အမျိုးသားခေါင်းဆောင်ကြီး နေရူးနှင့် အင်ဒီရာဂန္ဓီမျိုးဆက် နောက်ဆုံးအခြေအနေ

 621

Htay Oung (NP News) - မတ် ၂၅

အိန္ဒိယနိုင်ငံ အတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဓီဟာ အသရေဖျက်မှုကျူးလွန်ကြောင်း ထင်ရှားတယ်လို့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရပြီးနောက် လွှတ်တော်အမတ်အဖြစ် အရည်အချင်းပြည့်မီခြင်း မရှိကြောင်း ကြေညာခံရ မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ Reuters က ယနေ့ ရေးသားပါတယ်။

အဲဒီစီရင်ချက်ဟာ အလားအလာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲများနဲ့ပတ်သက်ပြီး “၁၉၅၁-ခုနှစ် ပြည်သူ့ကိုယ်စားပြုသူများအက်ဥပဒေ” အရ ဘယ်လို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မနဲ့မဆို ထင်ရှားစီရင်ခြင်းခံရပြီး ထောင်ဒဏ် ၂ နှစ်ထက်မနည်း ချမှတ်ခံရသူ လွှတ်တော်အမတ်တစ်ဦးကို အရည်အချင်းမပြည့်မီခြင်း မရှိကြောင်း သတ်မှတ်တယ်လို့ ပြဌာန်းထားပါတယ်။

အသက် ၅၂ နှစ်အရွယ် ရာဟူးလ်ဂန္ဒီရဲ့ ၂ဝ၁၉ ခုနှစ် ရွေးကောက်ပွဲမိန့်ခွန်းမှာ လက်ရှိဝန်ကြီးချုပ် နာရင်ဒြာမိုဒီဟာ သူတို့ရဲ့မျိုးရိုးနာမည်ကို ခိုးယူကြောင်း ထည့်သွင်းပြောကြားခြင်းဟာ အသရေဖျက်မှုမြောက်တဲ့အတွက် အပြစ်ရှိ တယ်လို့ အနောက်ဂူဂျာရတ်ပြည်နယ်တရားရုံးက မတ်လ ၂၃ ရက်၊ ကြသပတေးနေ့မှာ စီရင်ချက်ချမှတ်ခဲ့ပါတယ်။ လွှတ်တော်အမတ်အဖြစ် အရည်အချင်းပျက်ကွက်မှုဟာ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရတဲ့နေ့မှစပြီး အသက်ဝင်ပါ တယ်။ ဒါပေမဲ့ ရာဟူးလ်ဂန္ဒီအမတ်ဖြစ်နေတဲ့ အောက်လွှတ်တော်ရဲ့အတွင်းရေးမှူးက အရည်အချင်း ပျက်ယွင်းသူ ဖြစ်ကြောင်း အမိန့်ကို တရားဝင်အတည်ပြုဖို့ လိုအပ်ပါတယ်။

ဂူဂျာရတ်ပြည်နယ်တရားရုံးရဲ့ပြစ်ဒဏ်ကို အထက်တရားရုံးက ရွေးကောက်ပွဲမတိုင်မီ ဆိုင်းငံ့လိုက်ခြင်း (သို့မဟုတ်) ပယ်ဖျက်ခြင်းမရှိခဲ့လျှင် ၂ဝ၂၄ ခုနှစ်မှာ ကျင်းပမယ့် အမျိုးသားရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင် မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီဥပဒေမှာ လွှတ်တော်အမတ်တစ်ဦးဟာ ပြစ်ဒဏ်ကျခံရပြီး နောက် ၆ နှစ်အထိ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုနိုင်ကြောင်းလည်း ပြဋ္ဌာန်းထားပါတယ်။

ရာဟူးလ်ဂန္ဓီဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီလာရာပြည်နယ် ဝါရန်နတ် မဲဆန္ဒနယ်ကို ကိုယ်စားပြု အမတ်တစ်ဦး ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် အရည်အချင်းမပြည့်မီကြောင်း သတ်မှတ်ခံရမှာကို ရှောင်ရှား ဖို့အတွက် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ လွှတ်တော်အမတ်တစ်ဦးအနေနဲ့ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားဖို့ အထက် တရားရုံးရဲ့အမိန့်ကို ရယူနိုင်ခွင့်ရှိတယ်လို့ သူ့ရဲ့ရှေ့နေများက ပြောပါတယ်။

ပြည်သူ့ကိုယ်စားပြုသူများ အက်ဥပဒေမှာလည်း အရည်အချင်းပျက်ယွင်းကြောင်း ပါလီမန်က တရားဝင် အမိန့် မချမှတ်မီ အဲဒီလို ဆိုင်းငံ့ (သို့မဟုတ်) တရားသေလွှတ်ခြင်းအတွက် အချိန်ကာလသတ်မှတ်ချက်ပြဋ္ဌာန်းထားခြင်း မရှိပါဘူး။

အရည်အချင်းမပြည့်မီကြောင်း အမိန့်ကိုလည်း ပယ်ဖျက်နိုင်ပါတယ်။ စီရင်ချက်ချမှတ်ခြင်း ခံရပြီး ရွေးကောက်ပွဲ အသစ် ထပ်မံမကျင်းပရသေးဘူးဆိုရင် လွှတ်တော်အမတ်အဖြစ်မှ ရုတ်သိမ်း (သို့မဟုတ်) မူလအတိုင်း ထားရှိနိုင်ပါ တယ်။

ဂူဂျာရတ်တရားရုံးက ရာဟူးလ်ဂန္ဓီရဲ့ပြစ်ဒဏ်ကို ချက်ချင်း အာမခံပေးခဲ့ပြီး တစ်လကြာ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီကာလအတွင်း အယူခံဝင်ဖို့ ခွင့်ပြုထားပါတယ်။ အယူခံကာလအတွင်း အာမခံကို သက်တမ်းတိုးနိုင်ပေမယ့် အောက်ရုံးရဲ့ဆုံးဖြတ်ဟာ မှားယွင်းကြောင်း (သို့မဟုတ်) အမှုနဲ့ပတ်သက်ပြီး တရားသေ မလွှတ်မချင်း ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်ပါဘူး။

"ဒါကြောင့် ရာဟူးလ်ဂန္ဒီအနေနဲ့ သူ့ကိုစီရင်ချက်ချတဲ့တရားရုံးက ပြစ်ဒဏ်ဆိုင်းငံ့ထားစဉ် အရည်အချင်း ပျက်ယွင်း သူအဖြစ်မှ ကယ်တင်နိုင်ဖို့ အယူခံတရားရုံးရဲအပေါ်မူတည်နေပြီး မကြာခင် သိရှိရပါလိမ့်မယ်လို့ တရားရုံးချုပ် ရှေ့နေတစ်ဦးက ရိုက်တာကို ရှင်းပြပါတယ်။

ကွန်ဂရက်ပါတီအကြီးတန်းခေါင်းဆောင်နဲ့ နေရူး-အင်ဒီရာဂန္ဒီ နိုင်ငံရေးအမွေဆက်ခံသူ ရာဟူးလ်ဂန္ဓီဟာ အထက် တရားရုံးမှာ အယူခံဝင်မှာဖြစ်ကြောင်း သူ့ရဲ့ပါတီက ပြောပါတယ်။

#မဟတ္တမဂန္ဓီ #ဂျဟဝါလာနေရူး #အင်ဒီရာဂန္ဓီ #ရာဂျစ်ဂန္ဓီ #ဆိုနီယာဂန္ဓီ #ရာအူးလ်ဂန္ဓီ
(Reuters., 24 March 2023,” Why Indian opposition leader Rahul Gandhi may lose his parliament seat” ကို #HtayOung, #OungMrine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အမ်ိဳးသားေခါင္းေဆာင္ႀကီး ေန႐ူးႏွင့္ အင္ဒီရာဂႏၶီမ်ိဳးဆက္ ေနာက္ဆုံးအေျခအေန
Htay Oung (NP News) - မတ္ ၂၅

အိႏၵိယႏိုင္ငံ အတိုက္အခံေခါင္းေဆာင္ ရာဟူးလ္ဂႏၶီဟာ အသေရဖ်က္မႈက်ဴးလြန္ေၾကာင္း ထင္ရွားတယ္လို႔ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခံရၿပီးေနာက္ လႊတ္ေတာ္အမတ္အျဖစ္ အရည္အခ်င္းျပည့္မီျခင္း မရွိေၾကာင္း ေၾကညာခံရ မယ့္အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတယ္လို႔ Reuters က ယေန႔ ေရးသားပါတယ္။

အဲဒီစီရင္ခ်က္ဟာ အလားအလာ အမ်ိဳးမ်ိဳးျဖစ္ႏိုင္ပါတယ္။ အိႏၵိယႏိုင္ငံ ေ႐ြးေကာက္ပြဲမ်ားနဲ႔ပတ္သက္ၿပီး “၁၉၅၁-ခုႏွစ္ ျပည္သူ႔ကိုယ္စားျပဳသူမ်ားအက္ဥပေဒ” အရ ဘယ္လို ျပစ္မႈဆိုင္ရာဥပေဒပုဒ္မနဲ႔မဆို ထင္ရွားစီရင္ျခင္းခံရၿပီး ေထာင္ဒဏ္ ၂ ႏွစ္ထက္မနည္း ခ်မွတ္ခံရသူ လႊတ္ေတာ္အမတ္တစ္ဦးကို အရည္အခ်င္းမျပည့္မီျခင္း မရွိေၾကာင္း သတ္မွတ္တယ္လို႔ ျပဌာန္းထားပါတယ္။

အသက္ ၅၂ ႏွစ္အ႐ြယ္ ရာဟူးလ္ဂႏၵီရဲ႕ ၂ဝ၁၉ ခုႏွစ္ ေ႐ြးေကာက္ပြဲမိန႔္ခြန္းမွာ လက္ရွိဝန္ႀကီးခ်ဳပ္ နာရင္ျဒာမိုဒီဟာ သူတို႔ရဲ႕မ်ိဳး႐ိုးနာမည္ကို ခိုးယူေၾကာင္း ထည့္သြင္းေျပာၾကားျခင္းဟာ အသေရဖ်က္မႈေျမာက္တဲ့အတြက္ အျပစ္ရွိ တယ္လို႔ အေနာက္ဂူဂ်ာရတ္ျပည္နယ္တရား႐ုံးက မတ္လ ၂၃ ရက္၊ ၾကသပေတးေန႔မွာ စီရင္ခ်က္ခ်မွတ္ခဲ့ပါတယ္။ လႊတ္ေတာ္အမတ္အျဖစ္ အရည္အခ်င္းပ်က္ကြက္မႈဟာ ျပစ္မႈထင္ရွားစီရင္ျခင္း ခံရတဲ့ေန႔မွစၿပီး အသက္ဝင္ပါ တယ္။ ဒါေပမဲ့ ရာဟူးလ္ဂႏၵီအမတ္ျဖစ္ေနတဲ့ ေအာက္လႊတ္ေတာ္ရဲ႕အတြင္းေရးမႉးက အရည္အခ်င္း ပ်က္ယြင္းသူ ျဖစ္ေၾကာင္း အမိန႔္ကို တရားဝင္အတည္ျပဳဖို႔ လိုအပ္ပါတယ္။

ဂူဂ်ာရတ္ျပည္နယ္တရား႐ုံးရဲ႕ျပစ္ဒဏ္ကို အထက္တရား႐ုံးက ေ႐ြးေကာက္ပြဲမတိုင္မီ ဆိုင္းငံ့လိုက္ျခင္း (သို႔မဟုတ္) ပယ္ဖ်က္ျခင္းမရွိခဲ့လွ်င္ ၂ဝ၂၄ ခုႏွစ္မွာ က်င္းပမယ့္ အမ်ိဳးသားေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္း မျပဳႏိုင္ မယ့္အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရပါတယ္။ အဲဒီဥပေဒမွာ လႊတ္ေတာ္အမတ္တစ္ဦးဟာ ျပစ္ဒဏ္က်ခံရၿပီး ေနာက္ ၆ ႏွစ္အထိ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ မျပဳႏိုင္ေၾကာင္းလည္း ျပ႒ာန္းထားပါတယ္။

ရာဟူးလ္ဂႏၶီဟာ အိႏၵိယႏိုင္ငံေတာင္ပိုင္း ကီလာရာျပည္နယ္ ဝါရန္နတ္ မဲဆႏၵနယ္ကို ကိုယ္စားျပဳ အမတ္တစ္ဦး ျဖစ္ပါတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးအျဖစ္ အရည္အခ်င္းမျပည့္မီေၾကာင္း သတ္မွတ္ခံရမွာကို ေရွာင္ရွား ဖို႔အတြက္ ျပစ္မႈထင္ရွားစီရင္ျခင္းခံရသူ လႊတ္ေတာ္အမတ္တစ္ဦးအေနနဲ႔ ျပစ္ဒဏ္ကို ဆိုင္းငံ့ထားဖို႔ အထက္ တရား႐ုံးရဲ႕အမိန႔္ကို ရယူႏိုင္ခြင့္ရွိတယ္လို႔ သူ႔ရဲ႕ေရွ႕ေနမ်ားက ေျပာပါတယ္။

ျပည္သူ႔ကိုယ္စားျပဳသူမ်ား အက္ဥပေဒမွာလည္း အရည္အခ်င္းပ်က္ယြင္းေၾကာင္း ပါလီမန္က တရားဝင္ အမိန႔္ မခ်မွတ္မီ အဲဒီလို ဆိုင္းငံ့ (သို႔မဟုတ္) တရားေသလႊတ္ျခင္းအတြက္ အခ်ိန္ကာလသတ္မွတ္ခ်က္ျပ႒ာန္းထားျခင္း မရွိပါဘူး။

အရည္အခ်င္းမျပည့္မီေၾကာင္း အမိန္႔ကိုလည္း ပယ္ဖ်က္ႏိုင္ပါတယ္။ စီရင္ခ်က္ခ်မွတ္ျခင္း ခံရၿပီး ေ႐ြးေကာက္ပြဲ အသစ္ ထပ္မံမက်င္းပရေသးဘူးဆိုရင္ လႊတ္ေတာ္အမတ္အျဖစ္မွ ႐ုတ္သိမ္း (သို႔မဟုတ္) မူလအတိုင္း ထားရွိႏိုင္ပါ တယ္။

ဂူဂ်ာရတ္တရား႐ုံးက ရာဟူးလ္ဂႏၶီရဲ႕ျပစ္ဒဏ္ကို ခ်က္ခ်င္း အာမခံေပးခဲ့ၿပီး တစ္လၾကာ ဆိုင္းငံ့ျပစ္ဒဏ္အျဖစ္ သတ္မွတ္ေပးခဲ့ပါတယ္။ အဲဒီကာလအတြင္း အယူခံဝင္ဖို႔ ခြင့္ျပဳထားပါတယ္။ အယူခံကာလအတြင္း အာမခံကို သက္တမ္းတိုးႏိုင္ေပမယ့္ ေအာက္႐ုံးရဲ႕ဆုံးျဖတ္ဟာ မွားယြင္းေၾကာင္း (သို႔မဟုတ္) အမႈနဲ႔ပတ္သက္ၿပီး တရားေသ မလႊတ္မခ်င္း ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္း မျပဳႏိုင္ပါဘူး။

"ဒါေၾကာင့္ ရာဟူးလ္ဂႏၵီအေနနဲ႔ သူ႔ကိုစီရင္ခ်က္ခ်တဲ့တရား႐ုံးက ျပစ္ဒဏ္ဆိုင္းငံ့ထားစဥ္ အရည္အခ်င္း ပ်က္ယြင္း သူအျဖစ္မွ ကယ္တင္ႏိုင္ဖို႔ အယူခံတရား႐ုံးရဲအေပၚမူတည္ေနၿပီး မၾကာခင္ သိရွိရပါလိမ့္မယ္လို႔ တရား႐ုံးခ်ဳပ္ ေရွ႕ေနတစ္ဦးက ႐ိုက္တာကို ရွင္းျပပါတယ္။

ကြန္ဂရက္ပါတီအႀကီးတန္းေခါင္းေဆာင္နဲ႔ ေန႐ူး-အင္ဒီရာဂႏၵီ ႏိုင္ငံေရးအေမြဆက္ခံသူ ရာဟူးလ္ဂႏၶီဟာ အထက္ တရား႐ုံးမွာ အယူခံဝင္မွာျဖစ္ေၾကာင္း သူ႔ရဲ႕ပါတီက ေျပာပါတယ္။

#မဟတၱမဂႏၶီ #ဂ်ဟဝါလာေန႐ူး #အင္ဒီရာဂႏၶီ #ရာဂ်စ္ဂႏၶီ #ဆိုနီယာဂႏၶီ #ရာအူးလ္ဂႏၶီ
(Reuters., 24 March 2023,” Why Indian opposition leader Rahul Gandhi may lose his parliament seat” ကို #HtayOung, #OungMrine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.