ပဋိပက္ခနှင့် မတည်ငြိမ်မှုများဖြစ်ပေါ်နေသော်လည်း UEC ၌ မှတ်ပုံတင်လျှောက်ထားသည့် ပါတီ(၅၂) ခုရှိပြီး တိုင်းရင်းသားပါတီ(၂၆)ခုထက်မနည်းပါဝင်

 763

မျိုးကြီး (NP News) - မတ် ၂၅

မြန်မာနိုင်ငံအတွင်း ပဋိပက္ခနှင့် မတည်ငြိမ်မှုများဖြစ်ပေါ်နေသော်လည်း UEC ၌ မှတ်ပုံတင်လျှောက်ထားသည့် ပါတီ(၅၂)ပါတီရှိပြီး ၎င်းတို့အထဲတွင် တိုင်းရင်းသားပါတီ(၂၆)ခုထက်မနည်း ပါဝင်ကြောင်း သတင်းရရှိသည်။

နစကနှင့်ရွေးကောက်ပွဲကော်မရှင်တို့မှ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီးနောက် ရက်ပေါင်း(၆ဝ)အတွင်း ပါတီများအနေဖြင့် မှတ်ပုံပြန်တင်ရန်ကြေညာခဲ့ရာ လာမည့် မတ်လ ၂၈ ရက်တွင် ရက်ပေါင်း(၆ဝ) ပြည့်မည်ဖြစ်သည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်လျှောက်ထားသော နိုင်ငံရေးပါတီသည် စုစုပေါင်း(၅၂)ပါတီရှိပြီဖြစ်ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ (၅၂)ပါတီအနက် ပါတီပေါင်း(၂၆)ပါတီသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစုအသီးသီးမှ ထူထောင်ထားသော တိုင်းရင်းသားပါတီများဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင်ပြန်လည်လျှောက်ထားသည့် တိုင်းရင်းသားပါတီများသည် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ ရှမ်း နှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (ဒူးလေးပါတီ)၊ တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်ပြည် နယ်အမျိုးသား အင်အားစုပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ နာဂအမျိုးသားပါတီ၊ “ဝ”အမျိုးသားပါတီ၊ ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ၊ အမျိုးသမီးပါတီ(မွန်)၊ မြိုတိုင်းရင်းသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နှင့် ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီတို့က လည်း ကော်မရှင်၌ မှတ်ပုံတင်လျှောက်ထားသည်။

လက်ရှိတွင် ရွေးကောက်ပွဲ၌ မှတ်ပုံတင်လျှောက်ထားသည့် တိုင်းရင်းသားပါတီအများစုသည် ၎င်းတို့၏ ဒေသကိုသာ အခြေပြုသည့်ပါတီများအဖြစ် မှတ်ပုံတင်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတစ်ခုသာ ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့် ပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားခဲ့ကြောင်း သိရသည်။

“ပြည်သူလူထုက အဲဒီလို မဲမပေးဘဲနဲ့ ရွေးကောက်ပွဲကို ရှောင်ရှားခဲ့ရင်တော့ တစ်ဖက်က ကြည့်နေတဲ့သူတွေက သက်သက်သာသာချောင်ချောင်ချိချိနဲ့ နိုင်ငံတော်အာဏာကို ဆက်လက်ပြီး ယူသွားလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲက နိုင်ငံတော်ရဲ့ထွက်ပေါက်ပါ။ ပြည်သူအားလုံးရဲ့ ထွက် ပေါက်ပါ။ ဒါကြောင့် ကျွန်တော်တို့ ဒီကိစ္စတွေကို ဖြတ်သန်းမှာဖြစ်ပါတယ်”ဟု ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ရန်ကုန်တိုင်းတာဝန်ခံ ဦးလှဌေးက မှတ်ချက်ပြုပြောဆိုထားသည်။

ယခင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် တိုင်းရင်း သားလူမျိုးစုပါတီများသည် စုစုပေါင်း (၄၈)ပါတီထက်မနည်းရှိကြောင်း ကော်မရှင်၏ သတင်းအချက် အလက်များအရ သိရသည်။

လက်ရှိတွင် ချင်းတိုင်းရင်းသားများပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကယန်းအမျိုးသားပါတီအပါအဝင် အခြားသော တိုင်းရင်းသားပါတီများသည် ရွေးကောက်ပွဲကော်မရှင်ထံ၌ မှတ်ပုံတင်ပြန်လည်လျှောက်ထားခြင်းမျိုး မတွေ့ရှိရသေးပေ။

ရှမ်းပြည်နယ်အတွင်း အင်းအားကြီးမားပြီး လူထုထောက်ခံမှုရရှိခဲ့သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)သည် ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထားမည်မဟုတ်ကြောင်း တရားဝင်အသိ ပေးပြောဆိုထားသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ၌ မှတ်ပုံတင်လျှောက်ထားသော နိုင်ငံရေးပါတီအနက် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီသည် (၁၂)ပါတီရှိကြောင်းနှင့် ကျန်ရှိသော ပါတီ(၄ဝ) သည် တိုင်း သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီများဖြစ်ကြောင်း နစကမှ အသိပေးပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ နိုင်ငံရေးပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်အတွင်း မတည်ငြိမ်မှုများဖြစ်ပေါ်လျက်ရှိသည့်အပြင် ပေါက်ကွဲမှု၊ အကြမ်းဖက်သတ်ဖြတ်မှု၊ ထိတွေ့တိုက်ပွဲများမှ နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိရသည်။

ထိုသို့ နိုင်ငံအတွင်း၌ ပဋိပက္ခများ၊ မတည်ငြိမ်မှုများဖြစ်ပွားလျက်ရှိနေသော်လည်း နိုင်ငံရေးအခန်းကဏ္ဍပျောက်ကွယ်သွားမည်ကို စိုးရိမ်သည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် မှတ်ပုံတင်လျှောက်ထားလျက်ရှိသည်ကိုလည်း တွေ့ရှိရသည်။

လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရအနေဖြင့် အထွေထွေ ရွေး ကောက်ပွဲကို ကျင်းပပေးမည်ဟု တရားဝင်ပြောဆိုထားသော်လည်း ရွေးကောက်ပွဲကျင်းပမည့်အချိန်အခါကို တိတိကျကျအသိပေးပြောဆိုခြင်းမျိုး မရှိသေးပေ။

သို့သော် လာမည့်ရွေးကောက်ပွဲအား အချိုးကျကိုယ်စားပြုစနစ်(PR)ကို ကျင့်သုံးကျင်းပသွားမည်ဖြစ် ကြောင်း တရားဝင် ပြောဆိုထားပြီး PR ရွေးကောက်ပွဲစနစ်ကြောင့် တိုင်းရင်းသားလူမျိုးစုများအနေဖြင့် လွှတ်တော်များ၌ ပိုမိုနေရာရရှိလာနိုင်ပြီး အုပ်ချုပ်ရေးအပိုင်းများတွင်လည်း နေရာရရှိလာနိုင်ကြောင်း နစကနှင့် ရွေးကောက်ပွဲကော်မရှင်ဘက်က သုံးသပ်ပြောဆိုထားသည်။

zawgyi version
ပဋိပကၡႏွင့္ မတည္ၿငိမ္မႈမ်ားျဖစ္ေပၚေနေသာ္လည္း UEC ၌ မွတ္ပုံတင္ေလွ်ာက္ထားသည့္ ပါတီ(၅၂) ခုရွိၿပီး တိုင္းရင္းသားပါတီ(၂၆)ခုထက္မနည္းပါဝင္

မ်ိဳးႀကီး (NP News) - မတ္ ၂၅

ျမန္မာႏိုင္ငံအတြင္း ပဋိပကၡႏွင့္ မတည္ၿငိမ္မႈမ်ားျဖစ္ေပၚေနေသာ္လည္း UEC ၌ မွတ္ပုံတင္ေလွ်ာက္ထားသည့္ ပါတီ(၅၂)ပါတီရွိၿပီး ၎တို႔အထဲတြင္ တိုင္းရင္းသားပါတီ(၂၆)ခုထက္မနည္း ပါဝင္ေၾကာင္း သတင္းရရွိသည္။

နစကႏွင့္ေ႐ြးေကာက္ပြဲေကာ္မရွင္တို႔မွ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ၊ နည္းဥပေဒမ်ားကို ျပ႒ာန္းခဲ့ၿပီးေနာက္ ရက္ေပါင္း(၆ဝ)အတြင္း ပါတီမ်ားအေနျဖင့္ မွတ္ပုံျပန္တင္ရန္ေၾကညာခဲ့ရာ လာမည့္ မတ္လ ၂၈ ရက္တြင္ ရက္ေပါင္း(၆ဝ) ျပည့္မည္ျဖစ္သည္။

လက္ရွိတြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၌ မွတ္ပုံတင္ေလွ်ာက္ထားေသာ ႏိုင္ငံေရးပါတီသည္ စုစုေပါင္း(၅၂)ပါတီရွိၿပီျဖစ္ေၾကာင္း နစကမွ အသိေပးထုတ္ျပန္ထားသည္။

အဆိုပါ (၅၂)ပါတီအနက္ ပါတီေပါင္း(၂၆)ပါတီသည္ ျမန္မာႏိုင္ငံအတြင္းရွိ တိုင္းရင္းသားလူမ်ိဳးစုအသီးသီးမွ ထူေထာင္ထားေသာ တိုင္းရင္းသားပါတီမ်ားျဖစ္ေၾကာင္း သိရသည္။

မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားသည့္ တိုင္းရင္းသားပါတီမ်ားသည္ ဖလုံ-စေဝၚဒီမိုကရက္တစ္ပါတီ၊ ဒီမိုကေရစီပါတီသစ္ (ကခ်င္)၊ ရွမ္း ႏွင့္တိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ၊ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီ၊ ရခိုင့္ဦးေဆာင္ပါတီ၊ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ၊ လီဆူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္‌ေရးပါတီ (ဒူးေလးပါတီ)၊ တိုင္းလိုင္ (ရွမ္းနီ)အမ်ိဳးသားမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီတို႔ ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ရွမ္းနီ(တိုင္းလ်န္)ေသြးစည္းညီၫြတ္ေရးပါတီ၊ ခမီအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ၊ ရခိုင္ျပည္ နယ္အမ်ိဳးသား အင္အားစုပါတီ၊ မြန္ညီၫြတ္ေရးပါတီ၊ အာခါအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ၊ ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီ၊ ရခိုင္အမ်ိဳးသားပါတီ၊ အင္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီ၊ ကိုးကန႔္ဒီမိုကေရစီႏွင့္ ညီၫြတ္ေရးပါတီ၊ ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ၊ ရွမ္းျပည္ကိုးကန႔္ဒီမိုကရက္တစ္ပါတီ၊ နာဂအမ်ိဳးသားပါတီ၊ “ဝ”အမ်ိဳးသားပါတီ၊ ဓႏုအမ်ိဳးသားမ်ားအဖြဲ႕ခ်ဳပ္ပါတီ၊ အမ်ိဳးသမီးပါတီ(မြန္)၊ ၿမိဳတိုင္းရင္းသားပါတီ၊ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ႏွင့္ ဓႏုတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီတို႔က လည္း ေကာ္မရွင္၌ မွတ္ပုံတင္ေလွ်ာက္ထားသည္။

လက္ရွိတြင္ ေ႐ြးေကာက္ပြဲ၌ မွတ္ပုံတင္ေလွ်ာက္ထားသည့္ တိုင္းရင္းသားပါတီအမ်ားစုသည္ ၎တို႔၏ ေဒသကိုသာ အေျချပဳသည့္ပါတီမ်ားအျဖစ္ မွတ္ပုံတင္ေလွ်ာက္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရၿပီး ရွမ္းႏွင့္တိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီတစ္ခုသာ ျပည္ေထာင္စုတစ္ဝန္းလုံးစည္း႐ုံးမည့္ ပါတီအျဖစ္ မွတ္ပုံတင္ေလွ်ာက္ထားခဲ့ေၾကာင္း သိရသည္။

“ျပည္သူလူထုက အဲဒီလို မဲမေပးဘဲနဲ႔ ေ႐ြးေကာက္ပြဲကို ေရွာင္ရွားခဲ့ရင္ေတာ့ တစ္ဖက္က ၾကည့္ေနတဲ့သူေတြက သက္သက္သာသာေခ်ာင္ေခ်ာင္ခ်ိခ်ိနဲ႔ ႏိုင္ငံေတာ္အာဏာကို ဆက္လက္ၿပီး ယူသြားလိမ့္မယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ကေတာ့ ေ႐ြးေကာက္ပြဲက ႏိုင္ငံေတာ္ရဲ႕ထြက္ေပါက္ပါ။ ျပည္သူအားလုံးရဲ႕ ထြက္ ေပါက္ပါ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ဒီကိစၥေတြကို ျဖတ္သန္းမွာျဖစ္ပါတယ္”ဟု ရွမ္းႏွင့္တိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီမွ ရန္ကုန္တိုင္းတာဝန္ခံ ဦးလွေဌးက မွတ္ခ်က္ျပဳေျပာဆိုထားသည္။

ယခင္က ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၌ ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ထားသည့္ တိုင္းရင္း သားလူမ်ိဳးစုပါတီမ်ားသည္ စုစုေပါင္း (၄၈)ပါတီထက္မနည္းရွိေၾကာင္း ေကာ္မရွင္၏ သတင္းအခ်က္ အလက္မ်ားအရ သိရသည္။

လက္ရွိတြင္ ခ်င္းတိုင္းရင္းသားမ်ားပါတီ၊ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ကယန္းအမ်ိဳးသားပါတီအပါအဝင္ အျခားေသာ တိုင္းရင္းသားပါတီမ်ားသည္ ေ႐ြးေကာက္ပြဲေကာ္မရွင္ထံ၌ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားျခင္းမ်ိဳး မေတြ႕ရွိရေသးေပ။

ရွမ္းျပည္နယ္အတြင္း အင္းအားႀကီးမားၿပီး လူထုေထာက္ခံမႈရရွိခဲ့ေသာ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (SNLD)သည္ ပါတီမွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားမည္မဟုတ္ေၾကာင္း တရားဝင္အသိ ေပးေျပာဆိုထားသည္။

လက္ရွိတြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထံ၌ မွတ္ပုံတင္ေလွ်ာက္ထားေသာ ႏိုင္ငံေရးပါတီအနက္ ျပည္ေထာင္စုတစ္ဝန္းလုံးစည္း႐ုံးမည့္ပါတီသည္ (၁၂)ပါတီရွိေၾကာင္းႏွင့္ က်န္ရွိေသာ ပါတီ(၄ဝ) သည္ တိုင္း သို႔မဟုတ္ ျပည္နယ္တစ္ခုအတြင္း၌သာ စည္း႐ုံးမည့္ပါတီမ်ားျဖစ္ေၾကာင္း နစကမွ အသိေပးေျပာဆိုထားသည္။

ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစတင္ကာ ႏိုင္ငံေရးပဋိပကၡမ်ားျဖစ္ေပၚခဲ့ၿပီး တိုင္းျပည္အတြင္း မတည္ၿငိမ္မႈမ်ားျဖစ္ေပၚလ်က္ရွိသည့္အျပင္ ေပါက္ကြဲမႈ၊ အၾကမ္းဖက္သတ္ျဖတ္မႈ၊ ထိေတြ႕တိုက္ပြဲမ်ားမွ ေန႔စဥ္လိုလို ျဖစ္ပြားလ်က္ရွိေၾကာင္း ေတြ႕ရွိရသည္။

ထိုသို႔ ႏိုင္ငံအတြင္း၌ ပဋိပကၡမ်ား၊ မတည္ၿငိမ္မႈမ်ားျဖစ္ပြားလ်က္ရွိေနေသာ္လည္း ႏိုင္ငံေရးအခန္းက႑ေပ်ာက္ကြယ္သြားမည္ကို စိုးရိမ္သည့္အတြက္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ မွတ္ပုံတင္ေလွ်ာက္ထားလ်က္ရွိသည္ကိုလည္း ေတြ႕ရွိရသည္။

လက္ရွိတြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာ နစကအစိုးရအေနျဖင့္ အေထြေထြ ေ႐ြး ေကာက္ပြဲကို က်င္းပေပးမည္ဟု တရားဝင္ေျပာဆိုထားေသာ္လည္း ေ႐ြးေကာက္ပြဲက်င္းပမည့္အခ်ိန္အခါကို တိတိက်က်အသိေပးေျပာဆိုျခင္းမ်ိဳး မရွိေသးေပ။

သို႔ေသာ္ လာမည့္ေ႐ြးေကာက္ပြဲအား အခ်ိဳးက်ကိုယ္စားျပဳစနစ္(PR)ကို က်င့္သုံးက်င္းပသြားမည္ျဖစ္ ေၾကာင္း တရားဝင္ ေျပာဆိုထားၿပီး PR ေ႐ြးေကာက္ပြဲစနစ္ေၾကာင့္ တိုင္းရင္းသားလူမ်ိဳးစုမ်ားအေနျဖင့္ လႊတ္ေတာ္မ်ား၌ ပိုမိုေနရာရရွိလာႏိုင္ၿပီး အုပ္ခ်ဳပ္ေရးအပိုင္းမ်ားတြင္လည္း ေနရာရရွိလာႏိုင္ေၾကာင္း နစကႏွင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္က သုံးသပ္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.