အရက်မူးပြီး ရထားလမ်းတွင်အိပ်ပျော်နေသည့် အမျိုးသားတစ်ဦး ရထားတိုက်ခံရမှု စစ်တွေမြို့၌ဖြစ်ပွား

 942

Pearl (NP News) - မတ် ၂၅

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ရထားလမ်းတွင် အရက်မူး၍အိပ်ပျော်နေသောအမျိုးသားတစ်ဦးအား ရထားတိုက်မိခဲ့ပြီး ခြေထောက်(၂)ဖက်ပြတ်ကာ စိုးရိမ်ဖွယ်ရာအခြေအနေရှိနေကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၂၅ ရက်)၊ နံနက် (၁ဝ)နာရီခွဲ အချိန်ခန့်တွင် စစ်တွေမြို့၊ ဖိုးသာရွာရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်ရှိ ရထားသံလမ်းပေါ်တွင် စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်တွင် နေထိုင်သော ဦးထွန်းထွန်း (၄၈)နှစ်သည် အရက်မူး၍ အိပ်ပျော်နေစဉ် တိုက်မိခဲ့ကြောင်းသိရသည်။

“ဘေးပတ်ဝန်းကျင်ကပြောတာတော့ သူက မူးပြီး ရထားလမ်းမှာအိပ်နေတာ၊ ရထားဟွန်းတီးတာ ဖယ်မပေးတော့ တိုက်မိသွားတာ” ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ထိုသို့ ရထားတိုက်ခံရမှုကြောင့် ဦးထွန်းထွန်းတွင် ခြေထောက်(၂)ဖက်ပြတ်ကာ အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာ ရှိနေကြောင်း သိရသည်။

လက်ရှိတွင် ၎င်းအား ရွှေရောင်မေတ္တာဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း) မှ ကားဖြင့် အခင်းဖြစ်နေရာမှ စစ်တွေပြည်သူ့ဆေးရုံကြီး သို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
အရက္မူးၿပီး ရထားလမ္းတြင္အိပ္ေပ်ာ္ေနသည့္ အမ်ိဳးသားတစ္ဦး ရထားတိုက္ခံရမႈ စစ္ေတြၿမိဳ႕၌ျဖစ္ပြား

Pearl (NP News) - မတ္ ၂၅

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၌ ရထားလမ္းတြင္ အရက္မူး၍အိပ္ေပ်ာ္ေနေသာအမ်ိဳးသားတစ္ဦးအား ရထားတိုက္မိခဲ့ၿပီး ေျခေထာက္(၂)ဖက္ျပတ္ကာ စိုးရိမ္ဖြယ္ရာအေျခအေနရွိေနေၾကာင္း ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္းထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၂၅ ရက္)၊ နံနက္ (၁ဝ)နာရီခြဲ အခ်ိန္ခန႔္တြင္ စစ္ေတြၿမိဳ႕၊ ဖိုးသာ႐ြာရပ္ကြက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ရပ္ကြက္ရွိ ရထားသံလမ္းေပၚတြင္ စစ္ေတြၿမိဳ႕၊ ရဲႏြယ္စုရပ္ကြက္တြင္ ေနထိုင္ေသာ ဦးထြန္းထြန္း (၄၈)ႏွစ္သည္ အရက္မူး၍ အိပ္ေပ်ာ္ေနစဥ္ တိုက္မိခဲ့ေၾကာင္းသိရသည္။

“ေဘးပတ္ဝန္းက်င္ကေျပာတာေတာ့ သူက မူးၿပီး ရထားလမ္းမွာအိပ္ေနတာ၊ ရထားဟြန္းတီးတာ ဖယ္မေပးေတာ့ တိုက္မိသြားတာ” ဟု ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ ရထားတိုက္ခံရမႈေၾကာင့္ ဦးထြန္းထြန္းတြင္ ေျခေထာက္(၂)ဖက္ျပတ္ကာ အသက္အႏၲရာယ္စိုးရိမ္ဖြယ္ရာ ရွိေနေၾကာင္း သိရသည္။

လက္ရွိတြင္ ၎အား ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္း (လူမႈကူညီေရးအသင္း) မွ ကားျဖင့္ အခင္းျဖစ္ေနရာမွ စစ္ေတြျပည္သူ႔ေဆး႐ုံႀကီး သို႔ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.