိုက်ခံရပြီး လူဘယ်နှစ်ဦး သေဆုံးသလဲဆိုတဲ့အချက်ကို မသိသေးကြောင်း ဆိုပါတယ်။ ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းရှိ အမေရိကန်စခန်းတစ်ခုဟာ မတ်လ ၂၃ ရက်ကလည်း အီရန်နဲ့ဆက်နွယ်တဲ့ ဆီးရီးယားလက်နက်ကိုင်အဖွဲ့များက ဒရုန်းများနဲ့တိုက်ခိုက်ခံရပြီး အမေရိကန် ကန်ထရိုက်တစ်ဦးအပြင် အမေရိကန်တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးသွားခဲ့ကြောင်း သိရပါတယ်။

အမေရိကန်ဟာ အီရန်နိုင်ငံကူညီပေးနေတဲ့ ဆီးရီးယားနိုင်ငံအတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များကို ပစ်မှတ်ထားပြီး လေကြောင်းက လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင် က အီရန်နိုင်ငံနဲ့ဆက်နွယ်နေတဲ့ ဆီးရီးယားလက်နက်ကိုင်အဖွဲ့ များရဲ့တိုက်ခိုက်မှုများကို ပစ်မှတ်ထားပြီး လေကြောင်းက တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး က ပြောပါတယ်။

မတ်လ ၂၄ ရက်က ဖြစ်ပွားခဲ့တဲ့ အမေရိကန်နိုင်ငံသားများ သေဆုံးစေတဲ့ ဒရုန်းတိုက်ခိုက်မှုများအတွက် လေကြောင်းက လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောပါတယ်။ ဒရုန်းနဲ့တိုက်ခိုက်ခံရမှုကြောင့် ဆီးရီးယားနဲ့ အီရတ်နယ်စပ်ဒေသဖြစ်တဲ့ Deir el-Zour အရပ်ဒေသက အမေရိကန်စခန်းပေါက်ကွဲမှုများ ဖြစ်ခဲ့ပုံကို လူမှုကွန်ရက်မှာ ရုပ်သံဖိုင်များ ထွက်ပေါ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါဒေသကို အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယားလက်နက်ကိုင်အဖွဲ့များ စိုးမိုးထားကြောင်း သိရပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး ကသမ္မတဂျိုးဘိုင်ဒန်ရဲ့ခွင့်ပြုချက်နဲ့အညီ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်မှုအဖြစ် ဆီးရီးယားအရှေ့မြောက်ပိုင်းဒေသက အဖွဲ့များကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုထားပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးက "သမ္မတ ခွင့်ပြုချက်ရပြီဖြစ်လို့ ပြည်သူတွေကို ကာကွယ်ဖို့အတွက် လိုအပ် သလို စီမံဆောင်ရွက်သွးမယ်။ ကျွန်တော်တို့ တိုက်လိုတဲ့အချိန်မှာ တိုက်လိုတဲ့နေရာကို တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်သွားမှာပါ" လို့ပြောပါတယ်။

Zawgyi Version;
ဆီးရီးယားႏိုင္ငံအေရွ႕ေျမာက္ပိုင္းရွိ ေရနံလုပ္ကြက္မွာတပ္စြဲထားတဲ့ အေမရိကန္စခန္းကို ဒုံးက်ည္မ်ားနဲ႔ တိုက္ခိုက္ ခံရ
ဂ်န္ဇက္ (NP News) - မတ္ ၂၄

ဆီးရီးယားႏိုင္ငံအေရွ႕ေျမာက္ပိုင္းရွိ Al-Omar ေရနံလုပ္ကြက္မွာ အေျခစိုက္ထားတဲ့ အေမရိကန္စစ္အေျခစိုက္ စခန္းတစ္ခု မတ္လ ၂၄ ရက္၊ နံနက္ပိုင္းက ဒုံးက်ည္မ်ားနဲ႔ တိုက္ခိုက္ခံရေၾကာင္း သိရပါတယ္။

ဆီးရီးယားနဲ႔နီးစပ္တဲ့ လုံၿခဳံေရးသတင္းအရင္းျမစ္က ေရနံလုပ္ကြက္ရွိအေမရိကန္အေျခစိုက္စခန္းတစ္ခုဟာ မတ္လ ၂၄ ရက္၊ နံနက္ ၁၁ နာရီမွာ ဒုံးက်ည္နဲ႔တိုက္ခိုက္ခံရၿပီး လူဘယ္ႏွစ္ဦး ေသဆုံးသလဲဆိုတဲ့အခ်က္ကို မသိေသးေၾကာင္း ဆိုပါတယ္။ ဆီးရီးယားႏိုင္ငံအေရွ႕ေျမာက္ပိုင္းရွိ အေမရိကန္စခန္းတစ္ခုဟာ မတ္လ ၂၃ ရက္ကလည္း အီရန္နဲ႔ဆက္ႏြယ္တဲ့ ဆီးရီးယားလက္နက္ကိုင္အဖြဲ႕မ်ားက ဒ႐ုန္းမ်ားနဲ႔တိုက္ခိုက္ခံရၿပီး အေမရိကန္ ကန္ထ႐ိုက္တစ္ဦးအျပင္ အေမရိကန္တပ္ဖြဲ႕ဝင္ ၅ ဦး က်ဆုံးသြားခဲ့ေၾကာင္း သိရပါတယ္။

အေမရိကန္ဟာ အီရန္ႏိုင္ငံကူညီေပးေနတဲ့ ဆီးရီးယားႏိုင္ငံအတြင္းရွိ လက္နက္ကိုင္တပ္ဖြဲ႕မ်ားကို ပစ္မွတ္ထားၿပီး ေလေၾကာင္းက လက္တုံ႔ျပန္တိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳင္ေအာ္စတင္ က အီရန္ႏိုင္ငံနဲ႔ဆက္ႏြယ္ေနတဲ့ ဆီးရီးယားလက္နက္ကိုင္အဖြဲ႕ မ်ားရဲ႕တိုက္ခိုက္မႈမ်ားကို ပစ္မွတ္ထားၿပီး ေလေၾကာင္းက တုံ႔ျပန္တိုက္ခိုက္ခဲ့ေၾကာင္း အေမရိကန္ကာကြယ္ေရးဝန္ႀကီး က ေျပာပါတယ္။

မတ္လ ၂၄ ရက္က ျဖစ္ပြားခဲ့တဲ့ အေမရိကန္ႏိုင္ငံသားမ်ား ေသဆုံးေစတဲ့ ဒ႐ုန္းတိုက္ခိုက္မႈမ်ားအတြက္ ေလေၾကာင္းက လက္တုံ႔ျပန္တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း ေျပာပါတယ္။ ဒ႐ုန္းနဲ႔တိုက္ခိုက္ခံရမႈေၾကာင့္ ဆီးရီးယားနဲ႔ အီရတ္နယ္စပ္ေဒသျဖစ္တဲ့ Deir el-Zour အရပ္ေဒသက အေမရိကန္စခန္းေပါက္ကြဲမႈမ်ား ျဖစ္ခဲ့ပုံကို လူမႈကြန္ရက္မွာ ႐ုပ္သံဖိုင္မ်ား ထြက္ေပၚခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါေဒသကို အီရန္ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ဆီးရီးယားလက္နက္ကိုင္အဖြဲ႕မ်ား စိုးမိုးထားေၾကာင္း သိရပါတယ္။ အေမရိကန္ကာကြယ္ေရးဝန္ႀကီး ကသမၼတဂ်ိဳးဘိုင္ဒန္ရဲ႕ခြင့္ျပဳခ်က္နဲ႔အညီ ဒ႐ုန္းနဲ႔ တိုက္ခိုက္ခံရမႈကို လက္တုံ႔ျပန္မႈအျဖစ္ ဆီးရီးယားအေရွ႕ေျမာက္ပိုင္းေဒသက အဖြဲ႕မ်ားကို ပစ္မွတ္ထားၿပီး တိုက္ခိုက္ခဲ့တယ္လို႔ အတည္ျပဳထားပါတယ္။

အေမရိကန္ကာကြယ္ေရးဝန္ႀကီးက "သမၼတ ခြင့္ျပဳခ်က္ရၿပီျဖစ္လို႔ ျပည္သူေတြကို ကာကြယ္ဖို႔အတြက္ လိုအပ္ သလို စီမံေဆာင္႐ြက္သြးမယ္။ ကြၽန္ေတာ္တို႔ တိုက္လိုတဲ့အခ်ိန္မွာ တိုက္လိုတဲ့ေနရာကို တုံ႔ျပန္တိုက္ခိုက္မႈေတြ လုပ္သြားမွာပါ" လို႔ေျပာပါတယ္။

Picture

Moe Hein

24/03/2023 22:22

အမေရိကန်သူခိုး။ ဆီးရီးယားရေနံကို ခိုးထုတ်နေတဲ့ သူခိုး

Related news

© 2021. All rights reserved.