အတိုးနဲ့ချေးယူထားတဲ့ အမေရိကန်ဒေါ်လာသန်း (၈ဝ)ပြန်လည်ပေးချေဖို့ မြောက်ကိုရီးယားကို တောင်ကိုရီးယားတောင်းဆို

 2079

ဂျန်ဇက် (NP News) - ‌မတ် ၂၅

တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားနိုင်ငံထံကနေရဖို့ရှိနေတဲ့ အမေရိကန်ဒေါ်လာ သန်း(၈ဝ) ပြန်ပေးဖို့ တောင်းဆိုလိုက်ကြောင်းသိရပါတယ်။

မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားကြား တင်းမာမှုများဖြစ်ပွားနေချိန်မှာ တောင်ကိုရီးယားရဲ့ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အကြွေးအမေရိကန်ဒေါ်လာသန်း (၈ဝ) ပြန်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ အဆိုပါ အကြွေးကို အတိုးနဲ့ ၂ဝဝ၇ ခုနှစ်က တောင်ကိုရီးယားနိုင်ငံထံကနေ ချေးယူခဲ့ကြောင်းသိရပါတယ်။

တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီဟိုဂျန်က "မြောက်ကိုရီးယားဟာ နိုင်ငံတကာ ကုန်သွယ်ရေး အမူအကျင့်တွေနဲ့ ကိုရီးယားနှစ်နိုင်ငံကြားသဘောတူညီချက်တွေကို ချိုးဖောက်ခဲ့တယ်"လို့ ပြောပါတယ်။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ဟာ ၂ဝဝ၇ ခုနှစ်မှာ ချုပ်ဆိုထားတဲ့ သဘောတူညီချက်ထဲမှာ မြောက်ကိုရီးယားရဲ့စက်မှုလုပ်ငန်းများပိုမိုကောင်းမွန်စေဖို့ရည်ရွယ်ပြီး အတိုးနဲ့ချေးယူပေးခဲ့ခြင်းဖြစ် ကြောင်း၊ မြောက်ကိုရီးယားရဲ့အဝတ်အထည်လုပ်ငန်းများ၊ ဖိနပ်လုပ်ငန်းများအတွက်လိုအပ်တဲ့ ကုန်ကြမ်းများရယူနိုင်ဖို့အတိုးနဲ့ချေးခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရကပြောပါတယ်။ မြောက်ကိုရီးယားဟာချေးယူထားတဲ့ငွေကြေးများအနက်မှ အချို့ကို ၂ဝဝ၇ ခုနှစ်နဲ့ ၂ဝဝ၈ ခုနှစ်တို့မှာ ပြန်လည်ပေးဆပ်ခဲ့ပြီးအဲဒီနောက်ပိုင်းကတည်းက ပေးဖို့ကျန်ရှိနေတဲ့ ငွေကြေးများကိုပေးခဲ့ခြင်းမရှိကြောင်း တောင်ကိုရီးယားအစိုးရက ပြောပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒုံးကျည်စမ်းသပ်မှုများဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်မှာတင်းမာမှုများ မြင့်တက်နေချိန်မှာ ချေးထားတဲ့ငွေကြေးများ ပြန်ပေးဆပ်ဖို့ တောင်ကိုရီးယားက တောင်းဆိုခဲ့တာဖြစ်ပါတယ်။

zawgyi version
အတိုးနဲ႔ေခ်းယူထားတဲ့ အေမရိကန္ေဒၚလာသန္း (၈ဝ)ျပန္လည္ေပးေခ်ဖို႔ ေျမာက္ကိုရီးယားကို ေတာင္ကိုရီးယားေတာင္းဆို
ဂ်န္ဇက္ (NP News) - ‌မတ္ ၂၅

ေတာင္ကိုရီးယားအစိုးရဟာ ေျမာက္ကိုရီးယားႏိုင္ငံထံကေနရဖို႔ရွိေနတဲ့ အေမရိကန္ေဒၚလာ သန္း(၈ဝ) ျပန္ေပးဖို႔ ေတာင္းဆိုလိုက္ေၾကာင္းသိရပါတယ္။

ေျမာက္ကိုရီးယားနဲ႔ေတာင္ကိုရီးယားၾကား တင္းမာမႈမ်ားျဖစ္ပြားေနခ်ိန္မွာ ေတာင္ကိုရီးယားရဲ႕ျပန္လည္ေပါင္းစည္းေရးဝန္ႀကီးဌာနက အေႂကြးအေမရိကန္ေဒၚလာသန္း (၈ဝ) ျပန္ေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ ေျမာက္ကိုရီးယားဟာ အဆိုပါ အေႂကြးကို အတိုးနဲ႔ ၂ဝဝ၇ ခုႏွစ္က ေတာင္ကိုရီးယားႏိုင္ငံထံကေန ေခ်းယူခဲ့ေၾကာင္းသိရပါတယ္။

ေတာင္ကိုရီးယား ျပန္လည္ေပါင္းစည္းေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ လီဟိုဂ်န္က "ေျမာက္ကိုရီးယားဟာ ႏိုင္ငံတကာ ကုန္သြယ္ေရး အမူအက်င့္ေတြနဲ႔ ကိုရီးယားႏွစ္ႏိုင္ငံၾကားသေဘာတူညီခ်က္ေတြကို ခ်ိဳးေဖာက္ခဲ့တယ္"လို႔ ေျပာပါတယ္။

ေတာင္ကိုရီးယားနဲ႔ ေျမာက္ကိုရီးယားတို႔ဟာ ၂ဝဝ၇ ခုႏွစ္မွာ ခ်ဳပ္ဆိုထားတဲ့ သေဘာတူညီခ်က္ထဲမွာ ေျမာက္ကိုရီးယားရဲ႕စက္မႈလုပ္ငန္းမ်ားပိုမိုေကာင္းမြန္ေစဖို႔ရည္႐ြယ္ၿပီး အတိုးနဲ႔ေခ်းယူေပးခဲ့ျခင္းျဖစ္ ေၾကာင္း၊ ေျမာက္ကိုရီးယားရဲ႕အဝတ္အထည္လုပ္ငန္းမ်ား၊ ဖိနပ္လုပ္ငန္းမ်ားအတြက္လိုအပ္တဲ့ ကုန္ၾကမ္းမ်ားရယူႏိုင္ဖို႔အတိုးနဲ႔ေခ်းခဲ့ျခင္းျဖစ္ေၾကာင္း ေတာင္ကိုရီးယားအစိုးရကေျပာပါတယ္။ ေျမာက္ကိုရီးယားဟာေခ်းယူထားတဲ့ေငြေၾကးမ်ားအနက္မွ အခ်ိဳ႕ကို ၂ဝဝ၇ ခုႏွစ္နဲ႔ ၂ဝဝ၈ ခုႏွစ္တို႔မွာ ျပန္လည္ေပးဆပ္ခဲ့ၿပီးအဲဒီေနာက္ပိုင္းကတည္းက ေပးဖို႔က်န္ရွိေနတဲ့ ေငြေၾကးမ်ားကိုေပးခဲ့ျခင္းမရွိေၾကာင္း ေတာင္ကိုရီးယားအစိုးရက ေျပာပါတယ္။

ေျမာက္ကိုရီးယားဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဒုံးက်ည္စမ္းသပ္မႈမ်ားဆက္တိုက္ျပဳလုပ္ခဲ့ၿပီးေနာက္ ကိုရီးယားကြၽန္းဆြယ္မွာတင္းမာမႈမ်ား ျမင့္တက္ေနခ်ိန္မွာ ေခ်းထားတဲ့ေငြေၾကးမ်ား ျပန္ေပးဆပ္ဖို႔ ေတာင္ကိုရီးယားက ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.