စားသုံးဆီဖူလုံရန်အတွက် နေကြာ စိုက်ပျိုးဧက (၄)သန်းကျော်အထိတိုးချဲ့စိုက်ပျိုးရန်စီစဉ်နေ

562

ဂျန်ဇက် (NP News) - မတ် ၂၆
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း၌ စားသုံးဆီဖူလုံစေရန်အတွက် နေကြာပင်များကို စိုက်ပျိုး ဧက (၄)သန်းကျော်အထိ တိုးချဲ့စိုက်ပျိုးသွားရန် ပစ်မှတ်ထားနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြား ရေးမှူးချုပ် ဦးရဲတင့်ထွန်းက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း the star သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ပြည်တွင်းဈေးကွက်တွင် နေကြာဆီကို ချက်ပြုတ်ရာ၌ အဓိကထား အသုံးပြုမှုများလည်း မြင့်တက်နေကြောင်း၊ ချက်ပြုတ်ရေး လုပ်ငန်းများတွင်နေကြာစေ့ကို ဆီထုတ်အသုံးပြုသောဆီများ၊ မြေပဲဆီများ၊ နှမ်းစေ့ဆီများကို အဓိကထားအသုံးပြုကြောင်းသိရသည်။ မြန်မာနိုင်ငံသည် ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်တွင် နေကြာ စိုက်ပျိုးမြေဧက (၁ ဒသမ ၅)သန်းကျော်တွင် စိုက်ပျိုးရန် ပစ်မှတ်ထားခဲ့သော်လည်း စိုက်ပျိုးမြေ ဧက (၁ ဒသမ ဝ၈) သန်းတွင်သာ စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။
ဦးရဲတင့်ထွန်းက " ပြီးခဲ့တဲ့ မုတ်သုံရာသီနဲ့ ဆောင်းရာသီတို့မှာ နေကြာပင်တွေကို စိုက်ပျိုးမြေ ဧက ၁ ဒသမ ဝ၈ သန်းစိုက်ပျိုးနိုင်ခဲ့တယ်။ နေကြာပင်စိုက်ပျိုးမှုတွေကို တိုးချဲ့စိုက်ပျိုးဖို့ ပစ်မှတ်ထားနေပြီး နေကြာပင်တွေကို စိုက်ပျိုးမြေ ဧက ၄ သန်းအထိ စိုက်ပျိုးသွားဖို့ စီစဉ်နေတယ် " ဟုဆိုသည်။
နေကြာပင်များကို မန္တလေး၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့တွင် စိုက်ပျိုးလျက်ရှိနေကြောင်းသိရသည်။
၎င်းက " လယ်သမားတွေဟာ လာမယ့်ဘဏ္ဍာနှစ်မှာ နေကြာပင်တွေကို ပိုမိုစိုက်ပျိုးဖို့ စိတ်ဝင်စားမယ်လို့ မျှော်လင့်ထားတယ်။ ပြည်တွင်း စားသုံးဆီဈေးကွက်ကလည်း ကောင်းမွန်မှုရှိနေပါတယ်" ဟုဆိုသည်။
မြန်မာနိုင်ငံတဝှမ်းရှိ ဆီစက်များသည် တစ်နှစ်လျှင် စားသုံးဆီ တန်ချိန် (၃)သိန်းဝန်းကျင်ခန့်ထုတ်လုပ်နိုင်ကြောင်းသိရသည်။

zawgyi version
စားသုံးဆီဖူလုံရန္အတြက္ ေနၾကာ စိုက္ပ်ိဳးဧက (၄)သန္းေက်ာ္အထိတိုးခ်ဲ႕စိုက္ပ်ိဳးရန္စီစဥ္ေန
ဂ်န္ဇက္ (NP News) - မတ္ ၂၆
ျမန္မာႏိုင္ငံအေနျဖင့္ ျပည္တြင္း၌ စားသုံးဆီဖူလုံေစရန္အတြက္ ေနၾကာပင္မ်ားကို စိုက္ပ်ိဳး ဧက (၄)သန္းေက်ာ္အထိ တိုးခ်ဲ႕စိုက္ပ်ိဳးသြားရန္ ပစ္မွတ္ထားေနေၾကာင္း စိုက္ပ်ိဳးေရးဦးစီးဌာနၫႊန္ၾကား ေရးမႉးခ်ဳပ္ ဦးရဲတင့္ထြန္းက ထုတ္ေဖာ္ေျပာဆိုလိုက္ေၾကာင္း the star သတင္းဌာန၏ ေဖာ္ျပခ်က္အရ သိရသည္။
ျပည္တြင္းေဈးကြက္တြင္ ေနၾကာဆီကို ခ်က္ျပဳတ္ရာ၌ အဓိကထား အသုံးျပဳမႈမ်ားလည္း ျမင့္တက္ေနေၾကာင္း၊ ခ်က္ျပဳတ္ေရး လုပ္ငန္းမ်ားတြင္ေနၾကာေစ့ကို ဆီထုတ္အသုံးျပဳေသာဆီမ်ား၊ ေျမပဲဆီမ်ား၊ ႏွမ္းေစ့ဆီမ်ားကို အဓိကထားအသုံးျပဳေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံသည္ ၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္တြင္ ေနၾကာ စိုက္ပ်ိဳးေျမဧက (၁ ဒသမ ၅)သန္းေက်ာ္တြင္ စိုက္ပ်ိဳးရန္ ပစ္မွတ္ထားခဲ့ေသာ္လည္း စိုက္ပ်ိဳးေျမ ဧက (၁ ဒသမ ဝ၈) သန္းတြင္သာ စိုက္ပ်ိဳးႏိုင္ခဲ့ေၾကာင္းသိရသည္။
ဦးရဲတင့္ထြန္းက " ၿပီးခဲ့တဲ့ မုတ္သုံရာသီနဲ႔ ေဆာင္းရာသီတို႔မွာ ေနၾကာပင္ေတြကို စိုက္ပ်ိဳးေျမ ဧက ၁ ဒသမ ဝ၈ သန္းစိုက္ပ်ိဳးႏိုင္ခဲ့တယ္။ ေနၾကာပင္စိုက္ပ်ိဳးမႈေတြကို တိုးခ်ဲ႕စိုက္ပ်ိဳးဖို႔ ပစ္မွတ္ထားေနၿပီး ေနၾကာပင္ေတြကို စိုက္ပ်ိဳးေျမ ဧက ၄ သန္းအထိ စိုက္ပ်ိဳးသြားဖို႔ စီစဥ္ေနတယ္ " ဟုဆိုသည္။
ေနၾကာပင္မ်ားကို မႏၲေလး၊ မေကြးတိုင္း၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္တို႔တြင္ စိုက္ပ်ိဳးလ်က္ရွိေနေၾကာင္းသိရသည္။
၎က " လယ္သမားေတြဟာ လာမယ့္ဘ႑ာႏွစ္မွာ ေနၾကာပင္ေတြကို ပိုမိုစိုက္ပ်ိဳးဖို႔ စိတ္ဝင္စားမယ္လို႔ ေမွ်ာ္လင့္ထားတယ္။ ျပည္တြင္း စားသုံးဆီေဈးကြက္ကလည္း ေကာင္းမြန္မႈရွိေနပါတယ္" ဟုဆိုသည္။
ျမန္မာႏိုင္ငံတဝွမ္းရွိ ဆီစက္မ်ားသည္ တစ္ႏွစ္လွ်င္ စားသုံးဆီ တန္ခ်ိန္ (၃)သိန္းဝန္းက်င္ခန႔္ထုတ္လုပ္ႏိုင္ေၾကာင္းသိရသည္။