ယခုဘဏ္ဍာနှစ်၌ စီးပွားရေးတိုးတက်မှုနှုန်းသည် (၃ ဒသမ ၄) ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ဆက်လက်တိုးတက်မည်ဟု တပ်ချုပ်ဆို

1322

မျိုးကြီး (NP News) - မတ် ၂၆
ယခု ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းသည် ၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ဆက်လက်တိုးတက်မှုများရှိမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက မတ်လ ၂၄ ရက်တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ ကျင်းပသော ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
၂ဝ၂ဝ ပြည့်နှစ် ကိုဗစ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ နိုင်ငံ့စီးပွားရေး ကျဆင်းလာခဲ့ပြီး ယခင်အစိုးရလက်ထက်၌ ပြည်တွင်းစီးပွားရေးအားပေးမှုနှင့် စီမံခန့်ခွဲရေးပိုင်းတို့တွင် အားနည်းခဲ့ခြင်း ကြောင့် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်၌ နိုင်ငံ၏ ဂျီဒီပီသည် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
အဆိုပါအခက်အခဲများကြားမှ နစကအစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် စိုက်ပျိုးမွေးမြူးရေး လုပ်ငန်းများကို အရှိန်အဟုန် မပြတ်ဆောင်ရွက်ခဲ့သည့်အတွက် ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ မတ်လအထိ ပထမ(၆)လအတွင်း နိုင်ငံ၏ ဂျီဒီပီသည် ၂ ဒသမ ၄ ရာခိုင်နှုန်းအထိတိုးတက်လာခဲ့ကြောင်း တပ်ချုပ်က ဆိုသည်။
ဆက်လက်ပြီး နစကဥက္ကဋ္ဌက အနုတ် (၅ ဒသမ ၉)ရာခိုင်နှုန်းမှ အပေါင်း (၂ ဒသမ ၄) ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းသည် နိုင်ငံ၏စီးပွားရေးတိုးတက်လာခြင်းပင်ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောဆို ထားသည်။
ထို့ပြင် ယခု ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံ၏ ဂျီဒီပီသည် ၃ ဒသမ ၄ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ပြီး ဆက်လက်ပြီး တိုးတက်မှုများရှိမည်ဟုလည်း ဘဏ္ဍာရေးဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ခန့်မှန်းထား ကြကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွင့်ဟပြောဆိုထားသည်။
ထိုသို့ နိုင်ငံ၏ ဂျီဒီပီများတိုးတက်လာခြင်းသည် နစကအစိုးရအနေဖြင့် တိုင်းပြည်အတွက် စေတနာထားကာ ဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း တပ်ချုပ်က ဆိုသည်။

zawgyi version
ယခုဘ႑ာႏွစ္၌ စီးပြားေရးတိုးတက္မႈႏႈန္းသည္ (၃ ဒသမ ၄) ရာခိုင္ႏႈန္း တိုးတက္လာခဲ့ၿပီး ဆက္လက္တိုးတက္မည္ဟု တပ္ခ်ဳပ္ဆို
မ်ိဳးႀကီး (NP News) - မတ္ ၂၆
ယခု ၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္တြင္ ႏိုင္ငံ၏စီးပြားေရးတိုးတက္မႈႏႈန္းသည္ ၃ ဒသမ ၄ ရာခိုင္ႏႈန္း တိုးတက္လာခဲ့ၿပီး ဆက္လက္တိုးတက္မႈမ်ားရွိမည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
၎က မတ္လ ၂၄ ရက္တြင္ ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံး၌ က်င္းပေသာ ညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
၂ဝ၂ဝ ျပည့္ႏွစ္ ကိုဗစ္ေရာဂါစတင္ျဖစ္ပြားခ်ိန္မွစ၍ ႏိုင္ငံ့စီးပြားေရး က်ဆင္းလာခဲ့ၿပီး ယခင္အစိုးရလက္ထက္၌ ျပည္တြင္းစီးပြားေရးအားေပးမႈႏွင့္ စီမံခန႔္ခြဲေရးပိုင္းတို႔တြင္ အားနည္းခဲ့ျခင္း ေၾကာင့္ ၂ဝ၂ဝ-၂ဝ၂၁ ဘ႑ာေရးႏွစ္၌ ႏိုင္ငံ၏ ဂ်ီဒီပီသည္ ၅ ဒသမ ၉ ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့ေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
အဆိုပါအခက္အခဲမ်ားၾကားမွ နစကအစိုးရ တာဝန္ယူေဆာင္႐ြက္ခ်ိန္တြင္ စိုက္ပ်ိဳးေမြးျမဴးေရး လုပ္ငန္းမ်ားကို အရွိန္အဟုန္ မျပတ္ေဆာင္႐ြက္ခဲ့သည့္အတြက္ ၂ဝ၂၁-၂ဝ၂၂ ဘ႑ာေရးႏွစ္ ေအာက္တိုဘာလမွ မတ္လအထိ ပထမ(၆)လအတြင္း ႏိုင္ငံ၏ ဂ်ီဒီပီသည္ ၂ ဒသမ ၄ ရာခိုင္ႏႈန္းအထိတိုးတက္လာခဲ့ေၾကာင္း တပ္ခ်ဳပ္က ဆိုသည္။
ဆက္လက္ၿပီး နစကဥကၠ႒က အႏုတ္ (၅ ဒသမ ၉)ရာခိုင္ႏႈန္းမွ အေပါင္း (၂ ဒသမ ၄) ရာခိုင္ႏႈန္းအထိ တိုးတက္လာျခင္းသည္ ႏိုင္ငံ၏စီးပြားေရးတိုးတက္လာျခင္းပင္ျဖစ္ေၾကာင္းလည္း ထုတ္ေဖာ္ေျပာဆို ထားသည္။
ထို႔ျပင္ ယခု ၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္တြင္ ႏိုင္ငံ၏ ဂ်ီဒီပီသည္ ၃ ဒသမ ၄ ရာခိုင္ႏႈန္းသို႔ တိုးတက္လာခဲ့ၿပီး ဆက္လက္ၿပီး တိုးတက္မႈမ်ားရွိမည္ဟုလည္း ဘ႑ာေရးဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္ ခန႔္မွန္းထား ၾကေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဖြင့္ဟေျပာဆိုထားသည္။
ထိုသို႔ ႏိုင္ငံ၏ ဂ်ီဒီပီမ်ားတိုးတက္လာျခင္းသည္ နစကအစိုးရအေနျဖင့္ တိုင္းျပည္အတြက္ ေစတနာထားကာ ေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ျဖစ္ေၾကာင္း တပ္ခ်ဳပ္က ဆိုသည္။