ပြည်တွင်းမှထွက်ရှိသည့် ဂျုံများတွင် အရည်အသွေးပြည့်မီရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌဆို

 402

ယွန်း (NP News) - မတ် ၂၆

ပြည်တွင်းမှ ထွက်ရှိသော ဂျုံများတွင် အရည်အသွေးပြည့်မီရန် လိုအပ်နေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသိပေးပြောဆိုထားသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် မတ်လ(၂၄)ရက်တွင် ကျင်းပခဲ့ သည့် ဆွေးနွေးပွဲ၌ အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်တွင်း၌ ဂျုံစိုက်ဧက(၁၃၂၅ဝဝ)ဧကရှိပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးစိုက်ပျိုးကာ ရှမ်းပြည်နယ်သည် ဒုတိယအများဆုံး စိုက်ပျိုးသော ပြည်နယ်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဂျုံနှင့်ပတ်သက်သည့် စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းအများစုသည် ပြည်ပမှတင်သွင်းသည့် ဂျုံများကိုသာ အများဆုံးသုံးနေခြင်းကြောင့် ပြည်တွင်း၌ ထွက်ရှိသည့်ဂျုံများ၏ အရည်အသွေးပိုင်းတွင် ပြည့်မီရန်လိုအပ်မှုများရှိနေကြောင်း နစကဥက္ကဋ္ဌကဆိုသည်။

ထို့ကြောင့် ဂျုံစိုက်ပျိုးထုတ်လုပ်မှုများကို ပြောင်းလဲမှုများဆောင်ရွက်ရန် လိုအပ်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

မိမိတို့ဒေသတွင် စိုက်ပျိုးထုတ်ကုန် လုံလောက်မှုမရှိပါက ပြင်ပမှဝယ်ယူသုံးစွဲရမည်ဖြစ်ပြီး ဒေသတွင်းလည်ပတ်သုံးစွဲငွေများလည်း လျော့နည်းသွားနိုင်ကြောင်း နစကဥက္ကဋ္ဌက ဆိုထားသည်။

ထို့ကြောင့် ဒေသအလိုက် မြေကို ကောင်းမွန်အောင်ပြုပြင်ခြင်းနှင့် ရေရရှိအောင် ဆောင်ရွက်ထားခြင်းဖြင့် စိုက်ပျိုးရေးထုတ်ကုန်များ ပို၍ထွက်ရှိအောင် ဆောင်ရွက်ရန်လိုအပ်‌ကြောင်း ၎င်းက တိုက်တွန်းပြောဆိုထားသည်။

လက်ရှိတွင် ပြည်သူများ‌အနေဖြင့် ဆန်ကို အဓိကထားစားသောက်နေပြီး စားသောက်မှုပုံစံကိုပြောင်းလဲကာ ဂျုံကို နေ့စဥ် တစ်နပ်နှုန်း ထည့်သွင်းစားသောက်ပါက ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်ရေးမှုကို အထောက်အကူပြုစေနိုင်ကြောင်း နစကဥက္ကဋ္ဌက အကြံပေးပြောဆိုခဲ့သည်။

zawgyi version
ျပည္တြင္းမွထြက္ရွိသည့္ ဂ်ဳံမ်ားတြင္ အရည္အေသြးျပည့္မီရန္လိုအပ္ေၾကာင္း နစကဥကၠ႒ဆို

ယြန္း (NP News) - မတ္ ၂၆

ျပည္တြင္းမွ ထြက္ရွိေသာ ဂ်ဳံမ်ားတြင္ အရည္အေသြးျပည့္မီရန္ လိုအပ္ေနေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အသိေပးေျပာဆိုထားသည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ၿပီးခဲ့သည့္ မတ္လ(၂၄)ရက္တြင္ က်င္းပခဲ့ သည့္ ေဆြးေႏြးပြဲ၌ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ျပည္တြင္း၌ ဂ်ဳံစိုက္ဧက(၁၃၂၅ဝဝ)ဧကရွိၿပီး စစ္ကိုင္းတိုင္းတြင္ အမ်ားဆုံးစိုက္ပ်ိဳးကာ ရွမ္းျပည္နယ္သည္ ဒုတိယအမ်ားဆုံး စိုက္ပ်ိဳးေသာ ျပည္နယ္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ဂ်ဳံႏွင့္ပတ္သက္သည့္ စားေသာက္ကုန္ထုတ္လုပ္သည့္ လုပ္ငန္းအမ်ားစုသည္ ျပည္ပမွတင္သြင္းသည့္ ဂ်ဳံမ်ားကိုသာ အမ်ားဆုံးသုံးေနျခင္းေၾကာင့္ ျပည္တြင္း၌ ထြက္ရွိသည့္ဂ်ဳံမ်ား၏ အရည္အေသြးပိုင္းတြင္ ျပည့္မီရန္လိုအပ္မႈမ်ားရွိေနေၾကာင္း နစကဥကၠ႒ကဆိုသည္။

ထို႔ေၾကာင့္ ဂ်ဳံစိုက္ပ်ိဳးထုတ္လုပ္မႈမ်ားကို ေျပာင္းလဲမႈမ်ားေဆာင္႐ြက္ရန္ လိုအပ္ေနေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။

မိမိတို႔ေဒသတြင္ စိုက္ပ်ိဳးထုတ္ကုန္ လုံေလာက္မႈမရွိပါက ျပင္ပမွဝယ္ယူသုံးစြဲရမည္ျဖစ္ၿပီး ေဒသတြင္းလည္ပတ္သုံးစြဲေငြမ်ားလည္း ေလ်ာ့နည္းသြားႏိုင္ေၾကာင္း နစကဥကၠ႒က ဆိုထားသည္။

ထို႔ေၾကာင့္ ေဒသအလိုက္ ေျမကို ေကာင္းမြန္ေအာင္ျပဳျပင္ျခင္းႏွင့္ ေရရရွိေအာင္ ေဆာင္႐ြက္ထားျခင္းျဖင့္ စိုက္ပ်ိဳးေရးထုတ္ကုန္မ်ား ပို၍ထြက္ရွိေအာင္ ေဆာင္႐ြက္ရန္လိုအပ္‌ေၾကာင္း ၎က တိုက္တြန္းေျပာဆိုထားသည္။

လက္ရွိတြင္ ျပည္သူမ်ား‌အေနျဖင့္ ဆန္ကို အဓိကထားစားေသာက္ေနၿပီး စားေသာက္မႈပုံစံကိုေျပာင္းလဲကာ ဂ်ဳံကို ေန႔စဥ္ တစ္နပ္ႏႈန္း ထည့္သြင္းစားေသာက္ပါက ကိုယ္ခႏၶာဖြံ႕ၿဖိဳးတိုးတက္ေရးမႈကို အေထာက္အကူျပဳေစႏိုင္ေၾကာင္း နစကဥကၠ႒က အႀကံေပးေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.