နိုင်ငံတကာကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာအသုံးပြုမှုကို အစားထိုးရန်ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး တရုတ်နှင့်ရုရှားတို့ကို အမေရိကန်အစိုးရ သတိပေး

 2894

Pika (NP News) - မတ် ၂၅

နိုင်ငံတကာ ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာအသုံးပြုမှုကို အစားထိုးရန်ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး ရုရှားနှင့်တရုတ်တို့သည် ကြီးမားသောအခက်အခဲများနှင့် ရင်ဆိုင်လာရမည်ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျန်းနစ်ယဲလန်က ပြောကြားခဲ့သည်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး အမေရိကန်နှင့်ဥရောပသမဂ္ဂတို့က ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်သည့်အနေဖြင့် ရုရှားသည် နိုင်ငံတကာကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာအသုံးပြုမှုကိုလျော့ချပြီး နိုင်ငံသုံးငွေကြေးများအသုံးပြုမှုကို ပိုမိုအရှိန်မြင့်လုပ်ဆောင်လာလျက်ရှိကြောင်းသိရသည်။

ရုရှားသည် တရုတ်နှင့်အိန္ဒိယတို့ကဲ့သို့သော အဓိကကုန်သွယ်ဖက်များနှင့် ကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာအသုံးပြုမှုအစား ရုရှားနိုင်ငံသုံးငွေကြေးရူဘယ်အသုံးပြုမှုများကို ပိုမိုတိုးမြင့်လုပ်ဆောင်လာခဲ့ကြောင်းသိရသည်။

ဂျန်းနစ်ယဲလန်က "အမေရိကန်ဒေါ်လာကို ကမ္ဘာ့အရန်ငွေကြေးအဖြစ် ဆက်လက်ရှိနေစေချင်ပါတယ်။ရုရှားနဲ့တရုတ်တို့ဟာ အမေရိကန်ဒေါ်လာကို အသုံးမပြုတဲ့ ကုန်သွယ်မှုစနစ်တစ်ခုကို တီထွင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့်လည်း ရုရှားနဲ့တရုတ်တို့ရဲ့ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက်က အလွန်ကိုခက်ခဲပါတယ်"ဟုပြောဆိုခဲ့သည်။

ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများချမှတ်ခံရခြင်းကြောင့် ရုရှားသည်(၂ဝ၁၄)ခုနှစ်တွင် စီးပွားရေးနှင့် ကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာအသုံးပြုမှုကို စတင်လျှော့ချခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့်နှစ်တွင် အနောက်အုပ်စုနိုင်ငံများသည် ရုရှား၏နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ(၃ဝဝ)ဘီလျံကျော်နှင့် အခြားပိုင်ဆိုင်မှုများကိုသိမ်းယူခဲ့ပြီးနောက် ရုရှား၏အမေရိကန်ဒေါ်လာအသုံးမပြုမှု လုပ်ငန်းစဥ်သည် ပိုမိုအရှိန်မြင့်လာခဲ့ကြောင်းသိရသည်။

ရုရှားဗဟိုဘဏ်မှ နောက်ဆုံးရရှိထားသော အချက်အလက်များအရ တရုတ်နိုင်ငံသုံးငွေကြေးယွမ်သည် ရုရှား၏နိုင်ငံခြားကုန်သွယ်မှုတွင် အဓိကအခန်းကဏ္ဍမှပါဝင်လာခဲ့ကြောင်းလည်း သိရသည်။

zawgyi version
ႏိုင္ငံတကာကုန္သြယ္မႈမ်ားတြင္ အေမရိကန္ေဒၚလာအသုံးျပဳမႈကို အစားထိုးရန္ႀကိဳးပမ္းမႈနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏွင့္႐ုရွားတို႔ကို အေမရိကန္အစိုးရ သတိေပး
Pika (NP News) - မတ္ ၂၅

ႏိုင္ငံတကာ ကုန္သြယ္မႈတြင္ အေမရိကန္ေဒၚလာအသုံးျပဳမႈကို အစားထိုးရန္ႀကိဳးပမ္းမႈနဲ႔ပတ္သက္ၿပီး ႐ုရွားႏွင့္တ႐ုတ္တို႔သည္ ႀကီးမားေသာအခက္အခဲမ်ားႏွင့္ ရင္ဆိုင္လာရမည္ျဖစ္ေၾကာင္း အေမရိကန္ဘ႑ာေရးဝန္ႀကီး ဂ်န္းနစ္ယဲလန္က ေျပာၾကားခဲ့သည္။

ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ျခင္းႏွင့္ပတ္သက္ၿပီး အေမရိကန္ႏွင့္ဥေရာပသမဂၢတို႔က ခ်မွတ္ထားေသာ ပိတ္ဆို႔အေရးယူမႈမ်ားကို ဆန႔္က်င္သည့္အေနျဖင့္ ႐ုရွားသည္ ႏိုင္ငံတကာကုန္သြယ္မႈမ်ားတြင္ အေမရိကန္ေဒၚလာအသုံးျပဳမႈကိုေလ်ာ့ခ်ၿပီး ႏိုင္ငံသုံးေငြေၾကးမ်ားအသုံးျပဳမႈကို ပိုမိုအရွိန္ျမင့္လုပ္ေဆာင္လာလ်က္ရွိေၾကာင္းသိရသည္။

႐ုရွားသည္ တ႐ုတ္ႏွင့္အိႏၵိယတို႔ကဲ့သို႔ေသာ အဓိကကုန္သြယ္ဖက္မ်ားႏွင့္ ကုန္သြယ္မႈမ်ားတြင္ အေမရိကန္ေဒၚလာအသုံးျပဳမႈအစား ႐ုရွားႏိုင္ငံသုံးေငြေၾကး႐ူဘယ္အသုံးျပဳမႈမ်ားကို ပိုမိုတိုးျမင့္လုပ္ေဆာင္လာခဲ့ေၾကာင္းသိရသည္။

ဂ်န္းနစ္ယဲလန္က "အေမရိကန္ေဒၚလာကို ကမာၻ႔အရန္ေငြေၾကးအျဖစ္ ဆက္လက္ရွိေနေစခ်င္ပါတယ္။႐ုရွားနဲ႔တ႐ုတ္တို႔ဟာ အေမရိကန္ေဒၚလာကို အသုံးမျပဳတဲ့ ကုန္သြယ္မႈစနစ္တစ္ခုကို တီထြင္ဖို႔ ႀကိဳးစားေနပါတယ္။ ဒါေပမယ့္လည္း ႐ုရွားနဲ႔တ႐ုတ္တို႔ရဲ႕ရည္မွန္းခ်က္ေတြ ေအာင္ျမင္ဖို႔အတြက္က အလြန္ကိုခက္ခဲပါတယ္"ဟုေျပာဆိုခဲ့သည္။

ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို သိမ္းပိုက္ခဲ့ျခင္းႏွင့္ပတ္သက္ၿပီး အေနာက္အုပ္စုႏိုင္ငံမ်ား၏ ပိတ္ဆို႔အေရးယူမႈမ်ားခ်မွတ္ခံရျခင္းေၾကာင့္ ႐ုရွားသည္(၂ဝ၁၄)ခုႏွစ္တြင္ စီးပြားေရးႏွင့္ ကုန္သြယ္မႈမ်ားတြင္ အေမရိကန္ေဒၚလာအသုံးျပဳမႈကို စတင္ေလွ်ာ့ခ်ခဲ့ေၾကာင္းသိရသည္။

ၿပီးခဲ့သည့္ႏွစ္တြင္ အေနာက္အုပ္စုႏိုင္ငံမ်ားသည္ ႐ုရွား၏ႏိုင္ငံျခားအရန္ေငြ အေမရိကန္ေဒၚလာ(၃ဝဝ)ဘီလ်ံေက်ာ္ႏွင့္ အျခားပိုင္ဆိုင္မႈမ်ားကိုသိမ္းယူခဲ့ၿပီးေနာက္ ႐ုရွား၏အေမရိကန္ေဒၚလာအသုံးမျပဳမႈ လုပ္ငန္းစဥ္သည္ ပိုမိုအရွိန္ျမင့္လာခဲ့ေၾကာင္းသိရသည္။

႐ုရွားဗဟိုဘဏ္မွ ေနာက္ဆုံးရရွိထားေသာ အခ်က္အလက္မ်ားအရ တ႐ုတ္ႏိုင္ငံသုံးေငြေၾကးယြမ္သည္ ႐ုရွား၏ႏိုင္ငံျခားကုန္သြယ္မႈတြင္ အဓိကအခန္းက႑မွပါဝင္လာခဲ့ေၾကာင္းလည္း သိရသည္။

Picture

Ye Htun

25/03/2023 19:46

👍👏👏👏👏အမေရိကန်.. ကျဆုံး ပါစေ👍👍

Related news

© 2021. All rights reserved.