ဘဏ်လုပ်ငန်းများ ကမောက်ကမဖြစ်နေချိန်မှာ အင်္ဂလန်အစိုးရက အတိုးနှုန်းများ ထပ်မံတိုးမြှင့်ဖို့ ဆုံးဖြတ်

 870

ဂျန်ဇက် (NP News) - မတ် ၂၅

ဘဏ်လုပ်ငန်းများ ကမောက်ကမဖြစ်နေချိန်မှာ အင်္ဂလန်ဘဏ်များကလည်း အတိုးနှုန်းကို (၁၁)ကြိမ်မြောက်တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။

အင်္ဂလန် မူဝါဒရေးရာဆုံးဖြတ်သူများဟာ ဘဏ်လုပ်ငန်းတွေ အကျပ်အတည်းဖြစ်နေချိန်မှာ ငွေကြေး ဖောင်းပွမှုနှုန်းကို တိုက်ဖျက်နိုင်ဖို့ ဘဏ်အတိုးနှုန်းများတိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ အင်္ဂလန်ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်တဲ့အစည်းအဝေးအတွင်း ဘဏ်အတိုးနှုန်းများကို ၄ ဒသမ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါအတိုးနှုန်းပမာဏာဟာ ၂ဝဝ၈ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံးဘဏ်အတိုးနှုန်းဖြစ်ကြောင်းသိရပါတယ်။ အမေရိကန်အပါအဝင် အနောက်အုပ် စုနိုင်ငံအချို့ရှိ ဘဏ်လုပ်ငန်းများ ပြိုလဲမှုများ၊ အခက်အခဲများဖြစ်ပွားနေချိန်မှာ ဘဏ်အတိုးနှုန်းတိုးမြှင့်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း၊ အမေရိကန်၊ နော်ဝေးနဲ့ ဆွတ်ဇာလန်အစိုးရတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာဘဏ်အတိုးနှုန်းများကို ယခင်နှုန်းထက်အနည်းငယ် တိုးမြှင့်ခဲ့ကြောင်းသိရပါတယ်။

အင်္ဂလန်ဗဟိုဘဏ်ဟာ ပြည်သူများရဲ့ရှင်သန်နေထိုင်မှုစရိတ်ကြီးမြင့်မှုတွေကိုလျော့ချဖို့ ကြိုးပမ်းနေပေမယ့်လည်း ဖေဖော်ဝါရီလအတွင်း အင်္ဂလန်ရဲ့ငွေကြေးဖောင်းပွမှုနှုန်းက မြင့်တက်လျက်ရှိနေဆဲဖြစ် ကြောင်းသိရပါတယ်။ ဘဏ်များထိခိုက်ရမှုဟာ အတိုးနှုန်းများ မြင့်မားစွာပေးနေရခြင်းကြောင့်ဖြစ်တယ်လို့ ဝေဖန်ထောက်ပြခဲ့ပေမယ့်လည်း အမေရိကန်၊ အင်္ဂလန်၊ နော်ဝေး နဲ့ ဆွစ်ဇာလန်နိုင်ငံ ဗဟိုဘဏ်များက ဘဏ်အတိုးနှုန်းများကို တိုးမြှင့်ဖို့ဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။

ယူကရိန်းနဲ့ရုရှားကြားစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားအပေါ် ပိတ်ဆို့မှုများချမှတ်ခဲ့ရာ ရုရှားက အနောက်အုပ်စုနိုင်ငံများထံ ရေနံနဲ့ဓါတ်ငွေ့တင်ပို့မှု ကန့် သတ်တဲ့ လက်တုံ့ပြန်မှုမျိုးနဲ့ပြန်တုံ့ပြန်ခဲ့ရာ ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ခြင်းများဖြစ်လာခဲ့ရကြောင်းသိရပါတယ်။

zawgyi version
ဘဏ္လုပ္ငန္းမ်ား ကေမာက္ကမျဖစ္ေနခ်ိန္မွာ အဂၤလန္အစိုးရက အတိုးႏႈန္းမ်ား ထပ္မံတိုးျမႇင့္ဖို႔ ဆုံးျဖတ္
ဂ်န္ဇက္ (NP News) - မတ္ ၂၅

ဘဏ္လုပ္ငန္းမ်ား ကေမာက္ကမျဖစ္ေနခ်ိန္မွာ အဂၤလန္ဘဏ္မ်ားကလည္း အတိုးႏႈန္းကို (၁၁)ႀကိမ္ေျမာက္တိုးျမႇင့္လိုက္ေၾကာင္း သိရပါတယ္။

အဂၤလန္ မူဝါဒေရးရာဆုံးျဖတ္သူမ်ားဟာ ဘဏ္လုပ္ငန္းေတြ အက်ပ္အတည္းျဖစ္ေနခ်ိန္မွာ ေငြေၾကး ေဖာင္းပြမႈႏႈန္းကို တိုက္ဖ်က္ႏိုင္ဖို႔ ဘဏ္အတိုးႏႈန္းမ်ားတိုးျမႇင့္လိုက္ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ အဂၤလန္ဗဟိုဘဏ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ျပဳလုပ္တဲ့အစည္းအေဝးအတြင္း ဘဏ္အတိုးႏႈန္းမ်ားကို ၄ ဒသမ ၂၅ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ေပးဖို႔ ဆုံးျဖတ္ခဲ့ေၾကာင္းသိရပါတယ္။ အဆိုပါအတိုးႏႈန္းပမာဏာဟာ ၂ဝဝ၈ ခုႏွစ္ေနာက္ပိုင္း အျမင့္မားဆုံးဘဏ္အတိုးႏႈန္းျဖစ္ေၾကာင္းသိရပါတယ္။ အေမရိကန္အပါအဝင္ အေနာက္အုပ္ စုႏိုင္ငံအခ်ိဳ႕ရွိ ဘဏ္လုပ္ငန္းမ်ား ၿပိဳလဲမႈမ်ား၊ အခက္အခဲမ်ားျဖစ္ပြားေနခ်ိန္မွာ ဘဏ္အတိုးႏႈန္းတိုးျမႇင့္မႈမ်ား ဆက္တိုက္လုပ္ေဆာင္ခဲ့ေၾကာင္း၊ အေမရိကန္၊ ေနာ္ေဝးနဲ႔ ဆြတ္ဇာလန္အစိုးရတို႔ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာဘဏ္အတိုးႏႈန္းမ်ားကို ယခင္ႏႈန္းထက္အနည္းငယ္ တိုးျမႇင့္ခဲ့ေၾကာင္းသိရပါတယ္။

အဂၤလန္ဗဟိုဘဏ္ဟာ ျပည္သူမ်ားရဲ႕ရွင္သန္ေနထိုင္မႈစရိတ္ႀကီးျမင့္မႈေတြကိုေလ်ာ့ခ်ဖို႔ ႀကိဳးပမ္းေနေပမယ့္လည္း ေဖေဖာ္ဝါရီလအတြင္း အဂၤလန္ရဲ႕ေငြေၾကးေဖာင္းပြမႈႏႈန္းက ျမင့္တက္လ်က္ရွိေနဆဲျဖစ္ ေၾကာင္းသိရပါတယ္။ ဘဏ္မ်ားထိခိုက္ရမႈဟာ အတိုးႏႈန္းမ်ား ျမင့္မားစြာေပးေနရျခင္းေၾကာင့္ျဖစ္တယ္လို႔ ေဝဖန္ေထာက္ျပခဲ့ေပမယ့္လည္း အေမရိကန္၊ အဂၤလန္၊ ေနာ္ေဝး နဲ႔ ဆြစ္ဇာလန္ႏိုင္ငံ ဗဟိုဘဏ္မ်ားက ဘဏ္အတိုးႏႈန္းမ်ားကို တိုးျမႇင့္ဖို႔ဆုံးျဖတ္ခဲ့ေၾကာင္းသိရပါတယ္။

ယူကရိန္းနဲ႔႐ုရွားၾကားစစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြဟာ ႐ုရွားအေပၚ ပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့ရာ ႐ုရွားက အေနာက္အုပ္စုႏိုင္ငံမ်ားထံ ေရနံနဲ႔ဓါတ္ေငြ႕တင္ပို႔မႈ ကန႔္ သတ္တဲ့ လက္တုံ႔ျပန္မႈမ်ိဳးနဲ႔ျပန္တုံ႔ျပန္ခဲ့ရာ ကုန္ေဈးႏႈန္းျမင့္တက္ျခင္း၊ ေငြေၾကးေဖာင္းပြမႈႏႈန္းျမင့္တက္ျခင္းမ်ားျဖစ္လာခဲ့ရေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.