မြဝတီကုန်သွယ်ရေးဇုန်ကို ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သူအားလုံးကို ပြန်လည်ချေမှုန်းသွားမည်ဟု နစကပြောခွင့်ရဆို

2422

NP News - မတ် ၂၆
မြဝတီကုန်သွယ်ရေးဇုန်တွင် အမြန်ဆုံးတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်လျက်ရှိပြီး ပြည်သူ့အသက် အိုးအိမ်စည်းစိမ်များ၊ လမ်းပန်းဆက်သွယ်မှုလုံခြုံ ချောမွေ့စေရေးကို ထိခိုက်အောင်လုပ်ဆောင်ခဲ့သူ အားလုံးကို ပြတ်ပြတ်သားသား ပြန်လည်ချေမှုန်းသွားမည်ဖြစ်ကြောင်း နစက ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပြောကြားလိုက်သည်။
နစက ပြောခွင့်ရက ယနေ့ (မတ်လ ၂၆ ရက်)တွင် မြဝတီကုန်သွယ်ရေးဇုန် ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မီဒီယာများကို အထက်ပါကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ် မြဝတီမြို့ရှိ မြဝတီကုန်သွယ်ရေးဇုန်ကို ယမန်နေ့ (မတ်လ ၂၅ ရက်) နံနက် ၆ နာရီကျော်အချိန်တွင် KKO အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များက ပစ်ခတ်တိုက်ခိုက် မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့သည်။
“ဒီဖြစ်စဉ်က မိုက်မဲတဲ့လုပ်ရက်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ ကရင်ပြည်နယ်မှာရှိတဲ့ ကရင်ပြည်သူလူထုနဲ့ အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေ ပြီးရင် မှီခိုနေသူတွေရှိတာပေါ့။ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု ဒေသဖွံ့ဖြိုးတိုးတက်ဖို့ အဓိက မှီခိုနေတာသည် မြဝတီကုန်သွယ်ရေး စခန်းဖြစ်တယ်၊ မြဝတီ ကုန်သွယ်ရေးစခန်းသည် လုပ်ငန်းများစွာလည်း ဖန်တီးပေးနိုင်တယ်။ ဒေသဖွံ့ဖြိုးရေးအတွက်လည်း အဓိက ဆောင်ရွက်ပေးနေတဲ့နေရာဖြစ်တယ်။ ဒီနေရာကို တိုက်ခိုက်ခဲ့တာက ဆင်ခြင်မှုမဲ့တဲ့ လုပ်ရပ်၊ အကြမ်းဖက်လုပ်ရပ်၊ ဒေသခံတွေနဲ့ ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အနှောက်အယှက် ပေးတဲ့လုပ်ရပ်၊ မိုက်မဲတဲ့လုပ်ရပ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
အဆိုပါနေ့ နံနက် ၆ နာရီကျော်တွင် ကုန်သွယ်ရေးဇုန်၏ အနောက်ဘက် မီတာ ၂ဝဝ ခန့်မှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကုန်သွယ်ရေးဇုန်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ပြီး အကောက်ခွန် ဝန်ထမ်းတစ်ဦး ၊ အပြစ်မဲ့ပြည်သူ တစ်ဦးတို့လည်း သေဆုံးခဲ့ကြောင်း သိရသည်။
“သေဆုံးသူတွေကို အဆောက်အဦးထဲမှာပဲ မီးရှို့းထားတာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ လူသားမဆန်တဲ့လုပ်ရပ်တွေ ၊ စစ်ရာဇဝတ်မှုကို ကျူးလွန်တဲ့လုပ်ရပ် တွေလည်း တွေ့ရပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် မြဝတီမြို့၌ နယ်ခြားစောင့်တပ်များ ၊ တပ်မတော် နှင့် လုံခြုံရေးတပ်ဖွဲ့များက အခြေအနေကို ထိန်းသိမ်းနိုင်ပြီဖြစ်သည်။ အမှတ်(၁)တံတားကိုလည်း ပြန်လည်ဖွင့်ပေးထားပြီးဖြစ်သော်လည်း အသွားအလာ နည်းနေဆဲဖြစ်ကြောင်း သိရသည်။
မြဝတီကုန်သွယ်ရေးဇုန်သည် ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက တစ်နိုင်ငံလုံးရှိ နယ်စပ်ကုန် သွယ်ရေးဇုန်များထဲတွင် အဓိက စခန်းတစ်ခုဖြစ်သည်။ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလအထိကို ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၈၆ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ဝ၁ သန်းကျော် ကျော်ဖြင့် ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့သည့် နေရာဖြစ်သည်။
ထို့ပြင် ပို့ကုန်အားလုံး၏ (၁၂ ဒသမ ၇) ရာခိုင်နှုန်းခန့် တင်ပို့နေသည့်နေရာဖြစ်ပြီး အဓိကပို့ကုန်များသည် စိုက်ပျိုးရေးပို့ကုန်များဖြစ်သည့် မြေပဲ၊ ဆန် ၊ နှမ်း၊ ကြက်သွန်နီ၊ ရော်ဘာ၊ ပြောင်းတို့ဖြစ်ကြောင်း သိရသည်။
“အကြမ်းဖက်အဖွဲ့တွေအနေနဲ့ တိုက်ခိုက်ခဲ့တာသည် ဒေသဖွံ့ဖြိုးရေးအတွက်တင်မကဘူး တစ်နိုင်ငံလုံး ဥပမာ- ပြည်သူလူထုရဲ့ (၇ဝ)ရာခိုင်နှုန်းကျော်သည် မြို့ပေါ်မှာနေတာမဟုတ်ဘူး။ ရွာတွေမှာနေကြတယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိက ထားလုပ်တဲ့လူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ထွက်ကုန်တွေသည် အခုပြောတဲ့ မြဝတီ ကုန်သွယ်မှုဂိတ်ကနေအများဆုံး ပို့နေတဲ့ ထွက်ကုန်တွေဖြစ်ပါတယ်၊ ဒါလုပ်ဆောင်ခြင်းသည် သာမန်ပြည်သူလူထုရဲ့စားဝတ်နေရေး၊ သာမန်ပြည်သူလူထုရဲ့ ထမင်းအိုးကို ရိုက်ခွဲ တာနဲ့အတူတူပါပဲ”ဟု နစက ပြောခွင့်ရက ပြောသည်။
အလားတူ ယနေ့ (မတ်လ ၂၆ ရက်) နံနက် ၅ နာရီခွဲကျော်ကလည်း ကော့ကရိတ်မြို့တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် KKO အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဆောက်လုပ်ရေးရုံး၏ နောက်ဘက်သို့ လက်နက်ကြီးကျည်တစ်ခု ကျရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါပစ်ခတ်မှုကြောင့် အသက် (၁၄)နှစ်ရှိ အပြစ်မဲ့ပြည်သူ တစ်ယောက် သေဆုံးခဲ့ကြောင်း သိရသည်။

zawgyi version
ျမဝတီကုန္သြယ္ေရးဇုန္ကို ပစ္ခတ္တိုက္ခိုက္မႈ ျပဳလုပ္ခဲ့သူအားလုံးကို ပန္လည္ေခ်မႈန္းသြား မည္ဟု နစကေျပာခြင့္ရဆို
NP News - မတ္ ၂၆
ျမဝတီကုန္သြယ္ေရးဇုန္တြင္ အျမန္ဆုံးတည္ၿငိမ္ေအးခ်မ္းေရးကို ေဆာင္႐ြက္လ်က္ရွိၿပီး ျပည္သူ႔အသက္ အိုးအိမ္စည္းစိမ္မ်ား၊ လမ္းပန္းဆက္သြယ္မႈလုံၿခဳံ ေခ်ာေမြ႕ေစေရးကို ထိခိုက္ေအာင္လုပ္ေဆာင္ခဲ့သူ အားလုံးကို ျပတ္ျပတ္သားသား ျပန္လည္ေခ်မႈန္းသြားမည္ျဖစ္ေၾကာင္း နစက ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက တုံ႔ျပန္ေျပာၾကားလိုက္သည္။
နစက ေျပာခြင့္ရက ယေန႔ (မတ္လ ၂၆ ရက္)တြင္ ျမဝတီကုန္သြယ္ေရးဇုန္ ပစ္ခတ္တိုက္ခိုက္ခံရမႈျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး မီဒီယာမ်ားကို အထက္ပါကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္သည္။
ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ရွိ ျမဝတီကုန္သြယ္ေရးဇုန္ကို ယမန္ေန႔ (မတ္လ ၂၅ ရက္) နံနက္ ၆ နာရီေက်ာ္အခ်ိန္တြင္ KKO အဖြဲ႕ႏွင့္ PDF အၾကမ္းဖက္အဖြဲ႕မ်ားက ပစ္ခတ္တိုက္ခိုက္ မီးရႈိ႕ဖ်က္ဆီးမႈျပဳလုပ္ခဲ့သည္။
“ဒီျဖစ္စဥ္က မိုက္မဲတဲ့လုပ္ရက္လို႔ပဲ ကြၽန္ေတာ္ေျပာခ်င္ပါတယ္။ ကရင္ျပည္နယ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္၊ ကရင္ျပည္နယ္မွာရွိတဲ့ ကရင္ျပည္သူလူထုနဲ႔ အဲဒီေဒသမွာရွိတဲ့ ေဒသခံေတြ ၿပီးရင္ မွီခိုေနသူေတြရွိတာေပါ့။ စီးပြား ေရးဖြံ႕ၿဖိဳးတိုးတက္မႈ ေဒသဖြံ႕ၿဖိဳးတိုးတက္ဖို႔ အဓိက မွီခိုေနတာသည္ ျမဝတီကုန္သြယ္ေရး စခန္းျဖစ္တယ္၊ ျမဝတီ ကုန္သြယ္ေရးစခန္းသည္ လုပ္ငန္းမ်ားစြာလည္း ဖန္တီးေပးႏိုင္တယ္။ ေဒသဖြံ႕ၿဖိဳးေရးအတြက္လည္း အဓိက ေဆာင္႐ြက္ေပးေနတဲ့ေနရာျဖစ္တယ္။ ဒီေနရာကို တိုက္ခိုက္ခဲ့တာက ဆင္ျခင္မႈမဲ့တဲ့ လုပ္ရပ္၊ အၾကမ္းဖက္လုပ္ရပ္၊ ေဒသခံေတြနဲ႔ ျပည္နယ္ကို ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးကို အေႏွာက္အယွက္ ေပးတဲ့လုပ္ရပ္၊ မိုက္မဲတဲ့လုပ္ရပ္လို႔ပဲ ကြၽန္ေတာ္ေျပာခ်င္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။
အဆိုပါေန႔ နံနက္ ၆ နာရီေက်ာ္တြင္ ကုန္သြယ္ေရးဇုန္၏ အေနာက္ဘက္ မီတာ ၂ဝဝ ခန႔္မွ ပစ္ခတ္ တိုက္ခိုက္ခဲ့ရာ ကုန္သြယ္ေရးဇုန္ရွိ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ျပန္လည္ခုခံတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ အဆိုပါျဖစ္စဥ္အတြင္း ရဲတပ္ဖြဲ႕ဝင္ ၃ ဦးက်ဆုံးခဲ့ၿပီး အေကာက္ခြန္ ဝန္ထမ္းတစ္ဦး ၊ အျပစ္မဲ့ျပည္သူ တစ္ဦးတို႔လည္း ေသဆုံးခဲ့ေၾကာင္း သိရသည္။
“ေသဆုံးသူေတြကို အေဆာက္အဦးထဲမွာပဲ မီးရႈိ႕းထားတာကိုလည္း ကြၽန္ေတာ္တို႔ ေတြ႕ရပါတယ္။ လူသားမဆန္တဲ့လုပ္ရပ္ေတြ ၊ စစ္ရာဇဝတ္မႈကို က်ဴးလြန္တဲ့လုပ္ရပ္ ေတြလည္း ေတြ႕ရပါတယ္”ဟု ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ ျမဝတီၿမိဳ႕၌ နယ္ျခားေစာင့္တပ္မ်ား ၊ တပ္မေတာ္ ႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားက အေျခအေနကို ထိန္းသိမ္းႏိုင္ၿပီျဖစ္သည္။ အမွတ္(၁)တံတားကိုလည္း ျပန္လည္ဖြင့္ေပးထားၿပီးျဖစ္ေသာ္လည္း အသြားအလာ နည္းေနဆဲျဖစ္ေၾကာင္း သိရသည္။
ျမဝတီကုန္သြယ္ေရးဇုန္သည္ ကရင္ျပည္နယ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္သာမက တစ္ႏိုင္ငံလုံးရွိ နယ္စပ္ကုန္ သြယ္ေရးဇုန္မ်ားထဲတြင္ အဓိက စခန္းတစ္ခုျဖစ္သည္။ ၂ဝ၂၂-၂ဝ၂၃ ဘ႑ာေရးႏွစ္ ဧၿပီလမွ စက္တင္ဘာလအထိကို ပို႔ကုန္တန္ဖိုး အေမရိကန္ေဒၚလာ ၁၈၈၆ သန္း၊ သြင္းကုန္တန္ဖိုး အေမရိကန္ေဒၚလာ ၁၇ဝ၁ သန္းေက်ာ္ ေက်ာ္ျဖင့္ ကုန္သြယ္မႈျပဳလုပ္ႏိုင္ခဲ့သည့္ ေနရာျဖစ္သည္။
ထို႔ျပင္ ပို႔ကုန္အားလုံး၏ (၁၂ ဒသမ ၇) ရာခိုင္ႏႈန္းခန႔္ တင္ပို႔ေနသည့္ေနရာျဖစ္ၿပီး အဓိကပို႔ကုန္မ်ားသည္ စိုက္ပ်ိဳးေရးပို႔ကုန္မ်ားျဖစ္သည့္ ေျမပဲ၊ ဆန္ ၊ ႏွမ္း၊ ၾကက္သြန္နီ၊ ေရာ္ဘာ၊ ေျပာင္းတို႔ျဖစ္ေၾကာင္း သိရသည္။
“အၾကမ္းဖက္အဖြဲ႕ေတြအေနနဲ႔ တိုက္ခိုက္ခဲ့တာသည္ ေဒသဖြံ႕ၿဖိဳးေရးအတြက္တင္မကဘူး တစ္ႏိုင္ငံလုံး ဥပမာ- ျပည္သူလူထုရဲ႕ (၇ဝ)ရာခိုင္ႏႈန္းေက်ာ္သည္ ၿမိဳ႕ေပၚမွာေနတာမဟုတ္ဘူး။ ႐ြာေတြမွာေနၾကတယ္။ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းကို အဓိက ထားလုပ္တဲ့လူေတြ ျဖစ္ပါတယ္။ သူတို႔ရဲ႕ထြက္ကုန္ေတြသည္ အခုေျပာတဲ့ ျမဝတီ ကုန္သြယ္မႈဂိတ္ကေနအမ်ားဆုံး ပို႔ေနတဲ့ ထြက္ကုန္ေတြျဖစ္ပါတယ္၊ ဒါလုပ္ေဆာင္ျခင္းသည္ သာမန္ျပည္သူလူထုရဲ႕စားဝတ္ေနေရး၊ သာမန္ျပည္သူလူထုရဲ႕ ထမင္းအိုးကို ႐ိုက္ခြဲ တာနဲ႔အတူတူပါပဲ”ဟု နစက ေျပာခြင့္ရက ေျပာသည္။
အလားတူ ယေန႔ (မတ္လ ၂၆ ရက္) နံနက္ ၅ နာရီခြဲေက်ာ္ကလည္း ေကာ့ကရိတ္ၿမိဳ႕တြင္ PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕ႏွင့္ KKO အဖြဲ႕၏ ပစ္ခတ္မႈေၾကာင့္ ေဆာက္လုပ္ေရး႐ုံး၏ ေနာက္ဘက္သို႔ လက္နက္ႀကီးက်ည္တစ္ခု က်ေရာက္ခဲ့ေၾကာင္း သိရသည္။ အဆိုပါပစ္ခတ္မႈေၾကာင့္ အသက္ (၁၄)ႏွစ္ရွိ အျပစ္မဲ့ျပည္သူ တစ္ေယာက္ ေသဆုံးခဲ့ေၾကာင္း သိရသည္။