Nord Stream ဓါတ်ငွေ့ပိုက်လိုင်းများကို ဖောက်ခွဲရန် အမေရိကန်ထောက်လှမ်းရေးများ ကြိုးကိုင်ခြယ်လှယ်ခဲ့ဟု ရုရှားသမ္မတ ပြော

 1091

Pika (NP News) - မတ် ၂၆

ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သော Nord Stream ဓါတ်ငွေ့ပိုက်လိုင်းများ ဖောက်ခွဲခံရမှုနောက်ကွယ် က အဓိက ကြိုးကိုင်ချယ်လှယ်ခဲ့သူမှာ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများဖြစ်ရန် အလားအလာများ ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့အပြင် အမေရိကန်သည် Nord Stream ဓါတ်ငွေ့ပိုက်လိုင်းများ ဖောက်ခွဲခံရမှုတွင် ပါဝင်ပတ်သက်မှုကို ဖုံးကွယ် ရန် ကြိုးပမ်းနေသည်ဆိုသည့် ပူလစ်ဇာဆုရဂျာနယ်လစ် Seymour Hersh ၏ ပြောဆိုချက်များကိုလည်း သဘောတူကြောင်း ပူတင်က ထပ်မံပြောဆိုခဲ့သည်။ Nord Stream ဓါတ်ငွေ့ပိုက်လိုင်းများ ဖောက်ခွဲခံရမှုနှင့် ပတ်သက်ပြီး အမှန်တရားတစ်ခုလုံးကို ပေါ်လွင်စေရန် အလွန်ခက်ခဲကြောင်း ပူတင်က မှတ်ချက်ပြု ပြောဆိုခဲ့ သည်။

သို့သော်လည်း ဓါတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခံရမှုနှင့်ပတ်သက်ပြီး မည်သူက လုပ်ဆောင်ခဲ့သည်ဆိုသည့်အချက်နှင့် ဘယ်လိုလုပ်ဆောင်ခဲ့သည်ဆိုသည့် အချက်များမှာ နောက်ဆုံးတွင် ပေါ်လာလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ ပူတင် က "ဒီဖောက်ခွဲခံရမှုကို အမေရိကန်ထောက်လှမ်းရေးတွေက ကြိုးကိုင်ထားတယ်ဆိုတဲ့ Seymour Hersh ရဲ့ပြောဆိုချက်တွေကို ကျွန်တော်အပြည့်အဝ သဘောတူပါတယ်" ဟု ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက Nord Stream 1 နှင့် 2 ဓါတ်ငွေ့ပိုက်လိုင်းတို့ ဖောက်ခွဲခံရမှုနှင့်ပတ်သက်ပြီး Seymour Hersh သည် ဖေဖော်ဝါရီလတွင် အစီရင်ခံစာတစ်ခုကို ထုတ်ပြန်ခဲ့ပြီး တိုက်ခိုက်မှုကို အမေရိကန်က ကြိုးကိုင်ထားခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ ပိုက်လိုင်းများ ဖောက်ခွဲခံရမှုနှင့်ပတ်သက်ပြီး အမေရိကန်က ၎င်းတွင် တာဝန်မရှိကြောင်း ပြောဆိုခဲ့သလို အနောက်တိုင်းမီဒီယာအချို့ကလည်း ဖောက်ခွဲမှုတရားခံများသည် ယူကရိန်း လိုလားသောအုပ်စုများ နှင့် ဆက်နွယ်မှုရှိသည်ဟု ဖော်ပြခဲ့ကြောင်းသိရသည်။

စီအိုင်အေသည် Nord Stream 2 ပိုက်လိုင်းဖောက်ခွဲခံရမှုနှင့်ပတ်သက်ပြီး အမေရိကန်နှင့် ဂျာမနီတို့၏ မီဒီယာများ ကို သတင်းအမှားများပေးခဲ့ကြောင်း Seymour Hersh ထပ်မံ ပြောဆိုခဲ့သည်။

Zawgyi Version;
Nord Stream ဓါတ္ေငြ႕ပိုက္လိုင္းမ်ားကို ေဖာက္ခြဲရန္ အေမရိကန္ေထာက္လွမ္းေရးမ်ား ႀကိဳးကိုင္ျခယ္လွယ္ခဲ့ဟု ႐ုရွားသမၼတ ေျပာ
Pika (NP News) - မတ္ ၂၆

ၿပီးခဲ့သည့္ႏွစ္ စက္တင္ဘာလတြင္ျဖစ္ပြားခဲ့ေသာ Nord Stream ဓါတ္ေငြ႕ပိုက္လိုင္းမ်ား ေဖာက္ခြဲခံရမႈေနာက္ကြယ္ က အဓိက ႀကိဳးကိုင္ခ်ယ္လွယ္ခဲ့သူမွာ အေမရိကန္ေထာက္လွမ္းေရးေအဂ်င္စီမ်ားျဖစ္ရန္ အလားအလာမ်ား ေၾကာင္း ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ထို႔အျပင္ အေမရိကန္သည္ Nord Stream ဓါတ္ေငြ႕ပိုက္လိုင္းမ်ား ေဖာက္ခြဲခံရမႈတြင္ ပါဝင္ပတ္သက္မႈကို ဖုံးကြယ္ ရန္ ႀကိဳးပမ္းေနသည္ဆိုသည့္ ပူလစ္ဇာဆုရဂ်ာနယ္လစ္ Seymour Hersh ၏ ေျပာဆိုခ်က္မ်ားကိုလည္း သေဘာတူေၾကာင္း ပူတင္က ထပ္မံေျပာဆိုခဲ့သည္။ Nord Stream ဓါတ္ေငြ႕ပိုက္လိုင္းမ်ား ေဖာက္ခြဲခံရမႈႏွင့္ ပတ္သက္ၿပီး အမွန္တရားတစ္ခုလုံးကို ေပၚလြင္ေစရန္ အလြန္ခက္ခဲေၾကာင္း ပူတင္က မွတ္ခ်က္ျပဳ ေျပာဆိုခဲ့ သည္။

သို႔ေသာ္လည္း ဓါတ္ေငြ႕ပိုက္လိုင္း ေဖာက္ခြဲခံရမႈႏွင့္ပတ္သက္ၿပီး မည္သူက လုပ္ေဆာင္ခဲ့သည္ဆိုသည့္အခ်က္ႏွင့္ ဘယ္လိုလုပ္ေဆာင္ခဲ့သည္ဆိုသည့္ အခ်က္မ်ားမွာ ေနာက္ဆုံးတြင္ ေပၚလာလိမ့္မည္ျဖစ္ေၾကာင္း ၎က ေျပာဆိုခဲ့သည္။ ပူတင္ က "ဒီေဖာက္ခြဲခံရမႈကို အေမရိကန္ေထာက္လွမ္းေရးေတြက ႀကိဳးကိုင္ထားတယ္ဆိုတဲ့ Seymour Hersh ရဲ႕ေျပာဆိုခ်က္ေတြကို ကြၽန္ေတာ္အျပည့္အဝ သေဘာတူပါတယ္" ဟု ေျပာဆိုခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္ စက္တင္ဘာလက Nord Stream 1 ႏွင့္ 2 ဓါတ္ေငြ႕ပိုက္လိုင္းတို႔ ေဖာက္ခြဲခံရမႈႏွင့္ပတ္သက္ၿပီး Seymour Hersh သည္ ေဖေဖာ္ဝါရီလတြင္ အစီရင္ခံစာတစ္ခုကို ထုတ္ျပန္ခဲ့ၿပီး တိုက္ခိုက္မႈကို အေမရိကန္က ႀကိဳးကိုင္ထားျခင္းျဖစ္ေၾကာင္း စြပ္စြဲေျပာဆိုခဲ့သည္။ ပိုက္လိုင္းမ်ား ေဖာက္ခြဲခံရမႈႏွင့္ပတ္သက္ၿပီး အေမရိကန္က ၎တြင္ တာဝန္မရွိေၾကာင္း ေျပာဆိုခဲ့သလို အေနာက္တိုင္းမီဒီယာအခ်ိဳ႕ကလည္း ေဖာက္ခြဲမႈတရားခံမ်ားသည္ ယူကရိန္း လိုလားေသာအုပ္စုမ်ား ႏွင့္ ဆက္ႏြယ္မႈရွိသည္ဟု ေဖာ္ျပခဲ့ေၾကာင္းသိရသည္။

စီအိုင္ေအသည္ Nord Stream 2 ပိုက္လိုင္းေဖာက္ခြဲခံရမႈႏွင့္ပတ္သက္ၿပီး အေမရိကန္ႏွင့္ ဂ်ာမနီတို႔၏ မီဒီယာမ်ား ကို သတင္းအမွားမ်ားေပးခဲ့ေၾကာင္း Seymour Hersh ထပ္မံ ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.