ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးကို ရပ်ဆိုင်းပြီး တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး တည်ဆောက်မည်ဟု ဟွန်ဒူးရပ်စ်အစိုးရ ပြော

 600

Pika (NP News) - မတ် ၂၆

ဟွန်ဒူးရပ်စ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် တရားဝင်သံတမန်ဆက်ဆံရေးတည်ဆောက်ရန် ကြိုးပမ်းနေခြင်းကြောင့် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးကို ရပ်ဆိုင်းခဲ့ကြောင်း မတ်လ(၂၆)ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ဟွန်ဒူးရပ်စ်သည် ထိုင်ဝမ် နှင့် ဆယ်စုနှစ်များစွာကြာပြီဖြစ်သော သံတမန်ဆက်ဆံရေးရှိခဲ့သော်လည်း တရုတ်နှင့် သံတမန်ဆက်ဆံရန် ထိုင်ဝမ်နှင့်ဆက်ဆံရေးကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဂျိုးဆက်ဝူ သည် တိုင်ပေမြို့မှာ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဟွန်ဒူးရပ်စ် နိုင်ငံနှင့် ဆက်ဆံရေးဖြတ်တောက်ကြောင်း အတည်ပြုခဲ့ပြီး ဟွန်ဒူးရပ်စ်ရှိ ထိုင်ဝမ်သံရုံးကိုပိတ်ကာ သံအမတ်ကို ပြန်လည်ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟွန်ဒူးရပ်စ်နိုင်ငံခြားရေးဝန်ကြီးဌာန က "ဟွန်ဒူးရပ်စ် အစိုးရဟာ တရုတ်တစ်နိုင်ငံတည်း မူဝါဒ (One China policy) ကို အသိအမှတ်ပြုပါတယ်။ တရုတ်အစိုးရဟာ တရုတ်တစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသော တရားဝင်အစိုးရ ဖြစ်ပါတယ်။ ထိုင်ဝမ်ဟာ တရုတ် ပိုင်နက်ကနေ ခွဲထွက်လို့မရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်" ဟု တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် ထိုင်ဝမ်နိုင်ငံခြားရေးဌာနသည် ဌာနတွင်းရှိ ဟွန်ဒူးရပ်စ်အလံကို ဖယ်ရှားခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောကြားခဲ့သည်။ ဟွန်ဒူးရပ်စ်နိုင်ငံသည် ထိုင်ဝမ်ကို တရားဝင်အသိအမှတ်ပြုသည့် နိုင်ငံ (၁၄) နိုင်ငံထဲ တွင် ပါဝင်သော်လည်း လက်ရှိအချိန်တွင် အသိအမှတ်ပြုမည် မဟုတ်တော့ကြောင်း သိရသည်။

ထိုင်ဝမ်ကို အသိအမှတ်ပြုသောနိုင်ငံများနှင့် တရားဝင်ဆက်ဆံရေး တည်ဆောက်မည်မဟုတ်ကြောင်း တရုတ်ဖက် က ပြောဆိုထားသော်လည်း ဟွန်ဒူးရပ်စ်သမ္မတက တရုတ်နှင့် သံတမန်ဆက်ဆံရေး တရားဝင် တည်ဆောက်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း မကြာသေးမီက ပြောဆိုခဲ့သည်။

ဟွန်ဒူးရပ်စ်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးတည်ဆောက်ရန် ကြိုးပမ်းနိုင်ရန် အတွက် ယခုသီတင်းပတ်တွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။ ထိုင်ဝမ်နှင့် ဆက်ဆံရေးဖြတ် တောက်မည့် ဟွန်ဒူးရပ်စ်၏ ဆုံးဖြတ်ချက်ကို တိုင်ပေရှိ အမေရိကန်သံရုံးက သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ထိုင္ဝမ္ႏွင့္ သံတမန္ဆက္ဆံေရးကို ရပ္ဆိုင္းၿပီး တ႐ုတ္ႏိုင္ငံႏွင့္ သံတမန္ဆက္ဆံေရး တည္ေဆာက္မည္ဟု ဟြန္ဒူးရပ္စ္အစိုးရ ေျပာ
Pika (NP News) - မတ္ ၂၆

ဟြန္ဒူးရပ္စ္ႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံႏွင့္ တရားဝင္သံတမန္ဆက္ဆံေရးတည္ေဆာက္ရန္ ႀကိဳးပမ္းေနျခင္းေၾကာင့္ ထိုင္ဝမ္ႏွင့္ သံတမန္ဆက္ဆံေရးကို ရပ္ဆိုင္းခဲ့ေၾကာင္း မတ္လ(၂၆)ရက္တြင္ အတည္ျပဳေျပာၾကားခဲ့သည္။

ဟြန္ဒူးရပ္စ္သည္ ထိုင္ဝမ္ ႏွင့္ ဆယ္စုႏွစ္မ်ားစြာၾကာၿပီျဖစ္ေသာ သံတမန္ဆက္ဆံေရးရွိခဲ့ေသာ္လည္း တ႐ုတ္ႏွင့္ သံတမန္ဆက္ဆံရန္ ထိုင္ဝမ္ႏွင့္ဆက္ဆံေရးကို ရပ္ဆိုင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီးဂ်ိဳးဆက္ဝူ သည္ တိုင္ေပၿမိဳ႕မွာ က်င္းပေသာ သတင္းစာရွင္းလင္းပြဲတြင္ ဟြန္ဒူးရပ္စ္ ႏိုင္ငံႏွင့္ ဆက္ဆံေရးျဖတ္ေတာက္ေၾကာင္း အတည္ျပဳခဲ့ၿပီး ဟြန္ဒူးရပ္စ္ရွိ ထိုင္ဝမ္သံ႐ုံးကိုပိတ္ကာ သံအမတ္ကို ျပန္လည္႐ုတ္သိမ္းသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ဟြန္ဒူးရပ္စ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန က "ဟြန္ဒူးရပ္စ္ အစိုးရဟာ တ႐ုတ္တစ္ႏိုင္ငံတည္း မူဝါဒ (One China policy) ကို အသိအမွတ္ျပဳပါတယ္။ တ႐ုတ္အစိုးရဟာ တ႐ုတ္တစ္ႏိုင္ငံလုံးကို ကိုယ္စားျပဳတဲ့ တစ္ခုတည္းေသာ တရားဝင္အစိုးရ ျဖစ္ပါတယ္။ ထိုင္ဝမ္ဟာ တ႐ုတ္ ပိုင္နက္ကေန ခြဲထြက္လို႔မရတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္" ဟု တြစ္တာေပၚတြင္ ေရးသားေဖာ္ျပခဲ့သည္။

ထို႔အျပင္ ထိုင္ဝမ္ႏိုင္ငံျခားေရးဌာနသည္ ဌာနတြင္းရွိ ဟြန္ဒူးရပ္စ္အလံကို ဖယ္ရွားခဲ့ေၾကာင္း မ်က္ျမင္သက္ေသ တစ္ဦးက ေျပာၾကားခဲ့သည္။ ဟြန္ဒူးရပ္စ္ႏိုင္ငံသည္ ထိုင္ဝမ္ကို တရားဝင္အသိအမွတ္ျပဳသည့္ ႏိုင္ငံ (၁၄) ႏိုင္ငံထဲ တြင္ ပါဝင္ေသာ္လည္း လက္ရွိအခ်ိန္တြင္ အသိအမွတ္ျပဳမည္ မဟုတ္ေတာ့ေၾကာင္း သိရသည္။

ထိုင္ဝမ္ကို အသိအမွတ္ျပဳေသာႏိုင္ငံမ်ားႏွင့္ တရားဝင္ဆက္ဆံေရး တည္ေဆာက္မည္မဟုတ္ေၾကာင္း တ႐ုတ္ဖက္ က ေျပာဆိုထားေသာ္လည္း ဟြန္ဒူးရပ္စ္သမၼတက တ႐ုတ္ႏွင့္ သံတမန္ဆက္ဆံေရး တရားဝင္ တည္ေဆာက္ရန္ ႀကိဳးပမ္းမည္ျဖစ္ေၾကာင္း မၾကာေသးမီက ေျပာဆိုခဲ့သည္။

ဟြန္ဒူးရပ္စ္ႏိုင္ငံျခားေရးဝန္ႀကီးသည္ တ႐ုတ္ႏိုင္ငံႏွင့္ သံတမန္ဆက္ဆံေရးတည္ေဆာက္ရန္ ႀကိဳးပမ္းႏိုင္ရန္ အတြက္ ယခုသီတင္းပတ္တြင္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ခဲ့ေၾကာင္း သိရသည္။ ထိုင္ဝမ္ႏွင့္ ဆက္ဆံေရးျဖတ္ ေတာက္မည့္ ဟြန္ဒူးရပ္စ္၏ ဆုံးျဖတ္ခ်က္ကို တိုင္ေပရွိ အေမရိကန္သံ႐ုံးက သတိေပးခ်က္မ်ား ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.