အော်စကာဆုရ သရုပ်ဆောင်/ထုတ်လုပ်သူ ရိစ်ဝစ်သာစပွန်း ခင်ပွန်းဖြစ်သူနဲ့ကွာရှင်း

 307

ရောင်နီ (NP News) - မတ် ၂၅

အော်စကာဆုရ သရုပ်ဆောင်/ထုတ်လုပ်သူ ရိစ်ဝစ်သာစပွန်း နဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ ဂျင်တော့ဟာ ကွာရှင်းဖို့အတွက် ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချမှတ်ခဲ့ကြောင်း သောကြာနေ့(မတ်လ ၂၄ ရက်)က ပြောကြားခဲ့ပါတယ်။

၄င်းတို့စုံတွဲဟာ လော့စ်အိန်ဂျလိစ် အနောက်မြောက်ဘက်ရှိ ကယ်လီဖိုးနီးယားပြည်နယ် အိုဂျာရှိ ဝစ်သာစပွန်းရဲ့မွေးမြူရေးခြံမှာ ၂ဝ၁၁ ခုနှစ် မတ်လက လက်ထပ်ခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလမှာတော့ တန်နန်ဆက်ဂျိမ်း အမည်ရှိ သားတစ်ဦးကို မွေးဖွားခဲ့ပါတယ်။

"ကျွန်မတို့ နှစ်ယောက်အတူ ဖန်တီးထားတဲ့ အရာအားလုံးအတွက် လေးနက်တဲ့ ချစ်ခြင်းမေတ္တာ၊ ကြင်နာမှုတွေ၊ အပြန်အလှန် လေးစားမှုတွေနဲ့အတူရှေ့ဆက်ပြီး ပျော်ရွှင်စရာကောင်းတဲ့ နှစ်ပေါင်းများစွာကို အတူဖြတ်သန်းခဲ့ကြပါတယ်"လို့ ဝစ်သာစပွန်းရဲ့ Instagram အကောင့်မှာ တင်ထားတဲ့ ပူးတွဲကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။

ဝစ်သာစပွန်းဟာ သူမရဲ့ပထမခင်ပွန်း ရိုင်ဖိလစ်နဲ့အတူ သမီးကြီး အေဗာ နဲ့ သားဖြစ်သူ ဒီရေကွန်ကို မွေးဖွားခဲ့ပြီး ၄င်းတို့ စုံတွဲဟာ ၂ဝဝ၇ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ အဲဒီနောက် ၂ဝ၁၁ ခုနှစ်မှာတော့ ယခုခင်ပွန်းဟောင်းဖြစ်သူ ဂျင်တော့နဲ့လက်ထပ်ခဲ့ပါတယ်။

တန်နန်ဆက်ပြည်နယ်၊ နက်ရ်ှဗီလီမှာ ကြီးပြင်းလာခဲ့သူဖြစ်တဲ့ အသက် ၄၇ နှစ်အရွယ် ဝစ်သာစပွန်းဟာ ၂ဝဝ၅ ခုနှစ်က ကန်းထရီးဂီတဇာတ်ကား “Walk the Line” မှာ အကောင်းဆုံး မင်းသမီး အော်စကာဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။

zawgyi version
ေအာ္စကာဆုရ သ႐ုပ္ေဆာင္/ထုတ္လုပ္သူ ရိစ္ဝစ္သာစပြန္း ခင္ပြန္းျဖစ္သူနဲ႔ကြာရွင္း
ေရာင္နီ (NP News) - မတ္ ၂၅

ေအာ္စကာဆုရ သ႐ုပ္ေဆာင္/ထုတ္လုပ္သူ ရိစ္ဝစ္သာစပြန္း နဲ႔ သူမရဲ႕ခင္ပြန္းျဖစ္သူ ဂ်င္ေတာ့ဟာ ကြာရွင္းဖို႔အတြက္ ဆုံးျဖတ္ခ်က္ကို ခက္ခက္ခဲခဲခ်မွတ္ခဲ့ေၾကာင္း ေသာၾကာေန႔(မတ္လ ၂၄ ရက္)က ေျပာၾကားခဲ့ပါတယ္။

၄င္းတို႔စုံတြဲဟာ ေလာ့စ္အိန္ဂ်လိစ္ အေနာက္ေျမာက္ဘက္ရွိ ကယ္လီဖိုးနီးယားျပည္နယ္ အိုဂ်ာရွိ ဝစ္သာစပြန္းရဲ႕ေမြးျမဴေရးၿခံမွာ ၂ဝ၁၁ ခုႏွစ္ မတ္လက လက္ထပ္ခဲ့ပါတယ္။ ၂ဝ၁၂ ခုႏွစ္၊ စက္တင္ဘာလမွာေတာ့ တန္နန္ဆက္ဂ်ိမ္း အမည္ရွိ သားတစ္ဦးကို ေမြးဖြားခဲ့ပါတယ္။

"ကြၽန္မတို႔ ႏွစ္ေယာက္အတူ ဖန္တီးထားတဲ့ အရာအားလုံးအတြက္ ေလးနက္တဲ့ ခ်စ္ျခင္းေမတၱာ၊ ၾကင္နာမႈေတြ၊ အျပန္အလွန္ ေလးစားမႈေတြနဲ႔အတူေရွ႕ဆက္ၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ႏွစ္ေပါင္းမ်ားစြာကို အတူျဖတ္သန္းခဲ့ၾကပါတယ္"လို႔ ဝစ္သာစပြန္းရဲ႕ Instagram အေကာင့္မွာ တင္ထားတဲ့ ပူးတြဲေၾကညာခ်က္မွာ ေျပာၾကားခဲ့ပါတယ္။

ဝစ္သာစပြန္းဟာ သူမရဲ႕ပထမခင္ပြန္း ႐ိုင္ဖိလစ္နဲ႔အတူ သမီးႀကီး ေအဗာ နဲ႔ သားျဖစ္သူ ဒီေရကြန္ကို ေမြးဖြားခဲ့ၿပီး ၄င္းတို႔ စုံတြဲဟာ ၂ဝဝ၇ ခုႏွစ္မွာ ကြာရွင္းခဲ့ပါတယ္။ အဲဒီေနာက္ ၂ဝ၁၁ ခုႏွစ္မွာေတာ့ ယခုခင္ပြန္းေဟာင္းျဖစ္သူ ဂ်င္ေတာ့နဲ႔လက္ထပ္ခဲ့ပါတယ္။

တန္နန္ဆက္ျပည္နယ္၊ နက္ရ္ွဗီလီမွာ ႀကီးျပင္းလာခဲ့သူျဖစ္တဲ့ အသက္ ၄၇ ႏွစ္အ႐ြယ္ ဝစ္သာစပြန္းဟာ ၂ဝဝ၅ ခုႏွစ္က ကန္းထရီးဂီတဇာတ္ကား “Walk the Line” မွာ အေကာင္းဆုံး မင္းသမီး ေအာ္စကာဆုကို ရရွိခဲ့သူ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.