နိုင်ငံလုံခြုံရေးကိုစိုးရိမ်ရတဲ့အတွက် တရားရေးစနစ်ပြင်ဆင်ပြောင်းလဲမယ့်အစီအစဉ်တွေကို ရပ်နားထားဖို့ အစ္စရေးကာကွယ်ရေးဝန်ကြီးတိုက်တွန်းတောင်းဆို

 448

ဂျန်ဇက် (NP News) - မတ် ၂၆

အစ္စရေးအစိုးရအနေနဲ့ တရားရေးစနစ် ပြင်ဆင်ပြောင်းလဲမယ့်အစီအစဉ်များကို ရပ်တန့်ထားသင့်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

တရားရေးစနစ် ပြင်ဆင်ပြောင်းလဲမယ့် ကိစ္စနဲ့ပတ်သက်ပြီးဖြစ်ပွားလာတဲ့ အငြင်းပွားမှုတွေက နိုင်ငံလုံခြုံရေးအခြေအနေတွေကို အန္တရာယ်ဖြစ်အောင်လုပ်ဆောင်နေသလိုမျိုးဖြစ်နေကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ကပြောပါတယ်။ အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟုဟာ တရားရေးစနစ် ပြင်ဆင်ပြောင်းလဲဖို့ အရှိန်မြင့်ကြိုးပမ်းနေချိန်မှာ အစိုးရ အဖွဲ့ဝန်ကြီးတွေထဲကတစ်ဦးဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးက အခုလို ပထမဆုံးအကြိမ် သတိပေးလိုက်တာလည်းဖြစ်ပါတယ်။

အစ္စရေးအစိုးရရဲ့တရားရေးစနစ် ပြုပြင်ပြောင်းလဲမယ့်အစီအစဉ်ကို မကျေနပ်တဲ့အတွက်အစ္စရေးနိုင်ငံမှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပွားနေကြောင်းသိရပါတယ်။ ဆန္ဒပြသူတွေက အစ္စရေးအုပ်ချုပ်ရေးအဖွဲ့ဟာ တရားရေးဌာန တာဝန်ရှိသူများ၊ တရားသူကြီးများထက် လုပ် ပိုင်ခွင့် ပိုမိုရယူထားကြောင်းဝေဖန်ပြစ်တင်ထားပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီးက "ပိုမိုနက်ရှိုင်းလာတဲ့ အငြင်းပွားမှုတွေက စစ်တပ်နဲ့ လုံခြုံ ရေးအေဂျင်စီအဖွဲ့တွေထဲ စိမ့်ဝင်လာနေတယ်။ အစ္စရေးနိုင်ငံရဲ့လုံခြုံရေးအတွက် အန္တရာယ်တွေဖြစ်လာနိုင်တယ်။ လက်ရှိအချိန်မှာ တရားရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ဥပဒေပြုမယ့် အစီအစဉ်တွေကို ရပ်ဆိုင်းထားသင့်တယ်" လို့ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ်အချို့ကလည်း အစ္စရေးကာကွယ်ရေးဝန်ကြီးရဲ့ဝေဖန်ထောက်ပြမှုတွေကိုထောက်ခံကြောင်းပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ တရားရေးစနစ် ပြုပြင်ပြောင်းလဲမယ့်အစီအစဉ်များကို ဆက်လုပ်၊ မလုပ်ဆိုတဲ့အချက်ကို အတိအကျမသိသေးကြောင်း သိရပါတယ်။ အစ္စရေးအတိုက်ခံပါတီကတော့ အစ္စရေးကာကွယ်ရေးဝန်ကြီးရဲ့ပြောဆိုချက်တွေကို ချီးကျူးထားပြီး ရဲရင့်တဲ့ လုပ်ရပ်မျိုးဖြစ်ကြောင်း ပြောဆိုထားပါတယ်။

zawgyi version
ႏိုင္ငံလုံၿခဳံေရးကိုစိုးရိမ္ရတဲ့အတြက္ တရားေရးစနစ္ျပင္ဆင္ေျပာင္းလဲမယ့္အစီအစဥ္ေတြကို ရပ္နားထားဖို႔ အစၥေရးကာကြယ္ေရးဝန္ႀကီးတိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - မတ္ ၂၆

အစၥေရးအစိုးရအေနနဲ႔ တရားေရးစနစ္ ျပင္ဆင္ေျပာင္းလဲမယ့္အစီအစဥ္မ်ားကို ရပ္တန႔္ထားသင့္ေၾကာင္း အစၥေရးကာကြယ္ေရးဝန္ႀကီးဌာနက တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။

တရားေရးစနစ္ ျပင္ဆင္ေျပာင္းလဲမယ့္ ကိစၥနဲ႔ပတ္သက္ၿပီးျဖစ္ပြားလာတဲ့ အျငင္းပြားမႈေတြက ႏိုင္ငံလုံၿခဳံေရးအေျခအေနေတြကို အႏၲရာယ္ျဖစ္ေအာင္လုပ္ေဆာင္ေနသလိုမ်ိဳးျဖစ္ေနေၾကာင္း အစၥေရးကာကြယ္ေရးဝန္ႀကီး Yoav Gallant ကေျပာပါတယ္။ အစၥေရး ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ တရားေရးစနစ္ ျပင္ဆင္ေျပာင္းလဲဖို႔ အရွိန္ျမင့္ႀကိဳးပမ္းေနခ်ိန္မွာ အစိုးရ အဖြဲ႕ဝန္ႀကီးေတြထဲကတစ္ဦးျဖစ္တဲ့ ကာကြယ္ေရးဝန္ႀကီးက အခုလို ပထမဆုံးအႀကိမ္ သတိေပးလိုက္တာလည္းျဖစ္ပါတယ္။

အစၥေရးအစိုးရရဲ႕တရားေရးစနစ္ ျပဳျပင္ေျပာင္းလဲမယ့္အစီအစဥ္ကို မေက်နပ္တဲ့အတြက္အစၥေရးႏိုင္ငံမွာ ဆႏၵျပပြဲေတြ ဆက္တိုက္ျဖစ္ပြားေနေၾကာင္းသိရပါတယ္။ ဆႏၵျပသူေတြက အစၥေရးအုပ္ခ်ဳပ္ေရးအဖြဲ႕ဟာ တရားေရးဌာန တာဝန္ရွိသူမ်ား၊ တရားသူႀကီးမ်ားထက္ လုပ္ ပိုင္ခြင့္ ပိုမိုရယူထားေၾကာင္းေဝဖန္ျပစ္တင္ထားပါတယ္။

အစၥေရးကာကြယ္ေရးဝန္ႀကီးက "ပိုမိုနက္ရႈိင္းလာတဲ့ အျငင္းပြားမႈေတြက စစ္တပ္နဲ႔ လုံၿခဳံ ေရးေအဂ်င္စီအဖြဲ႕ေတြထဲ စိမ့္ဝင္လာေနတယ္။ အစၥေရးႏိုင္ငံရဲ႕လုံၿခဳံေရးအတြက္ အႏၲရာယ္ေတြျဖစ္လာႏိုင္တယ္။ လက္ရွိအခ်ိန္မွာ တရားေရးစနစ္ ျပဳျပင္ေျပာင္းလဲဖို႔ ဥပေဒျပဳမယ့္ အစီအစဥ္ေတြကို ရပ္ဆိုင္းထားသင့္တယ္" လို႔ေျပာပါတယ္။

လႊတ္ေတာ္ ကိုယ္စားလွယ္အခ်ိဳ႕ကလည္း အစၥေရးကာကြယ္ေရးဝန္ႀကီးရဲ႕ေဝဖန္ေထာက္ျပမႈေတြကိုေထာက္ခံေၾကာင္းေျပာဆိုထားပါတယ္။ ဒါေပမယ့္လည္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ တရားေရးစနစ္ ျပဳျပင္ေျပာင္းလဲမယ့္အစီအစဥ္မ်ားကို ဆက္လုပ္၊ မလုပ္ဆိုတဲ့အခ်က္ကို အတိအက်မသိေသးေၾကာင္း သိရပါတယ္။ အစၥေရးအတိုက္ခံပါတီကေတာ့ အစၥေရးကာကြယ္ေရးဝန္ႀကီးရဲ႕ေျပာဆိုခ်က္ေတြကို ခ်ီးက်ဴးထားၿပီး ရဲရင့္တဲ့ လုပ္ရပ္မ်ိဳးျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။

Picture

Chin lay, Zaw

26/03/2023 17:13

NPNew tube page လေးလင်းပါလားဗျာ

Picture

Chin lay, Zaw

26/03/2023 17:14

page ရှာမတွေ့လို့ပါ

Related news

© 2021. All rights reserved.