သွေးအများဆုံးလှူဒါန်းသူအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့တဲ့အမျိုးသမီး

 491

Pika (NP News) - မတ် ၂၆

ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ်တွင်နေထိုင်သော Josephine Michaluk အမည်ရှိ အသက်(၈ဝ)အရွယ် အမျိုးသမီးတစ်ဦးသည် နှစ်ပေါင်း(၆ဝ)နီးပါး သွေးလှူခဲ့ပြီးနောက် သွေးအများဆုံးလှူဒါန်းခဲ့သည့် အမျိုးသမီးအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ကြောင်းသိရသည်။

အသက်(၈ဝ)အရွယ် Josephine Michaluk သည် အသက်(၂၂)နှစ်အရွယ်တွင် သွေးစတင်လှူခဲ့ပြီး လက်ရှိ အချိန်ထိ သွေး(၂ဝ၃)ယူနစ်ထိ လှူခဲ့ကြောင်း ဂင်းနစ်မှတ်တမ်းတင်သည့်အဖွဲ့က ပြောကြားခဲ့သည်။ ပထမဆုံးသွေးလှူမှုကို စတင်လုပ်ဆောင်ရန် ၎င်း၏ညီမဖြစ်သူက တိုက်တွန်းခဲ့ခြင်း ဖြစ်ကြောင်း Josephine Michaluk ကပြောကြားခဲ့သည်။ Josephine Michaluk က"ကျွန်မ ညီမဖြစ်သူနဲ့ အတူတူ ပထမဆုံးသွေးလှူဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊၊ အဲဒီကနေစပြီး ခုချိန်ထိ တောက်လျှောက်လှူဖြစ်နေတာပါ"ဟုပြောဆိုခဲ့သည်။

Josephine Michaluk ၏ သွေးအမျိုးအစားသည် (O+) ဖြစ်ပြီး အခြားသူများကို သွေးလှူခြင်းဖြင့် ကူညီရသည်ကို နှစ်သက်မိကြောင်း ၎င်းကပြောကြားခဲ့သည်။ Josephine Michaluk က "ကျွန်မမှာ ရှိတဲ့ သွေးကို အမြဲတမ်းလှူပါတယ်။ သွေးလိုအပ်နေတဲ့သူတွေကို မျှဝေပေးရတာဟာ တကယ်ကို နှစ်သက်ဖို့ကောင်းပါတယ်" ဟုပြောဆိုခဲ့သည်။

zawgyi version
ေသြးအမ်ားဆုံးလႉဒါန္းသူအျဖစ္ ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့တဲ့အမ်ိဳးသမီး
Pika (NP News) - မတ္ ၂၆

ကေနဒါႏိုင္ငံ အယ္လ္ဘာတာျပည္နယ္တြင္ေနထိုင္ေသာ Josephine Michaluk အမည္ရွိ အသက္(၈ဝ)အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ ႏွစ္ေပါင္း(၆ဝ)နီးပါး ေသြးလႉခဲ့ၿပီးေနာက္ ေသြးအမ်ားဆုံးလႉဒါန္းခဲ့သည့္ အမ်ိဳးသမီးအျဖစ္ ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့ေၾကာင္းသိရသည္။

အသက္(၈ဝ)အ႐ြယ္ Josephine Michaluk သည္ အသက္(၂၂)ႏွစ္အ႐ြယ္တြင္ ေသြးစတင္လႉခဲ့ၿပီး လက္ရွိ အခ်ိန္ထိ ေသြး(၂ဝ၃)ယူနစ္ထိ လႉခဲ့ေၾကာင္း ဂင္းနစ္မွတ္တမ္းတင္သည့္အဖြဲ႕က ေျပာၾကားခဲ့သည္။ ပထမဆုံးေသြးလႉမႈကို စတင္လုပ္ေဆာင္ရန္ ၎၏ညီမျဖစ္သူက တိုက္တြန္းခဲ့ျခင္း ျဖစ္ေၾကာင္း Josephine Michaluk ကေျပာၾကားခဲ့သည္။ Josephine Michaluk က"ကြၽန္မ ညီမျဖစ္သူနဲ႔ အတူတူ ပထမဆုံးေသြးလႉဖို႔ ဆုံးျဖတ္ခဲ့ပါတယ္၊၊ အဲဒီကေနစၿပီး ခုခ်ိန္ထိ ေတာက္ေလွ်ာက္လႉျဖစ္ေနတာပါ"ဟုေျပာဆိုခဲ့သည္။

Josephine Michaluk ၏ ေသြးအမ်ိဳးအစားသည္ (O+) ျဖစ္ၿပီး အျခားသူမ်ားကို ေသြးလႉျခင္းျဖင့္ ကူညီရသည္ကို ႏွစ္သက္မိေၾကာင္း ၎ကေျပာၾကားခဲ့သည္။ Josephine Michaluk က "ကြၽန္မမွာ ရွိတဲ့ ေသြးကို အၿမဲတမ္းလႉပါတယ္။ ေသြးလိုအပ္ေနတဲ့သူေတြကို မွ်ေဝေပးရတာဟာ တကယ္ကို ႏွစ္သက္ဖို႔ေကာင္းပါတယ္" ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.