အမေရိကန်တရားရေးဌာနက ရာဇဝတ်မှု မမြောက်တဲ့အမှုကိစ္စနဲ့ တရားစွဲဖို့ကြံစည်နေတာဖြစ်ကြောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့် ဝေဖန်ပြစ်တင်

 428

ဂျန်ဇက် (NP News) - မတ် ၂၆

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သူ့အပေါ် တရားရုံးက စွဲချက်တင်နိုင်ချေရှိတယ်ဆိုတဲ့အရာတွေကို ငြင်းဆန်ပယ်ချခဲ့ပြီး ရာဇဝတ်မှုမမြောက်တဲ့ကိစ္စများအတွက် သူ့အပေါ် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ဖို့ ကြိုးပမ်း နေခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ လာမယ့် ၂ဝ၂၄ ခုနှစ်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် ပြုလုပ်တဲ့မဲဆွယ်စည်းရုံးရေးပွဲမှာ အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်က "နယူးယောက်မြို့တရားရုံးဟာ အမေရိကန်တရားရုံးချုပ်ရဲ့ မျှတမှုမရှိတဲ့ စီစဉ်ညွှန်ကြားမှု အောက်မှာ ရပ်တည်လုပ်ဆောင်နေရတယ်။ ကျွန်တော်တို့ကို စုံစမ်းစစ်ဆေးဖို့ ကြိုးပမ်းနေကြတယ်။ ကျွန်တော့်ရဲ့ အဖြစ်အပျက်တွေဟာ ရာဇဝတ်မှုမြောက်တဲ့အမှုမျိုးမဟုတ်ဘူး" လို့ပြောပါတယ်။

ဒေါ်နယ်ထရမ့်ဟာ အပြာမယ်ဖြစ်သူ စတွန်မီ ဒန်နီရယ်လ်ကို နှုတ်ပိတ်ဖို့ အမေရိကန်ဒေါ်လာ ၁၃ဝဝဝဝ ပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲပြောဆိုမှုများအတွက် နယူးယောက်မြို့ရှိ Manhattan တရားရုံးက စုံစမ်းစစ်ဆေးဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ အပြာမယ် ဒန်နီရယ်လ်က ၎င်းဟာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် နဲ့ အရှုပ်အထွေးများ ရှိခဲ့တယ်လို့ စွပ်စွဲဝေဖန်မှုများရှိနေကြောင်း သိရပါတယ်။

ဒေါ်နယ်ထရမ့်က "ကျွန်တော်ဟာ ဒီလိုမျိုးအပြာမယ်တွေနဲ့ ဆက်ဆံရတာ ဘယ်တော့မှ မကြိုက်နှစ်သက်ဘူး။ ကျွန်တော်အတွက်တော့ အလွန်ကောင်းမွန်တဲ့ ဇနီးသည်ရှိနေပြီးသားပါ" လို့ပြောပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ၎င်းဟာ အဆိုပါအပြာမယ်ရဲ့စွပ်စွဲပြောဆိုမှုများနဲ့ပတ်သက်ပြီး၊ အဖမ်းခံရဖွယ်ရှိနေကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ပြောဆိုခဲ့ဖူးပြီး အဖမ်းဆီးရမယ်ဆိုရင် အမေရိကန်နိုင်ငံအတွင်း သေဆုံးပျက်စီးမှုများ ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သတိပေးပြောဆိုခဲ့ပါတယ်။

Zawgyi Version;
အေမရိကန္တရားေရးဌာနက ရာဇဝတ္မႈ မေျမာက္တဲ့အမႈကိစၥနဲ႔ တရားစြဲဖို႔ႀကံစည္ေနတာျဖစ္ေၾကာင္း သမၼတ ေဟာင္း ေဒၚနယ္ထရမ့္ ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - မတ္ ၂၆

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ဟာ သူ႔အေပၚ တရား႐ုံးက စြဲခ်က္တင္ႏိုင္ေခ်ရွိတယ္ဆိုတဲ့အရာေတြကို ျငင္းဆန္ပယ္ခ်ခဲ့ၿပီး ရာဇဝတ္မႈမေျမာက္တဲ့ကိစၥမ်ားအတြက္ သူ႔အေပၚ စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္ဖို႔ ႀကိဳးပမ္း ေနျခင္းျဖစ္ေၾကာင္း ေဝဖန္ေျပာဆိုလိုက္ပါတယ္။

ေဒၚနယ္ထရမ့္ဟာ လာမယ့္ ၂ဝ၂၄ ခုႏွစ္မွာ က်င္းပမယ့္ သမၼတေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး ပထမဆုံးအႀကိမ္ ျပဳလုပ္တဲ့မဲဆြယ္စည္း႐ုံးေရးပြဲမွာ အခုလိုမ်ိဳးထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေဒၚနယ္ထရမ့္က "နယူးေယာက္ၿမိဳ႕တရား႐ုံးဟာ အေမရိကန္တရား႐ုံးခ်ဳပ္ရဲ႕ မွ်တမႈမရွိတဲ့ စီစဥ္ၫႊန္ၾကားမႈ ေအာက္မွာ ရပ္တည္လုပ္ေဆာင္ေနရတယ္။ ကြၽန္ေတာ္တို႔ကို စုံစမ္းစစ္ေဆးဖို႔ ႀကိဳးပမ္းေနၾကတယ္။ ကြၽန္ေတာ့္ရဲ႕ အျဖစ္အပ်က္ေတြဟာ ရာဇဝတ္မႈေျမာက္တဲ့အမႈမ်ိဳးမဟုတ္ဘူး" လို႔ေျပာပါတယ္။

ေဒၚနယ္ထရမ့္ဟာ အျပာမယ္ျဖစ္သူ စတြန္မီ ဒန္နီရယ္လ္ကို ႏႈတ္ပိတ္ဖို႔ အေမရိကန္ေဒၚလာ ၁၃ဝဝဝဝ ေပးခဲ့တယ္ ဆိုတဲ့ စြပ္စြဲေျပာဆိုမႈမ်ားအတြက္ နယူးေယာက္ၿမိဳ႕ရွိ Manhattan တရား႐ုံးက စုံစမ္းစစ္ေဆးဖို႔ ႀကိဳးပမ္းေနေၾကာင္း သိရပါတယ္။ အျပာမယ္ ဒန္နီရယ္လ္က ၎ဟာ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ နဲ႔ အရႈပ္အေထြးမ်ား ရွိခဲ့တယ္လို႔ စြပ္စြဲေဝဖန္မႈမ်ားရွိေနေၾကာင္း သိရပါတယ္။

ေဒၚနယ္ထရမ့္က "ကြၽန္ေတာ္ဟာ ဒီလိုမ်ိဳးအျပာမယ္ေတြနဲ႔ ဆက္ဆံရတာ ဘယ္ေတာ့မွ မႀကိဳက္ႏွစ္သက္ဘူး။ ကြၽန္ေတာ္အတြက္ေတာ့ အလြန္ေကာင္းမြန္တဲ့ ဇနီးသည္ရွိေနၿပီးသားပါ" လို႔ေျပာပါတယ္။ ေဒၚနယ္ထရမ့္ဟာ ၎ဟာ အဆိုပါအျပာမယ္ရဲ႕စြပ္စြဲေျပာဆိုမႈမ်ားနဲ႔ပတ္သက္ၿပီး၊ အဖမ္းခံရဖြယ္ရွိေနေၾကာင္း ၿပီးခဲ့တဲ့သီတင္းပတ္က ေျပာဆိုခဲ့ဖူးၿပီး အဖမ္းဆီးရမယ္ဆိုရင္ အေမရိကန္ႏိုင္ငံအတြင္း ေသဆုံးပ်က္စီးမႈမ်ား ျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း သတိေပးေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.