အမေရိကန်နိုင်ငံတွင် အင်အားပြင်းလေဆင်နှာမောင်းတစ်ခုတိုက်ခတ်ခဲ့ပြီးနောက် အနည်းဆုံးလူ(၁၄)ဦးသေဆုံး

 491

Pika (NP News) - မတ် ၂၅

အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ် နှင့် အလာဘားမားပြည်နယ်တို့တွင် မတ်လ(၂၄)ရက်က အင်အားပြင်း လေဆင်နှာမောင်းတစ်ခုတိုက်ခတ်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၁၄)ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ထို့ပြင် လေဆင်နှာမောင်းတိုက်ခတ်ပြီးနောက် ပျက်စီးမှုများကို မှတ်တမ်းယူထားသော ဗီဒီယိုဖိုင်များလည်း ဆိုရှယ်မီဒီယာများပေါ်တွင် ထွက်ပေါ်လာခဲ့ကြောင်းသိရသည်။ မစ္စစ္စပီပြည်နယ် Sharkey ကောင်တီရှိ စုံစမ်းရေးမှူး Angelia Easton က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပြည်နယ်တွင်း အနည်းဆုံးလူ(၇)ဦးသေဆုံးခဲ့ကြောင်းပြောဆိုခဲ့ပြီး မစ္စစ္စပီပြည်နယ်ကင်းလှည့်ရဲတစ်ဦးဖြစ်သူ ဂျိုးဝက်ဆန်က အခြားလူ(၁)ဦးလည်း သေဆုံးခဲ့ကြောင်း ပြောဆိုခဲ့သည်။

လေဆင်နှာမောင်းတိုက်ခတ်ခြင်းကြောင့် Carroll ကောင်တီတွင် လူ(၃)ဦးသေဆုံးခဲ့ပြီး မွန်ရိုးကောင်တီတွင် လူ(၂)ဦးသေဆုံးခဲ့ကြောင်းလည်းသိရသည်။ အဆိုပါလေဆင်နှာမောင်းသည် အသက်အန္တရာယ်ရှိသည့် အခြေအနေတစ်ခုအထိ တိုက်ခတ်နိုင်သည့်အတွက် အမျိုးသားမိုးလေဝသဌာနက အရေးပေါ်သတိပေးချက်များကို ထုတ်ပြန်ခဲ့ရကြောင်းလည်းသိရသည်။

အမျိုးသားမိုးလေဝသဌာနက "လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လေနဲ့အတူလွင့်ပါလာတဲ့ အပျက် အစီးတွေကြောင့် လူသေဆုံးမှုတွေဖြစ်နိုင်ပါတယ်။ နေအိမ်တွေ၊ လုပ်ငန်းတွေနဲ့ မော်တော်ယာဥ်တွေ တော်တော်များများလည်း ပျက်စီးသွားနိုင်ပါတယ်"ဟုပြောဆိုခဲ့သည်။

Arkansas ပြည်နယ်မှ မုန်တိုင်းနှင့်ပတ်သက်ပြီး လေ့လာသုံးသပ်သူ ဇာချာရီဟောသည် မစ္စစ္စပီပြည်နယ် Rolling Fork မြို့ရှိမှောင်မည်းနေသော ကောင်းကင်တွင် လျှပ်စီးကြောင်းများနှင့် လေဆင်နှာမောင်းတိုက်ခတ်နေသည့် ဗီဒီယိုဖိုင်တစ်ခုကို ဆိုရှယ်မီဒီယာပေါ်သို့ တင်ခဲ့ကြောင်းလည်းသိရသည်။

မုန်တိုင်းနှင့်ပတ်သက်ပြီး လေ့လာသုံးသပ်သူ ဇာချာရီဟောက"ဒါက ပြင်းထန်တဲ့ လေဆင်နှာမောင်းတစ်ခုဖြစ်ပြီး ဒီညမှာ ကြုံတွေ့ခဲ့ရတဲ့ အရာတစ်ချို့ကို ကျွန်တော်တို့ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး"ဟု တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

zawgyi version
အေမရိကန္ႏိုင္ငံတြင္ အင္အားျပင္းေလဆင္ႏွာေမာင္းတစ္ခုတိုက္ခတ္ခဲ့ၿပီးေနာက္ အနည္းဆုံးလူ(၁၄)ဦးေသဆုံး
Pika (NP News) - မတ္ ၂၅

အေမရိကန္ႏိုင္ငံ မစၥစၥပီျပည္နယ္ ႏွင့္ အလာဘားမားျပည္နယ္တို႔တြင္ မတ္လ(၂၄)ရက္က အင္အားျပင္း ေလဆင္ႏွာေမာင္းတစ္ခုတိုက္ခတ္ခဲ့ျခင္းေၾကာင့္ အနည္းဆုံးလူ(၁၄)ဦးေသဆုံးခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ ေလဆင္ႏွာေမာင္းတိုက္ခတ္ၿပီးေနာက္ ပ်က္စီးမႈမ်ားကို မွတ္တမ္းယူထားေသာ ဗီဒီယိုဖိုင္မ်ားလည္း ဆိုရွယ္မီဒီယာမ်ားေပၚတြင္ ထြက္ေပၚလာခဲ့ေၾကာင္းသိရသည္။ မစၥစၥပီျပည္နယ္ Sharkey ေကာင္တီရွိ စုံစမ္းေရးမႉး Angelia Easton က ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ ျပည္နယ္တြင္း အနည္းဆုံးလူ(၇)ဦးေသဆုံးခဲ့ေၾကာင္းေျပာဆိုခဲ့ၿပီး မစၥစၥပီျပည္နယ္ကင္းလွည့္ရဲတစ္ဦးျဖစ္သူ ဂ်ိဳးဝက္ဆန္က အျခားလူ(၁)ဦးလည္း ေသဆုံးခဲ့ေၾကာင္း ေျပာဆိုခဲ့သည္။

ေလဆင္ႏွာေမာင္းတိုက္ခတ္ျခင္းေၾကာင့္ Carroll ေကာင္တီတြင္ လူ(၃)ဦးေသဆုံးခဲ့ၿပီး မြန္႐ိုးေကာင္တီတြင္ လူ(၂)ဦးေသဆုံးခဲ့ေၾကာင္းလည္းသိရသည္။ အဆိုပါေလဆင္ႏွာေမာင္းသည္ အသက္အႏၲရာယ္ရွိသည့္ အေျခအေနတစ္ခုအထိ တိုက္ခတ္ႏိုင္သည့္အတြက္ အမ်ိဳးသားမိုးေလဝသဌာနက အေရးေပၚသတိေပးခ်က္မ်ားကို ထုတ္ျပန္ခဲ့ရေၾကာင္းလည္းသိရသည္။

အမ်ိဳးသားမိုးေလဝသဌာနက "ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ ေလနဲ႔အတူလြင့္ပါလာတဲ့ အပ်က္ အစီးေတြေၾကာင့္ လူေသဆုံးမႈေတြျဖစ္ႏိုင္ပါတယ္။ ေနအိမ္ေတြ၊ လုပ္ငန္းေတြနဲ႔ ေမာ္ေတာ္ယာဥ္ေတြ ေတာ္ေတာ္မ်ားမ်ားလည္း ပ်က္စီးသြားႏိုင္ပါတယ္"ဟုေျပာဆိုခဲ့သည္။

Arkansas ျပည္နယ္မွ မုန္တိုင္းႏွင့္ပတ္သက္ၿပီး ေလ့လာသုံးသပ္သူ ဇာခ်ာရီေဟာသည္ မစၥစၥပီျပည္နယ္ Rolling Fork ၿမိဳ႕ရွိေမွာင္မည္းေနေသာ ေကာင္းကင္တြင္ လွ်ပ္စီးေၾကာင္းမ်ားႏွင့္ ေလဆင္ႏွာေမာင္းတိုက္ခတ္ေနသည့္ ဗီဒီယိုဖိုင္တစ္ခုကို ဆိုရွယ္မီဒီယာေပၚသို႔ တင္ခဲ့ေၾကာင္းလည္းသိရသည္။

မုန္တိုင္းႏွင့္ပတ္သက္ၿပီး ေလ့လာသုံးသပ္သူ ဇာခ်ာရီေဟာက"ဒါက ျပင္းထန္တဲ့ ေလဆင္ႏွာေမာင္းတစ္ခုျဖစ္ၿပီး ဒီညမွာ ႀကဳံေတြ႕ခဲ့ရတဲ့ အရာတစ္ခ်ိဳ႕ကို ကြၽန္ေတာ္တို႔ ဘယ္ေတာ့မွ ေမ့ႏိုင္မွာ မဟုတ္ပါဘူး"ဟု တြစ္တာေပၚတြင္ ေရးသားေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.