ဆီးရီးယားအရှေ့ပိုင်းရှိလက်နက်ကိုင်အဖွဲ့များကို အမေရိကန်တို့ လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူပေါင်း (၂ဝ)သေဆုံး

 751

ဂျန်ဇက် (NP News) - မတ် ၂၅

အမေရိကန်ဟာ ယနေ့ (မတ်လ ၂၅ ရက်)နံနက်ပိုင်းက ဆီးရီးယားနိုင်ငံအရှေ့ပိုင်းရှိ အီရန်နိုင်ငံရဲ့အကူအ ညီများရယူထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အနည်းဆုံး(၂ဝ) ဦး သေဆုံးခဲ့ကြောင်း ဗြိတိန်လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

အီရန်ကျောထောက် နောက်ခံပြုပေးထားတဲ့ ဆီးရီးယားလက်နက်ကိုင်အဖွဲ့တွေဟာ Deir al-Zour ဒေသရှိ အမေရိကန်အခြေစိုက်စခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်စစ်ဘက်က လက်တုံ့ပြန်တိုက် ခိုက်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်တပ်ဖွဲ့တွေဟာ Deir al-Zour ဒေသရှိ ဆီးရီးယားလက်နက်ကိုင်အဖွဲ့များရဲ့စစ်အခြေစိုက်စခန်းများနဲ့လက်နက်သိုလှောင်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ဗြိတိန်အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Rami Abdul-Rahman က အီရန်လိုလားတဲ့ ဆီးရီးယားလက်နက်ကိုင်အဖွဲ့တွေဟာ ပြီးခဲ့တဲ့မတ်လ ၂၄ ရက်က Deir al-Zour ဒေသရှိ al-Omar ရေနံလုပ်ကွက်အတွင်းက အမေရိကန်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ အမေရိကန်ကန်ထရိုက်တာ တစ်ဦးနဲ့ အမေရိကန်တပ်ဖွဲ့ဝင်များသေဆုံးမှုများရှိခဲ့ကြောင်း ပြောပါတယ်။ အမေရိကန်ဟာ ၎င်းရဲ့နိုင်ငံသားတွေသေဆုံးခဲ့ပြီးနောက် ဆီးရီးယားနိုင်ငံအတွင်းရှိ မြေပြင်ထောက်လှမ်းရေး အဖွဲ့များရဲ့သတင်းအချက်အလက်များကိုရယူကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့က ဆီးရီးယားနိုင်ငံရှိ အမေရိကန်စခန်း အတိုက်ခံရမှုနဲ့အတူ အမေရိကန်တပ်ဖွဲ့ဝင်များသေဆုံးမှုများအတွက် လက်တုံ့ပြန်သွားမှာဖြစ် ကြောင်းကတိပြုပြောဆိုထားကြောင်းသိရပါတယ်။

zawgyi version
ဆီးရီးယားအေရွ႕ပိုင္းရွိလက္နက္ကိုင္အဖြဲ႕မ်ားကို အေမရိကန္တို႔ ေလေၾကာင္းမွတိုက္ခိုက္ခဲ့ၿပီး အနည္းဆုံး လူေပါင္း (၂ဝ‌ေသဆုံး
ဂ်န္ဇက္ (NP News) - မတ္ ၂၅

အေမရိကန္ဟာ ယေန႔ (မတ္လ ၂၅ ရက္)နံနက္ပိုင္းက ဆီးရီးယားႏိုင္ငံအေရွ႕ပိုင္းရွိ အီရန္ႏိုင္ငံရဲ႕အကူအ ညီမ်ားရယူထားတဲ့ လက္နက္ကိုင္အဖြဲ႕ေတြကို ေလေၾကာင္းတိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ရာ အနည္းဆုံး(၂ဝ) ဦး ေသဆုံးခဲ့ေၾကာင္း ၿဗိတိန္လူအခြင့္ေရးေစာင့္ၾကည့္ေရးအဖြဲ႕က ေျပာပါတယ္။

အီရန္ေက်ာေထာက္ ေနာက္ခံျပဳေပးထားတဲ့ ဆီးရီးယားလက္နက္ကိုင္အဖြဲ႕ေတြဟာ Deir al-Zour ေဒသရွိ အေမရိကန္အေျခစိုက္စခန္းကို ဒ႐ုန္းနဲ႔တိုက္ခိုက္ခဲ့ၿပီးေနာက္ အေမရိကန္စစ္ဘက္က လက္တုံ႔ျပန္တိုက္ ခိုက္ခဲ့တာျဖစ္ပါတယ္။ အေမရိကန္တပ္ဖြဲ႕ေတြဟာ Deir al-Zour ေဒသရွိ ဆီးရီးယားလက္နက္ကိုင္အဖြဲ႕မ်ားရဲ႕စစ္အေျခစိုက္စခန္းမ်ားနဲ႔လက္နက္သိုေလွာင္႐ုံမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

ၿဗိတိန္အေျခစိုက္ လူ႔အခြင့္ေရးေစာင့္ၾကည့္ေရးအဖြဲ႕တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ Rami Abdul-Rahman က အီရန္လိုလားတဲ့ ဆီးရီးယားလက္နက္ကိုင္အဖြဲ႕ေတြဟာ ၿပီးခဲ့တဲ့မတ္လ ၂၄ ရက္က Deir al-Zour ေဒသရွိ al-Omar ေရနံလုပ္ကြက္အတြင္းက အေမရိကန္စခန္းေတြကို တိုက္ခိုက္ခဲ့ရာ အေမရိကန္ကန္ထ႐ိုက္တာ တစ္ဦးနဲ႔ အေမရိကန္တပ္ဖြဲ႕ဝင္မ်ားေသဆုံးမႈမ်ားရွိခဲ့ေၾကာင္း ေျပာပါတယ္။ အေမရိကန္ဟာ ၎ရဲ႕ႏိုင္ငံသားေတြေသဆုံးခဲ့ၿပီးေနာက္ ဆီးရီးယားႏိုင္ငံအတြင္းရွိ ေျမျပင္ေထာက္လွမ္းေရး အဖြဲ႕မ်ားရဲ႕သတင္းအခ်က္အလက္မ်ားကိုရယူကာ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ၿဗိတိန္အေျခစိုက္ လူ႔အခြင့္ေရးေစာင့္ၾကည့္ေရးအဖြဲ႕တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ နဲ႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီးတို႔က ဆီးရီးယားႏိုင္ငံရွိ အေမရိကန္စခန္း အတိုက္ခံရမႈနဲ႔အတူ အေမရိကန္တပ္ဖြဲ႕ဝင္မ်ားေသဆုံးမႈမ်ားအတြက္ လက္တုံ႔ျပန္သြားမွာျဖစ္ ေၾကာင္းကတိျပဳေျပာဆိုထားေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.