မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေဖြင့် စီမံကိန်းပေါင်း(၉ဝ)ကျော်ကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးပြော

 729

ယွန်း (NP News) - မတ် ၂၆

မြန်မာနိုင်ငံတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေဖြင့် စီမံကိန်းပေါင်း(၉ဝ) ကျော်ကို ပံ့ပိုးကူညီထားနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆိုထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြီးခဲ့သည့် မတ်လ(၂၃)ရက်တွင် နေပြည်တော်၌ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ၏ အောင်မြင်မှုပြပွဲတွင် အထက်ပါကဲ့သို့ ဆိုခဲ့ခြင်းဖြစ်သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေသည် စီမံကိန်း(၆ဝဝ)ကျော်ကို ပံ့ပိုးကူညီပေးခဲ့ပြီး ‌ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုလျက်ရှိကြောင်း ပြည် ထောင်စုဝန်ကြီးက ဆိုသည်။

အလားတူ အဆိုပါရန်ပုံငွေဖြင့် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုဧရိယာ(၃၄)ခုတွင် စီမံ ကိန်း(၉၂)ခုကို ပံ့ပိုးပေးခဲ့ပြီး ပြည်သူများအတွက် အကျိုးများစွာရှိနေကြောင်း ၎င်းမှဆက် လက်ပြောဆိုထားသည်။

ထို့ကြောင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုမှ အောင်မြင်မှုများကို ရရှိနိုင်ရန် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်ယုံကြည်မှုရှိပြီး ပူးပေါင်းဆောင်ရွက်မှုများကို ရှာဖွေမြှင့်တင်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများနှင့်အတူ အပြန်အလှန်ကူညီပြီး ဖွံ့ဖြိုးတိုးတက်သော ဒေသကိုရရှိအောင် အတူတကွတည်ဆောက်ရန် ဆန္ဒရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုထားသည်။

အလားတူ တရုတ်နိုင်ငံ၏ ဖွံဖြိုးတိုးတက်မှုသည် မဲခေါင်နိုင်ငံများအတွက် ပိုမိုများပြားသော ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ဖန်တီးပေးလာမည်ဖြစ်ပြီး လန်ချန်း-မဲခေါင် (၆)နိုင်ငံ စည်းလုံးညီညွတ်စွာ ပူးပေါင်းမှုဖြင့် ဒေသတွင်း၌ ပိုကောင်းသည့် အနာဂတ်ကို ဖန်တီးပေးနိုင်မည်ကို ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

zawgyi version
မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္မႈ ရန္ပုံေငြျဖင့္ စီမံကိန္းေပါင္း(၉ဝ)ေက်ာ္ကို ပံ့ပိုးေပးႏိုင္ခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးေျပာ
ယြန္း (NP News) - မတ္ ၂၆

ျမန္မာႏိုင္ငံတြင္ မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္မႈ ရန္ပုံေငြျဖင့္ စီမံကိန္းေပါင္း(၉ဝ) ေက်ာ္ကို ပံ့ပိုးကူညီထားႏိုင္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက ဆိုထားသည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြက ၿပီးခဲ့သည့္ မတ္လ(၂၃)ရက္တြင္ ေနျပည္ေတာ္၌က်င္းပခဲ့သည့္ လန္ခ်န္း-မဲေခါင္ ပူးေပါင္းေဆာင္႐ြက္မႈ အထူးရန္ပုံေငြစီမံကိန္းမ်ား၏ ေအာင္ျမင္မႈျပပြဲတြင္ အထက္ပါကဲ့သို႔ ဆိုခဲ့ျခင္းျဖစ္သည္။

မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္မႈ အထူးရန္ပုံေငြသည္ စီမံကိန္း(၆ဝဝ)ေက်ာ္ကို ပံ့ပိုးကူညီေပးခဲ့ၿပီး ‌ေဒသတြင္း ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အက်ိဳးျပဳလ်က္ရွိေၾကာင္း ျပည္ ေထာင္စုဝန္ႀကီးက ဆိုသည္။

အလားတူ အဆိုပါရန္ပုံေငြျဖင့္ ျမန္မာႏိုင္ငံ၏ ပူးေပါင္းေဆာင္႐ြက္မႈဧရိယာ(၃၄)ခုတြင္ စီမံ ကိန္း(၉၂)ခုကို ပံ့ပိုးေပးခဲ့ၿပီး ျပည္သူမ်ားအတြက္ အက်ိဳးမ်ားစြာရွိေနေၾကာင္း ၎မွဆက္ လက္ေျပာဆိုထားသည္။

ထို႔ေၾကာင့္ မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္မႈမွ ေအာင္ျမင္မႈမ်ားကို ရရွိႏိုင္ရန္ အဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား အျပန္အလွန္ယုံၾကည္မႈရွိၿပီး ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ရွာေဖြျမႇင့္တင္ေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံအေနျဖင့္ မဲေခါင္-လန္ခ်န္း အဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္အတူ အျပန္အလွန္ကူညီၿပီး ဖြံ႕ၿဖိဳးတိုးတက္ေသာ ေဒသကိုရရွိေအာင္ အတူတကြတည္ေဆာက္ရန္ ဆႏၵရွိေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာဆိုထားသည္။

အလားတူ တ႐ုတ္ႏိုင္ငံ၏ ဖြံၿဖိဳးတိုးတက္မႈသည္ မဲေခါင္ႏိုင္ငံမ်ားအတြက္ ပိုမိုမ်ားျပားေသာ ဖြံ႕ၿဖိဳးတိုးတက္မႈ အခြင့္အလမ္းမ်ားကို ဖန္တီးေပးလာမည္ျဖစ္ၿပီး လန္ခ်န္း-မဲေခါင္ (၆)ႏိုင္ငံ စည္းလုံးညီၫြတ္စြာ ပူးေပါင္းမႈျဖင့္ ေဒသတြင္း၌ ပိုေကာင္းသည့္ အနာဂတ္ကို ဖန္တီးေပးႏိုင္မည္ကို ယုံၾကည္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Mr. Chen Hai က အခမ္းအနားတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.