TikTok နှင့်ပတ်သက်ပြီး အမေရိကန်၏ စွပ်စွဲပြောဆိုချက်များကို တရုတ်အစိုးရငြင်းဆန်ပယ်ချ

 486

Pika (NP News) - မတ် ၂၆

တရုတ်သည် TikTok အပလီကေးရှင်းကို အသုံးပြုကာ အမေရိကန်နိုင်ငံသားများ၏ ဒေတာအချက်အလက်များကို ရယူနေသည်ဆိုသည့် အမေရိကန်အရာရှိများ၏ စွပ်စွဲပြောဆိုချက်ကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ဒေတာအချက်အလက်များနှင့် လုံခြုံရေးပိုင်းကို အလွန်အလေးအနက်ထားကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာအိုနင်က ပြောကြားခဲ့သည်။

မာအိုနင်က"တရုတ်အစိုးရဟာ ပြည်တွင်းဥပဒေကို ဆန့်ကျင်တဲ့ ဒေတာအချက်အလက်တွေ ဒါမှမဟုတ် ထောက်လှမ်းရေးအချက်အလက်တွေကို စုဆောင်းဖို့ ကုမ္ပဏီတစ်ခုချင်းစီကို ဘယ်တော့မှတောင်းဆိုမှာ မဟုတ်ပါဘူး။ TikTok အပ်ပ်ဟာ အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေအတွက် သက်သေအထောက်အထားလည်းမရှိပါဘူး။ ဒါပေမယ့် အမေရိကန်က TikTok အပ်ပ်အသုံးပြုမှုကို ပိတ်ပင်တားမြစ်ဖို့ အကြိမ်ကြိမ်ကြိုးပမ်းနေပါတယ်" ဟုပြောဆိုခဲ့သည်။

အမေရိကန်အစိုးရသည် ဈေးကွက်စီးပွားရေး၊ တရားမျှတသောပြိုင်ဆိုင်မှုဆိုင်ရာ အခြေခံမူများကို လေးစားလိုက်နာရန်နှင့် နိုင်ငံတွင်းလည်ပတ်နေသော နိုင်ငံခြားကုမ္ပဏီများကို ဖိနှိပ်ခြင်းမှ ရပ်တန့်သင့်ကြောင်း မာအိုနင်က တိုက်တွန်းပြောဆိုခဲ့သည်။ အမေရိကန်အစိုးရနှင့် ပြည်နယ်(၂၅)ခုသည် အစိုးရပိုင်ကွန်ပျူတာများ၊ ဖုန်းများတွင် TikTok အပလီကေးရှင်း အသုံးပြုမှုကို တားမြစ်ပိတ်ပင်သည့် ဥပဒေတစ်ရပ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း Yahoo Finance ဝက်ဘ်ဆိုက်မှတင်ထားသော အချက်အလက်များအရသိရသည်။

အမေရိကန်နိုင်ငံတွင် TikTok အပလီကေးရှင်း အသုံးပြုခြင်း တားမြစ်ပိတ်ပင်မှုများကို လက်ရှိအချိန်အထိ အပြည့်အဝမလုပ်ဆောင်နိုင်သေးသော်လည်း တာဝန်ရှိသူများက အရေးယူမှုများကို ဆက်လက် လုပ်ဆောင်ရန် တိုက်တွန်းတောင်းဆိုထားကြောင်းလည်းသိရသည်။ အမေရိကန်နိုင်ငံက စွပ်စွဲ ပြောဆိုခြင်းများကို ဆက်လက်လုပ်ဆောင်နေသော်လည်း TikTok ကုမ္ပဏီ နှင့် တရုတ်အစိုးရတို့က ဒေတာအချက်အလက်များ စုဆောင်းခြင်းအတွက် အပလီကေးရှင်းကိုအသုံးပြုနေသည်ဆိုသည့် ပြောဆိုချက်များကို အကြိမ်ကြိမ်ငြင်းဆိုထားကြောင်းလည်းသိရသည်။

အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် တရုတ်နိုင်ငံက ထုတ်လုပ်ထားသော TikTok အသုံးပြုသူအရေအတွက် သန်း(၁၅ဝ)နီးပါးရှိလာခဲ့ကြောင်းသိရသည်။ TikTok အပလီကေးရှင်းသည် ကမ္ဘာတစ်ဝှမ်းရှိ လူမှုကွန်ရက်များတွင် လူကြိုက်များသော အပလီကေးရှင်းတစ်ခုအဖြစ် ရပ်တည်လာခဲ့ကြောင်းသိရသည်။

zawgyi version
TikTok ႏွင့္ပတ္သက္ၿပီး အေမရိကန္၏ စြပ္စြဲေျပာဆိုခ်က္မ်ားကို တ႐ုတ္အစိုးရျငင္းဆန္ပယ္ခ်
Pika (NP News) - မတ္ ၂၆

တ႐ုတ္သည္ TikTok အပလီေကးရွင္းကို အသုံးျပဳကာ အေမရိကန္ႏိုင္ငံသားမ်ား၏ ေဒတာအခ်က္အလက္မ်ားကို ရယူေနသည္ဆိုသည့္ အေမရိကန္အရာရွိမ်ား၏ စြပ္စြဲေျပာဆိုခ်က္ကို ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံသည္ အျခားႏိုင္ငံမ်ား၏ ေဒတာအခ်က္အလက္မ်ားႏွင့္ လုံၿခဳံေရးပိုင္းကို အလြန္အေလးအနက္ထားေၾကာင္းလည္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ မာအိုနင္က ေျပာၾကားခဲ့သည္။

မာအိုနင္က"တ႐ုတ္အစိုးရဟာ ျပည္တြင္းဥပေဒကို ဆန႔္က်င္တဲ့ ေဒတာအခ်က္အလက္ေတြ ဒါမွမဟုတ္ ေထာက္လွမ္းေရးအခ်က္အလက္ေတြကို စုေဆာင္းဖို႔ ကုမၸဏီတစ္ခုခ်င္းစီကို ဘယ္ေတာ့မွေတာင္းဆိုမွာ မဟုတ္ပါဘူး။ TikTok အပ္ပ္ဟာ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးကို ၿခိမ္းေျခာက္ေနတယ္ဆိုတဲ့ ေျပာဆိုမႈေတြအတြက္ သက္ေသအေထာက္အထားလည္းမရွိပါဘူး။ ဒါေပမယ့္ အေမရိကန္က TikTok အပ္ပ္အသုံးျပဳမႈကို ပိတ္ပင္တားျမစ္ဖို႔ အႀကိမ္ႀကိမ္ႀကိဳးပမ္းေနပါတယ္" ဟုေျပာဆိုခဲ့သည္။

အေမရိကန္အစိုးရသည္ ေဈးကြက္စီးပြားေရး၊ တရားမွ်တေသာၿပိဳင္ဆိုင္မႈဆိုင္ရာ အေျခခံမူမ်ားကို ေလးစားလိုက္နာရန္ႏွင့္ ႏိုင္ငံတြင္းလည္ပတ္ေနေသာ ႏိုင္ငံျခားကုမၸဏီမ်ားကို ဖိႏွိပ္ျခင္းမွ ရပ္တန႔္သင့္ေၾကာင္း မာအိုနင္က တိုက္တြန္းေျပာဆိုခဲ့သည္။ အေမရိကန္အစိုးရႏွင့္ ျပည္နယ္(၂၅)ခုသည္ အစိုးရပိုင္ကြန္ပ်ဴတာမ်ား၊ ဖုန္းမ်ားတြင္ TikTok အပလီေကးရွင္း အသုံးျပဳမႈကို တားျမစ္ပိတ္ပင္သည့္ ဥပေဒတစ္ရပ္ကို အတည္ျပဳလိုက္ၿပီျဖစ္ေၾကာင္း Yahoo Finance ဝက္ဘ္ဆိုက္မွတင္ထားေသာ အခ်က္အလက္မ်ားအရသိရသည္။

အေမရိကန္ႏိုင္ငံတြင္ TikTok အပလီေကးရွင္း အသုံးျပဳျခင္း တားျမစ္ပိတ္ပင္မႈမ်ားကို လက္ရွိအခ်ိန္အထိ အျပည့္အဝမလုပ္ေဆာင္ႏိုင္ေသးေသာ္လည္း တာဝန္ရွိသူမ်ားက အေရးယူမႈမ်ားကို ဆက္လက္ လုပ္ေဆာင္ရန္ တိုက္တြန္းေတာင္းဆိုထားေၾကာင္းလည္းသိရသည္။ အေမရိကန္ႏိုင္ငံက စြပ္စြဲ ေျပာဆိုျခင္းမ်ားကို ဆက္လက္လုပ္ေဆာင္ေနေသာ္လည္း TikTok ကုမၸဏီ ႏွင့္ တ႐ုတ္အစိုးရတို႔က ေဒတာအခ်က္အလက္မ်ား စုေဆာင္းျခင္းအတြက္ အပလီေကးရွင္းကိုအသုံးျပဳေနသည္ဆိုသည့္ ေျပာဆိုခ်က္မ်ားကို အႀကိမ္ႀကိမ္ျငင္းဆိုထားေၾကာင္းလည္းသိရသည္။

အေမရိကန္ႏိုင္ငံတစ္ဝွမ္းတြင္ တ႐ုတ္ႏိုင္ငံက ထုတ္လုပ္ထားေသာ TikTok အသုံးျပဳသူအေရအတြက္ သန္း(၁၅ဝ)နီးပါးရွိလာခဲ့ေၾကာင္းသိရသည္။ TikTok အပလီေကးရွင္းသည္ ကမာၻတစ္ဝွမ္းရွိ လူမႈကြန္ရက္မ်ားတြင္ လူႀကိဳက္မ်ားေသာ အပလီေကးရွင္းတစ္ခုအျဖစ္ ရပ္တည္လာခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.