ဒီမိုကရေစီထိပ်သီးအစည်းအဝေးတက်ရောက်ဖို့အတွက် တူရကီ နဲ့ ဟန်ဂေရီကို ဖိတ်ကြားဖို့ အမေရိကန်အစိုးရ ငြင်းဆန်ပယ်ချ

 617

ဂျန်ဇက် (NP News) - မတ် ၂၆

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် ဒီမိုကရေစီထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တူရကီ နဲ့ ဟန်ဂေရီတို့ကို ဖိတ်ကြားခြင်းမရှိဘဲ ချန်လှပ်ထားခဲ့ကြောင်း အဆိုပါကိစ္စနဲ့နီးစပ်သူများက ပြောပါတယ်။

အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အဆိုပါနှစ်နိုင်ငံကို ချန်လှပ်ခဲ့ဖူးကြောင်း သိရပါတယ်။ အမေရိကန်အစိုးရက ပြီးခဲ့တဲ့နှစ် ထိပ်သီးအစည်းအဝေးတုန်းက ဖိတ်ကြားခဲ့တဲ့နိုင်ငံအားလုံးကို ဒီနှစ်မှာ ဖိတ်ကြားသွားမှာဖြစ် ကြောင်း၊ နိုင်ငံ ဒီမိုရေစီတိုးတက်အောင်လုပ်ဖို့ စိတ်ကူးမရှိတဲ့နိုင်ငံတွေကို ဖိတ်ကြားဖို့ စိတ်မဝင်စားကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အမေရိကန်ဟာ ကမ္ဘာ့ဒီမိုကရေစီထိပ်သီးအစည်းအဝေးကို ဦးဆောင်ကျင်းပမှာဖြစ်ပြီး ကမ္ဘာ့နိုင်ငံအများအပြား က ခေါင်းဆောင်များ တက်ရောက်ဖွယ်ရှိနေပါတယ်။ တူရကီဟာနေတိုးအဖွဲ့အတွင်းမှာ အမေရိကန်ရဲ့ အဓိက မဟာမိတ်နိုင်ငံဖြစ်ပေမယ့် တူရကီနိုင်ငံရဲ့ဒီမိုကရေစီအရေးနဲ့ လူအခွင့်ရေးအခြေအနေများကြောင့် ဖိတ်ကြားဖို့ ချန်လှပ်ခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း သုံးသပ်မှုတွေရှိနေပါတယ်။

တူရကီဟာ ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက် နေတိုးအုပ်စုဝင်နိုင်ငံတွေထဲ ရုရှားကို ပိတ်ဆို့မှုချမှတ်ခြင်းမရှိဘဲ ပုံမှန်အတိုင်း ဆက်ဆံနေတဲ့နိုင်ငံဖြစ်ပါတယ်။ တူရကီဟာ ဆွီဒင်နဲ့ ဖင်လန်တို့ရဲ့နေတိုးအုပ်စုဝင်နိုင်ငံရေးဖြစ်ရေး ကြိုးပမ်းမှုတွေကို ငြင်းဆန်မှုများ ရှိနေခြင်းကြောင့် အမေရိကန် နဲ့ ဆက်ဆံရေးအဖုထစ်များ ရှိနေကြောင်း သိရပါတယ်။

ဟန်ဂေရီဟာလည်း ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားအပေါ် ပိတ်ဆို့မှုချမှတ်တဲ့နိုင်ငံတွေထဲ ပါဝင်ခြင်းမရှိဘဲ ရုရှားနိုင်ငံထံကနေ ရေနံနဲ့ဓါတ်ငွေ့များ ရယူလျက်ရှိနေကြောင်း သိရပါတယ်။ အမေရိကန်ဟာ ရုရှားနဲ့ ကုန်သွယ်မှုများ လုပ်နေခြင်းကြောင့် ဟန်ဂေရီနိုင်ငံအပေါ် အမြင်မကြည်ဘဲရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်လျက် ရှိနေပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားအပေါ် ပိတ်ဆို့မှုများချမှတ်ဖို့ ကြိုးပမ်းရာမှာ ဟန်ဂေရီဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနဲ့ အငြင်းပွားမှုများရှိနေခဲ့ပါတယ်။ ဟန်ဂေရီဟာ ရုရှားနိုင်ငံထံကနေ ဓါတ်ငွေ့ နဲ့ ရေနံ ၈ဝ ရာခိုင်နှုန်းခန့် တင်သွင်းနေကြောင်း သိရပါတယ်။

Zawgyi Version;
ဒီမိုကေရစီထိပ္သီးအစည္းအေဝးတက္ေရာက္ဖို႔အတြက္ တူရကီ နဲ႔ ဟန္ေဂရီကို ဖိတ္ၾကားဖို႔ အေမရိကန္အစိုးရ ျငင္းဆန္ပယ္ခ်
ဂ်န္ဇက္ (NP News) - မတ္ ၂၆

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ လာမယ့္သီတင္းပတ္မွာ က်င္းပမယ့္ ဒီမိုကေရစီထိပ္သီးအစည္းအေဝးကို တက္ေရာက္ဖို႔ ေနတိုးမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံျဖစ္တဲ့ တူရကီ နဲ႔ ဟန္ေဂရီတို႔ကို ဖိတ္ၾကားျခင္းမရွိဘဲ ခ်န္လွပ္ထားခဲ့ေၾကာင္း အဆိုပါကိစၥနဲ႔နီးစပ္သူမ်ားက ေျပာပါတယ္။

အေမရိကန္ဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း အဆိုပါႏွစ္ႏိုင္ငံကို ခ်န္လွပ္ခဲ့ဖူးေၾကာင္း သိရပါတယ္။ အေမရိကန္အစိုးရက ၿပီးခဲ့တဲ့ႏွစ္ ထိပ္သီးအစည္းအေဝးတုန္းက ဖိတ္ၾကားခဲ့တဲ့ႏိုင္ငံအားလုံးကို ဒီႏွစ္မွာ ဖိတ္ၾကားသြားမွာျဖစ္ ေၾကာင္း၊ ႏိုင္ငံ ဒီမိုေရစီတိုးတက္ေအာင္လုပ္ဖို႔ စိတ္ကူးမရွိတဲ့ႏိုင္ငံေတြကို ဖိတ္ၾကားဖို႔ စိတ္မဝင္စားေၾကာင္း အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

အေမရိကန္ဟာ ကမာၻ႔ဒီမိုကေရစီထိပ္သီးအစည္းအေဝးကို ဦးေဆာင္က်င္းပမွာျဖစ္ၿပီး ကမာၻ႔ႏိုင္ငံအမ်ားအျပား က ေခါင္းေဆာင္မ်ား တက္ေရာက္ဖြယ္ရွိေနပါတယ္။ တူရကီဟာေနတိုးအဖြဲ႕အတြင္းမွာ အေမရိကန္ရဲ႕ အဓိက မဟာမိတ္ႏိုင္ငံျဖစ္ေပမယ့္ တူရကီႏိုင္ငံရဲ႕ဒီမိုကေရစီအေရးနဲ႔ လူအခြင့္ေရးအေျခအေနမ်ားေၾကာင့္ ဖိတ္ၾကားဖို႔ ခ်န္လွပ္ခဲ့ျခင္းျဖစ္ဖြယ္ရွိေၾကာင္း သုံးသပ္မႈေတြရွိေနပါတယ္။

တူရကီဟာ ယူကရိန္းစစ္ပြဲ စတင္ခဲ့ၿပီးေနာက္ ေနတိုးအုပ္စုဝင္ႏိုင္ငံေတြထဲ ႐ုရွားကို ပိတ္ဆို႔မႈခ်မွတ္ျခင္းမရွိဘဲ ပုံမွန္အတိုင္း ဆက္ဆံေနတဲ့ႏိုင္ငံျဖစ္ပါတယ္။ တူရကီဟာ ဆြီဒင္နဲ႔ ဖင္လန္တို႔ရဲ႕ေနတိုးအုပ္စုဝင္ႏိုင္ငံေရးျဖစ္ေရး ႀကိဳးပမ္းမႈေတြကို ျငင္းဆန္မႈမ်ား ရွိေနျခင္းေၾကာင့္ အေမရိကန္ နဲ႔ ဆက္ဆံေရးအဖုထစ္မ်ား ရွိေနေၾကာင္း သိရပါတယ္။

ဟန္ေဂရီဟာလည္း ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားအေပၚ ပိတ္ဆို႔မႈခ်မွတ္တဲ့ႏိုင္ငံေတြထဲ ပါဝင္ျခင္းမရွိဘဲ ႐ုရွားႏိုင္ငံထံကေန ေရနံနဲ႔ဓါတ္ေငြ႕မ်ား ရယူလ်က္ရွိေနေၾကာင္း သိရပါတယ္။ အေမရိကန္ဟာ ႐ုရွားနဲ႔ ကုန္သြယ္မႈမ်ား လုပ္ေနျခင္းေၾကာင့္ ဟန္ေဂရီႏိုင္ငံအေပၚ အျမင္မၾကည္ဘဲရွိေနေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚလ်က္ ရွိေနပါတယ္။

ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားအေပၚ ပိတ္ဆို႔မႈမ်ားခ်မွတ္ဖို႔ ႀကိဳးပမ္းရာမွာ ဟန္ေဂရီဟာ ဥေရာပသမဂၢ အဖြဲ႕ဝင္ႏိုင္ငံမ်ားနဲ႔ အျငင္းပြားမႈမ်ားရွိေနခဲ့ပါတယ္။ ဟန္ေဂရီဟာ ႐ုရွားႏိုင္ငံထံကေန ဓါတ္ေငြ႕ နဲ႔ ေရနံ ၈ဝ ရာခိုင္ႏႈန္းခန႔္ တင္သြင္းေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.